Chapter(14)

26.1K 3.8K 145
                                    

လော်ရှို့ ရုတ်တရက်မျက်လုံးဖွင့်ပြီးပြတင်းပေါက်နံရံတွေကိုဘက်လှည့်ကြည့်လိုက်တဲ့အခါ ကြည်လင်နေတဲ့ကောင်းကင်ကြီးကိုမြင်လိုက်ရတယ်။သူ တကယ်ခေါင်းကိုက်နေခဲ့ပေမယ့် မိုးလင်းတဲ့အထိတချိုးတည်း အိပ်ပျော်သွားခဲ့တယ်။စားပွဲပေါ်ကအမွှေးနံ့သာထွန်းတဲ့အိုးလေးကို မယုံနိုင်လောက်အောင် အံ့သြနေပုံနဲ့ ငေးကြည့်လိုက်တယ်။

လက်ရှိမှာ ခေါင်းကိုက်တာအရှင်းမပျောက်သွားပေမယ့် မနေ့ညတုန်းကလောက်တော့ မနာကျင်တော့ဘူးလို့ ခံစားရတယ်။

သူ့မျက်နှာချင်းဆိုင်က ဆိုဖာပေါ်မှာခွေခွေလေးအိပ်ပျော်နေတဲ့ မုန့်ရန် ကိုလော်ရှို့ တစ်ယောက် ဆိုဖာဘေးနားမှာထိုင်ချလိုက်ပြီးငေးကြည့်လိုက်တယ်။မုန့်ရန် ကိုစတွေ့ကတည်းကနေ အခုချိန်ထိ သူ့မှာ မေးခွန်းတွေအများကြီးမေးစရာရှိနေတယ်။"အမှန်တရား"ဆိုတာကို သိရဖို့ လော်ရှို့ အလျင်မလိုခဲ့ဘူး။ဒါတွေက တိုက်ဆိုင်မှုတွေလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်လေ.........

မုန့်ရန် ကို ဆိုဖာပေါ်ကနေ အိပ်ယာပေါ်ရွေ့ပေးဖို့ လော်ရှို့ ကြိုးစားလိုက်တယ်။မုန့်ရန် ကိုပွေ့ချီထားတုန်းမှာပဲ မုန့်ရန် နိုးသွားခဲ့တယ်။

"မိုးလင်းနေပြီလား?"

အိပ်ချင်မူးတူးနဲ့ မုန့်ရန် ကမေးလိုက်တယ်။

"အင်း၊ မနက်ခင်းရောက်နေပြီ "

လော်ရှို့ က မုန့်ရန် ကိုကုတင်ပေါ်တင်လိုက်ပြီးထပ်မေးတယ်။

"မင်းအိပ်ချင်နေသေးလား?"

"မအိပ်တော့ဘူး"

မုန့်ရန် ထထိုင်လိုက်ပြီးသူ့မျက်လုံးတွေကိုလက်ဖဝါးနဲ့ပွတ်လိုက်တယ်။ သူက လော်ရှို့ ကိုမေးပြန်တယ်။

"မနေ့ညက ခင်ဗျားအိပ်ပျော်ရဲ့လား?"

"... အိပ်ပျော်တယ်" လို့လော်ရှို့ ကပြန်ဖြေတယ်။

“ ဟုတ်လား?ဒီဆေးပင်တွေက ခင်ဗျားအပေါ်အာနိသင်ပြတယ်ဆိုတော့ ကောင်းတာပေါ့၊ကျွန်တော်လဲတစ်ခါတစ်လေ အိပ်မပျော်တဲ့အချိန်တွေရှိတယ်။အဲ့တာကြောင့် ဒီနံ့သာကို ကျွန်တော်၊ကိုယ့်ဘာသာကိုယ်ဖော်စပ်ထားတာ။နောက်ဆို ကျွန်တော်တို့အတူသုံးလို့ရတာပေါ့။ခင်ဗျားခန္ဓာကိုယ်ကနေ ထူးဆန်းတဲ့ အနံ့တစ်ခုရနေတယ်။အိပ်မပျော်တာအပြင် ခင်ဗျားခန္ဓာကိုယ်ထဲမှာတခြားအဆင်မပြေတဲ့အရာတွေရှိနေသေးတယ်။ဟုတ်တယ်မလား?"

