|9|

3K 561 5
                                    

[Unicode]

ဝူယွဲ့က အလယ်တန်းတုန်းကအပေါင်းအသင်းတွေကိုပါ ဖိတ်ခေါ်ထားခဲ့တယ်။
နေရာကတော့ အသက်မွေးဝမ်းကြောင်းပညာရပ် ကျောင်းပြင်ဘက်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ။
စားသောက်သူအရေအတွက်ပိုများလှတယ်။

စားသောက်နေရင်းမှာပဲ၊ တစ်စုံတစ်ယောက်က ယန်ထန်ကိုအော်မေးလာတယ်
"ထန်ကော၊ နောက်ဆုံးအကြိမ်တုန်းက လီဝမ်ယုဆီမှာခံလိုက်ရတယ်ဆို?"

ယန်ထန်ဟာ ပန်းကန်ဝိုင်းထဲကမြေပဲလှော်ကို ဝါးနေခဲ့တာ။
နှုတ်ခမ်းထောင့်ရှိဒဏ်ရာတွေက တော်တော်ကျက်သွားပြီဆိုပေမဲ့လည်း၊ ထင်ရှားလွန်းလှတဲ့ အနာကပ်ပလာစတာတော့ကပ်ထားရတုန်းပဲ။

အထက်တန်းတက်ကတည်းက ယန်ထန်နဲ့သိပ်မတွေ့ရတော့ဘူး။
စကားမပြောတဲ့ယန်ထန်ကိုမြင်ချိန်မှာ မေးတဲ့လူကဆက်ပြောလာတယ်
"လီဝမ်ယုကိုအရမ်းစိတ်ထဲမထားပါနဲ့၊ မင်းတို့နှစ်ယောက်က အလယ်တန်းတောက်လျောက်ရန်ဖြစ်လာခဲ့တာ။ အခုထိလည်းရန်ဖြစ်နေကျတုန်းပဲ"

ဖက်တီးမျက်နှာကသိပ်မကောင်းတော့ဘူး။
ဝူယွဲ့ကတော့ သူ့ကောင်မလေးခါးကိုသာပွေ့ဖက်ထားပြီး၊ စကားလုံးဝဝင်မပြောပေ။

"ထန်ကော၊ ဘာလို့ဘာမှမပြောတာလဲ?"

ယန်ထန်က မြေပဲလှော်တွေကိုစားလို့ကုန်သွားတယ်။
တူကိုဘေးချကာ ထိုလူဆီလျှောက်သွားလိုက်တယ်။
ယန်ထန့်လှုပ်ရှားမှုတွေကို ဘယ်သူမှမမြင်လိုက်ပေမဲ့၊ ထိုလူဟာနာကျင်စွာအော်ဟစ်လာတယ်။

ထိုလူက ပူပူနွေးနွေးဟင်းခွက်ကိုရှေ့ချထားခဲ့တာ၊ အခုတော့ သူ့ခေါင်းတစ်ခုလုံးဆီတွေရွှဲလို့။

ယန်ထန့်ဒေါသတွေက မပြေပျောက်နိုင်သေးဘူး၊ ဝူယွဲ့ကော်လာစကိုဆွဲမလိုက်ပြီး လက်သီးရွယ်လာတယ်။

"ထန်ကော၊ မင်းရူးသွားပြီလား?"

"မင်းနဲ့လာထိုင်နေတာကမှ ငါရူးနေလို့! ဒီနေ့ မင်းဘာလာလုပ်တယ်ထင်နေလို့လဲ? မင်းနေရာမင်းသိ!"

"ထန်ကော...မင်း..."

"ငါကဘာလဲ? လီဝမ်ယုကပြောတယ်မလား ငါ့ကို ဒီနေ့ခေါ်ထုတ်လာနိုင်ပြီး သူဒေါသဖြေနိုင်မယ်ဆို မင်းကိုလွှတ်ပေးမယ်လို့!"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now