Chapter - 43

8.2K 1.7K 174
                                    

စမ်းသပ်စစ်ဆေးမှုတွေနဲ့ ဆင်းရဲဒုက္ခတို့ အဆုံးမှာတော့ သူပိုးပန်းနေခဲ့တဲ့ကောင်လေးကို သူအမိဖမ်းနိုင်ခဲ့ပါတယ်။

ပထမတော့ ကျန့်ယောင်မှာ စိတ်ကူးလေးတွေရှိခဲ့တယ်။ တစ်ခုံတည်းထိုင်တဲ့ ထိုင်ခုံဖော်တွေလည်းဖြစ် တစ်ဆောင်တည်းမှာလည်းနေတော့ သူတို့လုပ်ချင်တာ လုပ်လို့လွယ်ကူတယ်။ စာသင်ခန်းထဲမှာ လက်လေးကိုင်တာတို့၊ ညနေပိုင်းအတန်းပြီးတဲ့အခါ သစ်ပင်တန်းလေးဆီသွားတာတို့၊ ပြီးလို့ အဆောင်ပြန်ရောက်တဲ့အခါလည်း ညနက်တဲ့ထိစကားတွေ တသီကြီးပြောကြမယ်တို့။ ပြီးရင်တော့ ကောင်စုတ်လေးက သူ့ကိုညပေးအိပ်တာပဲဖြစ်ဖြစ်ပေါ့....သူတို့ခံစားချက်တွေ အမြန်ဆုံး လေးနက်ခိုင်မြဲလာအောင်လို့။

ဒါပေမယ့်လည်း ဒီအပတ်ဟာ စာသင်နှစ်ရဲ့နောက်ဆုံးသောအပတ် စာမေးပွဲဖြေမယ့် အပတ်ဖြစ်ကြောင်းကိုတော့ သူမေ့လို့နေပါတယ်။

ထိုမနက်ပိုင်းတွေမှာတော့ သူတို့အနေနဲ့ စာသင်ခန်းထဲသွားဖို့မလိုတော့ပေ။ စာမေးပွဲခန်းသို့ တန်းဝင်ရုံသာဖြစ်သည်။

နှစ်ဝက်စာမေးပွဲတုန်းကတော့ သူတို့နှစ်ယောက်အဆင့်တူလောက်ဖြစ်ပြီး အမှတ်အနေနဲ့လည်း အရမ်းကြီးမကွာခြားပေ။ ဒီတစ်ခေါက်တွင်တော့ ကံမကောင်းအကြောင်းမလှစွာ အခန်းနှစ်ခန်းကွဲသွားရသည်။ ကျန့်ယောင်ကတော့ စာမေးပွဲတစ်ဘာသာဖြေပြီးတိုင်း အခန်းဆီပြန်ပြန်လာပေမယ့် ထိုင်ခုံဖော်လေးရဲ့အရိပ်ယောင်ကိုတော့ တစ်စွန်းတစ်စမျှ မမြင်ရသေးပေ။

ညနေပိုင်း self-studyချိန်မှာတော့ သူတို့တွေ့ရသည်၊ ဒါပေမယ့် သူ့မျက်ဝန်းထဲက မသမာတဲ့အရိပ်ယောင်တွေ မြင်ပြီးတဲ့နောက် ရင်းချဲယ်က သူနဲ့အတူသစ်ပင်တန်းဆီ သွားချင်တဲ့ဆန္ဒမရှိတော့ပေ။
“အဲ့ကိုသွားပြီး မင်းက ဘာလုပ်မှာလဲ?”

“ဘာလုပ်ရမှာလဲ လက်ကိုင်မယ် လမ်းလျှောက်မယ်ပေါ့...”

“လက်မကိုင်ပါဘူး”

ဒီလိုရင်းနှီးနေတဲ့ ငြင်းဆန်မှုမျိုး၊ ဒီလိုကျွမ်းဝင်နေရတဲ့ အေးစက်မှုမျိုး

ရင်းချဲယ်ဟာ လက်တွဲဖို့အတွက်ကို ပြတ်ပြတ်သားသားငြင်းဆန်လို့ တစ်ညလုံးလည်း သူ့တစ်ယောက်တည်းပစ်ထားလေတယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now