"ငါ့မှာတခြားအနံ့တစ်ခုခုရှိနေတာလား?"

လော်ရှို့ က မုန့်ရန် ကိုအံ့သြတကြီးနဲ့ကြည့်လိုက်တယ်။

“ ဟုတ်တယ်၊ မနေ့ညက ခင်ဗျားဆိုဖာပေါ်မှာထိုင်နေတုန်းကခင်ဗျားရဲ့ခန္ဓာကိုယ်ကမသက်မသာဖြစ်နေတယ်မလား?အဲ့တုန်းက ကျွန်တော် ခင်ဗျားကိုယ်ပေါ်ကနေ အဲ့အနံ့ကို ရခဲ့တာ"

မုန့်ရန် က နှာခေါင်းကိုလက်ညိုးထိုးပြပြီး ဆက်ရှင်းပြတယ်။

"ကျွန်တော့်မှာသာမာန်လူတွေမှာမရှိနိုင်တဲ့ သာလွန်ကောင်းမွန်တဲ့အနံ့ခံအာရုံရှိတယ်လေ။ဒါကြောင့် သူများတွေအာရုံခံလို့မရတဲ့ အနံ့တွေကို ကျွန်တော် အာရုံခံနိုင်တယ်"

မုန့်ရန် ပြောတာတွေကို လော်ရှို့တိတ်ဆိတ်စွာစဉ်းစားနေခဲ့တယ်။သူသိထားတဲ့ ရှေးဟောင်းဆေးပညာအယူအဆတွေမှာ သမားတော်တွေက ရောဂါရှာဖို့ လူနာကို ကြည့်ရှုတာ၊နှလုံးခုန်သံနားထောင်တာ၊ဒဏ်ရာကို ခွဲထုတ်တာ၊လူနာကိုတိုက်ရိုက်မေးမြန်းတာတွေလုပ်ကြတယ်။ရောဂါအခြေနေကို အကဲဖြတ်ဖို့ လူနာရဲ့ ကိုယ်နံ့ကို အနံ့ခံကြည့်တယ်လို့လဲ ကြားဖူးထားတယ်။အကယ်၍ သင်ကရနံ့ကုထုံးပညာရှင်တစ်ယောက်ဖြစ်ဖို့ရည်ရွယ်ချက်ရှိရင် သင့်မှာ ထက်မြက်တဲ့အနံ့ခံအာရုံနဲ့ ခွဲခြမ်းစိတ်ဖြာနိူင်စွမ်းရှိဖို့ တော့ လိုလိမ့်မယ်။

"ဘာဖြစ်လို့လဲ ?ကျွန်တော် ပြောတာမှားနေလို့လား?"

လော်ရှို့ ရဲ့တိတ်ဆိတ်နေမှုကို မုန့်ရန် ကမေးခွန်းတွေနဲ့ဖြိုခွင်းခဲ့တယ်။

“ မင်းပြောတာမမှားပါဘူး။ မနေ့ညကငါနေလို့မကောင်းဘူး၊ ဒါကြောင့်ငါအိပ်လို့မရဘူး "


"ဒါဆိုခင်ဗျားဘယ်လိုခံစားနေရလဲဆိုတာကျွန်တော့်ကိုပြောပြနိုင်မလား?ဒီ့ထက်ပိုပြီးပြည့်ပြည့်စုံစုံသိရရင် ကျွန်တော်ခင်ဗျားအတွက် အမွှေးနံ့သာ ဖော်စပ်ပေးလို့ရမှာ"


