Part 15

3.2K 135 2
                                    

Uni

ဒီနေ့မနက်တော့ ခွန်းတို့တွေ စောစောပင် နိုးနေကြသည်။
တကယ်တော့ တစ်ညလုံး မအိပ်ကြခြင်းပါ။
ပြဿနာရှာတတ်သူက ပြဿနာပင် အမြဲတမ်း ရှာနေသည်။

မနေ့က ကိုကြီးက ဖေဖေ့ဆိုင်ကယ် ယူစီးသွားသညိ။
လူတစ်ယောက်ကို တိုက်မိသွားသည်။
အရမ်းကြီးတော့ မဟုတ်ပေမယ့် အတော် ထိသွားသည်။

ဖြစ်ချင်ရာ ဖြစ်ဆိုပြီး မကြီးတို့က လွှတ်ထားရင်လည်း မေမေကတော့ ရမှာမဟုတ်။
ဘာမှ မဖြစ်စေချင်ရင်လည်း ငွေက အတော်ပေးရမည်။

"ဟင်း........"

ဘယ်နှခေါက်မြောက် သက်ပြင်းလဲ မသိ။
ဘာပဲ ဖြစ်ဖြစ်ပါ ကိုယ်လုပ်စရာ ရှိသည်တော့ လုပ်ရမည်ပင်။

ခွန်းသင်တန်း သွားဖို့ ပြင်ဆင်လိုက်ပါသည်။
အင်း ဒီနေ့ သင်တန်းကြေးလည်း ပေးရမည်။

'ဟင် ပိုက်ဆံ ဒီထဲမှာ သေချာ ထားထားတာပါ။
လူက တကယ်ကို ထူပူနေပြီ။
အထားမှားတာလည်း မဖြစ်နိုင်။
ဒီတစ်နေရာပဲ ရှိသည်။ '

"မေမေ့ သမီး ပိုက်ဆံ တွေ့မိသေးလား"

"အေး သမီးရယ် အမေယူသုံးလိုက်တယ်"

"ဘာလို့လဲ အဲ့တာ သင်တန်းကြေး"

"အေးပါ သမီးရယ် ဟိုက ဆေးရုံတက်နေရတာဆိုတော့ မုန့်လေး ဝယ်ပေးလိုက်တာ"

"နောက်ကျရင်လည်း ပိုက်ဆံပေးရဦးမှာကို
နောက်ပြီး ဒီသင်တန်းကြေးရအောင် သမီး ဘယ်လိုမျိုး စုထားရလဲ ဆိုတာ သိလို့လား"

"အော် ကိုယ့်အကိုအတွက်ပဲအေ တစ်ခါတစ်လေလေး ယူသုံးတာကို"

"တစ်ခါတစ်လေတဲ့လား အမြဲလိုလို ယူသုံးနေတာပါ"

"ညည်း ပိုက်ဆံ ကျုပ်ပြန်ပေးမယ်
အပိုတွေ လုပ်မနေနဲ့"

"တော်ပါပြီ မေမေက တကယ် မေမေ့သားပဲ သိတယ်"

ဒီနေ့တော့ သင်တန်း သွားလို့ မဖြစ်
သွားလည်း မသွားချင်
စိတ်ညစ်ညစ်နဲ့သာ အပြင်ထွက်ခဲ့သည်။

နည်းနည်း ဝေးသည့် စာကြည့်တိုက်သို့သာ ဦးတည်လိုက်ပါသည်။

ဒီနေ့ကတော့ ပြဿဒါး နေ့ပင် ဖြစ်သည်။

ရောက်ရောက်ခြင်းကတည်းက ခွန်း စာအုပ်ထဲကိုသာ စိတ်နှစ်ပြီး ဖတ်နေသည်။
အညောင်းဆန့်လျက် ဘေးဘီဝယ်ရာ ကြည့်မိတော့ လူတစ်ယောက်က စူးစိုက်ကြည့်နေသည်။

You had me at helloWhere stories live. Discover now