part(51)

7.7K 743 16
                                    

Unicode

နာကျင်မှုဆိုတာ......

"သားငယ်လေးကို မေမေပြောစရာရှိသေးတယ်"

"ပြောလေ...မေမေ"

"တီချယ်ဒေါ်သန်းသန်းအေးကို မှတ်မိတယ်မှလား...သား အလယ်တန်းတုန်းကဆရာမ"

"မှတ်မိပါတယ်မေမေ... ဘာဖြစ်လို့လဲ"

"သူ့သမီးလေးက....မေမေတို့ ​ဒီကျောင်းမှာ ကျူတာလေ...လင်းသန့်လေး"

"ဟုတ်"

"သား...အဲ့ကလေးမလေးကိုရော မှတ်မိလား"

တီချယ်ဒေါ်သန်းသန်းအေးက လင်းသန့်ကို ငါးတန်းနဲ့ခြောက်တန်းမှာ ကျူရှင်သင်ပေးတဲ့ဆရာမဖြစ်သည်။
တီချယ်တို့အိမ်ကိုရံဖန်ရံခါရောက်တိုင်း တီချယ့်သမီးလေးကို တွေ့ဖူးသည်။ အတန်းမတူပေမဲ့ အသက်တော့သိပ်မကွာလှပါ။
ကြီးလာတဲ့အခါ...တီချယ်ကျောင်းပြောင်းသွားတော့ သိပ်မတွေ့ဖြစ်ပေမဲ့...သီတင်းကျွတ်ရောက်တိုင်း သူငယ်ချင်းတွေနဲ့သွားကန်တော့ဖြစ်ကြသေးသည်။
လင်းသန့်ရန်ကုန်ရောက်သွားလို့အဆက်အသွယ်ပြတ်သလိုဖြစ်သွားတာ။

"မှတ်တော့ မှတ်မိတယ်.....ဒါပေမဲ့..ကလေးပုံပဲမှတ်မိတာပါ"

"သား ပြန်ရောက်နေတာကို မေမေပြောထားတယ်...မနက်ဖန် အလည်လာကြလိမ့်မယ်"

"အော်...ဟုတ်ကဲ့....မေမေ....တီချယ်နဲ့မတွေ့တာကြာပြီ"

"ဟုတ်တယ်...သားကိုအမြဲမေးပါတယ်....သားတီချယ်က....သူသမီးလေးက ဒီကျောင်းမှာပဲဆိုတော့ မေမေ့နဲ့အမြဲတွေ့ကြတယ်လေ...ချစ်စရာလေးသားရယ်....လိမ္မာပြီး တော်တယ်...သိလား..."

မေမေ့စကားတွေရဲ့ လိုရင်းကတဖြည်းဖြည်းပုံပေါ်လာသလိုပါ။
လင်းသန့်ကြည် မောင့်ဘက်ကို လှည့်မကြည့်ရဲပါ။
မောင် ဘယ်လိုများဖြစ်နေမလဲလို့ ကြည့်ကိုမကြည့်ရဲ။
ကိုယ်တိုင်ပင် နည်းနည်းတုန်လှုပ်ချင်လာပြီ။

တီချယ်နဲ့ကျူရှင်သင်တုန်းက ဒီအိမ်မှာပဲ ဝိုင်းခဲ့ကြတာကြောင့် မေမေနဲ့တီချယ်ကခင်ကြသည်။
နောက်ပိုင်းဘယ်လောက်ထပ်​ပြီး ရင်းနှီးတယ်ဆိုတာတော့ လင်းသန့်ကြည်မခန့်မှန်းတတ်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now