"ဒီအကြောင်းကိုနောက်မှ ဆက်ပြောကျရအောင်။ငါအခု Company ကိုသွားရတော့မယ်။မဂ်လာပွဲစီစဉ်သူတွေဒီနေ့လာလိမ့်မယ်၊ပွဲကို ဘယ်လို ပြင်ဆင်မယ်၊ဘယ်မှာကျင်းပချင်တယ်ဆိုတာ သူတို့ကိုပြောလိုက်ရုံပဲ၊အချိန်နဲ့နေရာကို သေချာဆုံးဖြတ်ပြီးရင် သူတို့တွေ ဖိတ်စာလိုက်ဝေပေးလိမ့်မယ်"

"ကောင်းပြီ၊ ကျွန်တော်နားလည်ပါပြီ"

မုန့်ရန် နည်းနည်းတော့စိတ်ဓာတ်ကျသွားတယ်။ဒါပေမယ့် လော်ရှို့ သူ့ကို ဘာလို့မပြောပြလဲဆိုတာကို သူနားလည်ပေးနိုင်ပါတယ်။သူ ဆိုရင်လည်းရေမွှေးအကြောင်းပဲသိတဲ့သူတစ်ယောက်က ခေါင်းကိုက်ရောဂါကိုပျောက်အောင် လုပ်ပေးမယ်လို့ ပြောရင် ချက်ချင်းကြီးတော့ ယုံကြည်နိုင်မှာမဟုတ်ဘူးလေ။

လော်ရှို့ ကတော့ ရေချိုးခန်းထဲမဝင်ခင် မုန့်ရန် ဆံပင်တွေကို ခပ်ဖွဖွလေးပွတ်သပ်ပေးသွားခဲ့တယ်။

မဂ်လာပွဲစီစဉ်သူတွေက မုန့်ရန် ကို ခန်းမတော်တော်များများ Recommend ပေးခဲ့တယ်။ဒါပေမယ့် မုန့်ရန် ကတော့ လော် မိသားစုပိုင်ဆိုင်တဲ့များစွာသော ဟိုတယ်တွေ၊အပန်းဖြေစခန်းတွေအစား လုံလင်း တောင်ပေါ်က အဓိကစံအိမ်မှာပဲ မဂ်လာပွဲကျင်းပဖို့ရွေးချယ်ခဲ့တယ်။

မုန့်ရန် ရဲ့မူရင်းစိတ်ကူးကတော့ ကရိကထများတဲ့နေရာတွေမှာ မဂ်လာပွဲကိုမကျင်းပချင်ခဲ့ပါဘူး။လက်ရှိမှာလဲ လော်ရှို့ နဲ့ သူရဲ့ အိမ်ထောင်ရေးကစာချုပ်တစ်ခုကြောင့်ပဲဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူအချိန်မဖြုန်းချင်ပြန်ဘူး။

ဒါပေမယ့် လော်ဆန်း နဲ့သူဉီးလေးတွေကတော့ အဓိကစံအိမ်မှာ မဂ်လာပွဲကျင်းပမယ်ဆိုတဲ့အသံကြားတဲ့အခါ သူတို့ကို တမင်သက်သက်မျက်စိနောက်အောင်လုပ်တယ်ဆိုပြီးဒေါသတွေထွက်နေကြတယ်။

မဂ်လာပွဲကျင်းပတဲ့နေ့မှာတော့ ဖိတ်စာရတဲ့သူတိုင်းက  တောင်ခြေမှာ ဖိတ်စာပြပြီးမှ တောင်ပေါ်ကိုတက်ခွင့်ရကြပါတယ်။

မုန့်ရန် ကတော့ အတိတ်ဘဝမှာရော လက်ရှိမှာပါ သူ့အဖေနဲ့ သိပ် အစေးမကပ်တာကြောင့် ရန်စု နဲ့ ကျောက်ကျွင်းကို မဂ်လာပွဲတက်ဖို့ မဖိတ်ခဲ့ပါဘူး။မုန့်ရန် ရဲ့ အဒေါ်နဲ့ ဉီးလေးကတော့ မဖိတ်ဘဲနဲ့ မျက်နှာပြောင်တိုက်ပြီး မဂ်လာပွဲကိုလာခဲ့ပေမယ့် ဖိတ်စာမပြနိုင်တဲ့အတွက် တောင်ပေါ်တက်ခွင့်မရခဲ့ရှာပါဘူး။

ဒီအကြောင်းကိုတောင်ခြေကအစောင့်တွေက မုန့်ရန် ကို အစီရင်ခံတဲ့အခါ မုန့်ရန် ကသူတို့ကို မောင်းထုတ်ခိုင်းလိုက်ပါတယ်။

မုန့်ရန် ရဲ့ အဒေါ်နဲ့ဉီးလေးတို့က အနက်ရောင် Suit အပြည့်နဲ့ ဗလတောင့်တောင့် အစောင့်တွေကိုမြင်တဲ့အခါ ရုတ်ရုတ်သဲသဲမလုပ်ဝံ့တော့ဘဲ အမြီးကုပ်ပြီးပြန်သွားခဲ့ကြပါတယ်။အိမ်ပြန်တဲ့လမ်းတစ်လျှောက် မုန့်ရန် ကို ဆူပူဆဲဆိုနေခဲ့တယ်။

လော်ဆန်း ကတော့ မဂ်လာပွဲကို ယွီကျွင်းချန် ကိုပါခေါ်လာခဲ့တယ်။ယွီကျွင်းချန် တစ်ယောက်အလွန်ရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့ခမ်းနားထည်ဝါတဲ့ခန်းမပတ်ပတ်လည်ကိုလျှောက်ကြည့်နေခဲ့တယ်။လော်ဆန်း နဲ့ အတိအလင်းတွဲခဲ့ကြ ကတည်းက တစ်နေ့ကြရင် ဒီစံအိမ်မှာ သူလဲမဂ်လာပွဲကျင်းပရမယ်လို့ သူတွေးထားခဲ့ဖူးတယ်။မမျှော်လင့်ဘဲ မုန့်ရန် ကလော်ဆန်း အဖေကို လက်ထပ်လိုက်ပြီး သူ့စိတ်ကူးထားတာကို လုယူသွားခဲ့တယ်။မုန့်ရန် ရဲ့အိမ်ထောင်သက်တမ်းက တိုတောင်းမယ်လို့ လော်ဆန်း ဘယ်လိုပဲနမိတ်ဖတ်နေပါစေ သူ နဲ့လော်ဆန်း သာစေ့စပ်လိုက်ရင် မုန့်ရန် ကသူ့ထက်ဝါစဉ်ကြီးတဲ့သူဖြစ်သွားတော့မှာ၊အဲ့အခါကျရင် သူတို့ရဲ့ဆွေမျိုးတော်စပ်ပုံက အတော်ကို့ယို့ကားနိုင်နေတော့မှာပဲ.........


လော်ဆန်း တကယ်တော့ ဒီမဂ်လာဆောင်ကို မလာချင်ခဲ့ဘူး။ဒါပေမယ့် ဒီအချက်ကို နင်းပြီး သူ့အဖေက သူနဲ့ ယွီကျွင်းချန် တို့ကို သဘောမတူမှာကိုလဲ စိုးရိမ်နေပြန်တယ်။ ဒါကြောင့် သူ နဲ့အတူ ယွီကျွင်းချန် ကိုပါခေါ်လာလိုက်တယ်။

မဂ်လာပွဲတရားဝင်စတင်ချိန်မှာ လူတွေရဲ့စူးရဲ့တဲ့အကြည့်တွေအောက်မှာ မုန့်ရန် က လော်ရှို့ ရဲ့လက်မောင်းကိုချိတ်ပြီး ကောဇောနီပေါ် တစ်လှမ်းချင်းလှမ်းလျှောက်လိုက်တယ်။

ယွီကျွင်းချန် ပထမဆုံးအကြိမ် လော်ရှို့ ကိုတွေ့ဖူးတာဖြစ်တယ်။လော်ရှို့ ရဲ့အသွင်သဏ္ဍာန်ကို သေချာရှင်းရှင်းလင်းလင်းမြင်လိုက်တဲ့အခါ
ယွီကျွင်းချန် တစ်ကိုယ်လုံးအေးခဲသွားသလိုခံစားရတယ်။လော်ရှို့ ကိုလော်ဆန်း နဲ့ ခပ်ဆင်ဆင် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်လို့ပဲ သူထင်ထားခဲ့မိတာ။အခုသေချာကြည့်လိုက်တော့မှာ လော်ရှို့ နဲ့ လော်ဆန်း က ရုပ်ချင်း နည်းနည်းလေးလောက်တောင် မဆင်တဲ့အပြင်၊ လော်ရှို့ ကတောင်ပိုပြီး ညို့အားပြင်းခန့်ညားချောမောနေသေးတယ်။ဒါတွေအသာထားဉီး လော်ရှို့ ကို အသက်လေးဆယ်လို့ပြောရင် ဘယ်သူမှ ယုံနိုင်မှာမဟုတ်လောက်ဘူး။လွန်ရောကျွံရော အသက်သုံးဆယ်လောက်ပဲရှိဉီးမှာလို့ ထင်ရလောက်အောင် လော်ရှို့ ကအရမ်းကိုနုပျိုခန့်ညားနေပါတယ်။

လော်ဆန်း ကတော့စင်မြင့်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် ကတိသစ္စာပြုနေတဲ့ စုံတွဲကို မြင်ပြင်းကပ်လွန်းတာကြောင့် ယွီကျွင်းချန် ဘက်ကိုအကြည့်လွှဲလိုက်ခါမှ ဒေါသပိုထွက်ရတော့တယ်။ယွီကျွင်းချန် ရဲ့မျက်နှာက အံ့အားသင့်မှုတွေနဲ့ပြည့်နှက်နေပုံရတာကြောင့် သူမေးလိုက်မိတယ်။

"ဘာဖြစ်နေတာလဲ?"

"မင်းနဲ့ မင်းအဖေက ရုပ်ချင်းမဆင်ဘူးနော်....."

သတိပြန်ဝင်လာတဲ့ ယွီကျွင်းချန် ကမဆိုင်းမတွဘဲ အမှန်တွေကို ပြောချလိုက်ပါလေရော......

"ဟုတ်တယ်၊ငါက ငါ့အမေနဲ့လဲရုပ်ချင်းမဆင်ဘူး။အဖိုးတို့ ဉီးလေးတို့နဲ့ပဲ ရုပ်ချင်းသွားဆင်နေတာ"

လော်ဆန်း တစ်ယောက်စင်မြင့်ပေါ်က စုံတွဲကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ချက်ချင်းလှည့်ထွက်သွားလိုက်တယ်။


ယွီကျွင်းချန် ကတော့ လော်ရှို့ရဲ့ နက်ရှိုင်းလေးနက်တဲ့မျက်နှာသွင်ပြင်၊ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်အချိုးအစား၊မြင့်မားတဲ့အရပ်အမောင်း၊ကြံ့ခိုင်တဲ့အသွင်သဏ္ဍာန်တို့ကိုငေးကြည့်နေလိုက်တယ်။လော်ရှို့ က ရင့်ကျက်တည်ကြည်ပြီးယောက်ကျားပီသတဲ့ဆွဲဆောင်မှုရှိရုံသာမက၊ ကျက်သရေရှိတဲ့ ကိုယ်ဟန်သွင်ပြင်ကြောင့် လူတိုင်းရဲ့ အကြည့်တွေက လော်ရှို့ ဆီကနေ မခွာနိုင်လောက်အောင်ဖြစ်နေခဲ့ရတယ်။အဆင်းရောအချင်းပါပြည့်စုံလွန်းလှတဲ့ လော်ရှို့ ကို ပြီးပြည့်စုံပြီးဆွဲဆောင်မှုရှိတဲ့ယောက်ကျားတစ်ယောက်အဖြစ်သတ်မှတ်နိုင်ပါတယ်။လော်ရှို့ကသူ့ချစ်သူရဲ့အဖေဖြစ်ပေမဲ့ယွီကျွင်းချန်ရဲ့နှလုံးသားကတော့ထိန်းမနိုင်သိမ်းမရလောက်အောင်ခုန်နေခဲ့တယ်......


မုန့်ရန် တစ်ယောက် လော်ဆန်း အဖေကို လက်ထပ်လိုက်တာက သူတို့ကိုလက်စားချေဖို့ပဲ လို့ ယွီကျွင်းချန် ထင်ထားခဲ့တယ်။ ဒါပေမယ့် ယွီကျွင်းချန် တစ်ယောက်
လော်ရှို့ ကို လူအကောင်လိုက်ကြီးမျက်မြင်ကိုယ်တွေ့ မြင်ရတဲ့အခါ သူအရင်ကတွေးခဲ့တာတွေကို သံသယဝင်လာခဲ့တယ်။ဒီလို နှစ်လိုဖွယ်ကောင်းပြီးညို့အားပြင်းတဲ့ ပြီးပြည့်စုံတဲ့ယောက်ကျားသားကိုသူလဲ လက်ထပ်ချင်တာပေါ့....ဒီလူက သူ့နှလုံးသားကိုပိုပြီးလှုပ်ရှားစေခဲ့တယ်လေ။ ယွီကျွင်းချန် ရဲ့နှလုံးသားထဲမှာမနာလိုမှုတွေရှိနေခဲ့တယ်။

"မင်းအဖေ၊ မုန့်ရန် ကိုလက်ထပ်လိုက်တာက ငါတို့ကို ခွဲဖို့ရောဟုတ်ရဲ့လား?"

ယွီကျွင်းချန် ကလေသံတိုးတိုးနဲ့ လော်ဆန်း ကိုမေးလိုက်တယ်။

"လောလောဆယ် ငါလဲတခြားအကြောင်းပြချက်ကိုစဉ်းစားလို့ကိုမရဘူး။သေချာတာတော့ သူတို့တစ်ယောက်ကိုတစ်ယောက် ချစ်လို့ လက်ထပ်တာမဟုတ်လောက်ဘူး"

"အဲ့တာပြောတာပေါ့၊ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်တစ်ခါမှ မလုပ်ဖူးတဲ့သူတွေကရုတ်တရပ်ကြီး ချစ်မိသွားတာမဖြစ်နိုင်လောက်ဘူးနော်"

ယွီကျွင်းချန် သူ့ကိုသူနှစ်သိမ့်ဖို့ကြိုးစားနေသလားဆိုတာသေချာမသိပေမယ့် ဒီစကားတွေပြောပြီးတဲ့အခါ သူအတော်လေးစိတ်သက်သာရာရသွားခဲ့တယ်။

မုန့်ရန် နဲ့ လော်ရှို့ တို့အပြန်အလှန်ကတိသစ္စာပြုပြီးတဲ့အခါ လက်စွပ်လဲလှယ်ဖို့နဲ့ နမ်းဖို့ပဲကျန်တော့တယ်။ အပြန်အလှန် လက်စွပ်တွေ ဝတ်ဆင်ပေးပြီးတဲ့အခါ မုန့်ရန် က လော်ရှို့ ကိုမော့ကြည့်လိုက်ပြီး နမ်းလာမယ့်အချိန်ကိုစောင့်ဆိုင်းနေတယ်။

အကယ်၍ လော်ရှို့ ကသာ မုန့်ရန် ကို နဖူးဒါမှမဟုတ် ပါးပြင်လေးလောက်ပဲနမ်းလိုက်မယ်ဆို မုန့်ရန် ကိုလှောင်ပြောင်သရော်ဖို့ အားလုံးကစောင့်ကြည့်နေကြတယ်။ဒါ့ကြောင့် လော်ရှို့ က မုန့်ရန်ရဲ့မျက်နှာလေးကိုကိုင်လိုက်ပြီးနှုတ်ခမ်းကိုနမ်းလိုက်တယ်။မုန့်ရန် ရဲ့မျက်နှာလေးကို လက်ဝါးနဲ့ကာပေးလိုက်ပြီး ညှင်ညှင်သာသာလေးနမ်းလိုက်တာဖြစ်တယ်။

သူတို့ရဲ့နှုတ်ခမ်းတွေက ညှင်ညှင်သာသာပွတ်တိုက်သွားခဲ့တယ်။ဒါက မုန့်ရန် ရဲ့ဘဝနှစ်ခုလုံးအတွက် ပထမဆုံးသောအနမ်းဖြစ်တယ်။လော်ရှို့ သူ့အပေါ်ကို တကယ်ချစ်ကြောင်းပြသတဲ့အနေနဲ့ အနမ်းပေးလာမယ့် နေ့ကို သူစောင့်ဆိုင်းနေမယ်။ဒီအကြောင်းပြချက်ကြောင့် လော်ရှို့ သူ့ကို နမ်းတော့မယ့် အချိန်မှာ သူမျက်နှာလွှဲလိုက်မိတယ်။

မုန့်ရန် ရဲ့နှုတ်ခမ်းတွေဆီက နူးညံ့တဲ့အထိအတွေ့ကို လော်ရှို့ ခံစားရတယ်။မုန့်ရန် ရဲ့နှုတ်ခမ်းတွေကလဲ မုန့်ရန် လိုပဲ လတ်ဆတ်ပြီး ချိုမြိန်နူးညံ့လွန်းတယ်။မုန့်ရန် ရဲ့ကိုယ်သင်းရနံ့လေးတွေက လော်ရှို့ ကို ချစ်ခြင်းမေတ္တာတွေကိုမခုခံနိူင်တဲ့ကလေးတစ်ယောက်လို ခံစားရစေတယ်။

ဒါတွေပြီးဆုံးတဲ့အခါ ဧည့်သည်တွေကို ဧည့်ခံစကားပြောရမယ့် အလှည့်ကိုရောက်လာပြန်တယ်။

တရားဝင်လက်မှတ်ထိုးပြီး မဂ်လာပွဲကျင်းပနေသည့်တိုင် သူတို့စုံတွဲကို မကြာခင် ကွာရှင်းစေချင်နေတဲ့သူတွေကလဲ တစ်ပုံတစ်ပင်ရှိနေဆဲပါ။လော်ဆန်း တို့မြေးအဖိုးအပြင် လော်ရှို့ ကိုစိတ်ဝင်စားနေတဲ့သူတွေက
လည်းဒီစုံတွဲကိုမြန်မြန်ကွာရှင်းပြတ်စဲစေချင်နေကြတယ်။

မုန့်ရန် တစ်ယောက်လော်ရှို့ ကို လက်ထပ်လိုက်တာကြောင့် သူ့ဘဝတစ်ခုလုံး အဆင်ပြေချောမွေ့နေတော့မှာမဟုတ်ဘူးဆိုတာသူသိတယ်။ဒါတွေကိုရင်ဆိုင်ဖို့လဲ မုန့်ရန် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးပြီ.....

"လော်ဆန်း"

မုန့်ရန် တို့လာနေတာကို မြင်တာနဲ့ ယွီကျွင်းချန် ကိုလက်ဆွဲပြီးရှောင်ထွက်ဖို့ပြင်နေတဲ့ လော်ဆန်း ကို မုန့်ရန် တမင်တကာ လူကြားအောင် လှမ်းခေါ်လိုက်တယ်။

Zawgyi code

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now