Arc.2.13
5.7K 775 29
[ ✉️ : အလုပ်ကို အာရုံစိုက်နော်.. ကိုယ့်ကို လွမ်းဖို့လဲ သတိရ ...]
ရုံးထဲဝင်ရန် ပြင်နေသည့် ချင်ယွင်ချီ သည် ရောက်လာသည့် မက်ဆေ့ခ်ျကြောင့် နှစ်ခြိုက်စွာ ပြုံးလိုက်သည် ။ အခုတလော စိတ်ကြည်လင်ကာ ပြုံးနေတတ်သည့် သူဌေးအား တွေ့ရများ‌သော်လည်း ကောင်တာမှ မိန်းကလေးများ၏ မျက်နှာသည် ထိုအပြုံးကြောင့် ပန်းရောင်သန်းသွားခဲ့‌သေးသည် ။
" ဦး!!! မင်္ဂလာနံနက်ခင်းပါ " ညင်သာသည့် အသံလေးက ထွက်ပေါ်လာခဲ့ကာ ဟန်ယူ သည် ချင်ယွင်ချီ ထံသို့ ဖြေးဖြေးချင်းလျှောက်လာခဲ့သည် ။ ခပ်ဖွာဖွာဖြစ်နေသည့် ဆံနွယ်အိအိလေးသည် ထိုသူအား ပိုနူးညံ့သွားစေပြီး နီရဲနေသည့် နူတ်ခမ်းဖူးဖူးလေးက မိန်းကလေးထက်ပင် ပိုလှနေသယောင်။
ချင်ယွင်ချီ၏ အပြုံးက ရပ်တန့်သွားခဲ့ကာ ဖုန်းကို ပိတ်လိုက်ပြီး " ဒီနေရာက မင်းနဲ့မဆိုင်ဘူး " သူက ဟန်ယူအား လစ်လျုရှုလိုက်ကာ အတွင်းရေးမှူးထံမှ ဖိုင်များ ယူကြည့်လိုက်ပြီး အခန်းသို့ ဦးတည်လိုက်သည် ။
ဟန်ယူ က ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်ရင်း နူတ်ခမ်းတွန့်ရုံပြုံးလိုက်သည် ။ သူက အနည်းငယ် နောက်ကျပြီး ပြန်မွေးဖွားခဲ့သော်လည်း မှတ်ဉာဏ်များကြောင့် အမြတ်ရမည့် စီးပွားရေးများကို သိထားခဲ့သည် ။ သုံးနှစ်လောက် ကြိုးစားပြီးချိန်မှာတော့ သူသည် ချင်group က ရှယ်ယာတချို့ကို ဝယ်ယူနိုင်ခဲ့လေပြီ ။ နောက်ပြီး သူ့တွင် နောက်တစ်နှစ်အထိ အသုံးဝင်မည့် မှတ်ဉာဏ်များရှိနေခဲ့သေးသည် ။
ဟန်ယူ၏ အစီအစဉ်များကြားသည့်အချိန်တွင် ချင်ယွင်ချီသည် မျက်နှာသေဖြင့်သာ ရှိနေသေးသည် ။ သူက projector ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဟန်ယူအား ပြောလိုက်သည် ။ " အဲ့မြေကွက် က အမွေကိစ္စရှုပ်ထွေးနေတဲ့အပြင် .. အရင်က  သင်္ချိုင်း ဖြစ်ဖူးတယ် "
ဟန်ယူ သည် စိတ်ထဲတုန်လှုပ်သွားခဲ့သော်လည်း သူက အမှုအရာမပျက်ဘဲ " အဲ့လို အယူအဆတွေက အခုချိန်မှ သိပ်မရှိတော့ပါဘူး .. မဟုတ်မှ ဦးက ယုံကြည်နေတာလား " သူက ချင်ယွင်ချီ၏ အမှုမထားသည့် ပုံစံကြောင့် စိတ်ရှုပ်သွားခဲ့သည် ။ သူ့အရင်ဘဝတုန်းက ချင်ယွင်ချီသည် ကျိုးယဲ့ဟန် နဲ့ပင် ပြိုင်ဆွဲခဲ့သည့် ဒီမြေကွက်က ဒီလို ကိစ္စမျိုးတွေရှိနေခဲ့မှန်းမသိခဲ့ပေ။ အကြောင်းမှာ သူက စောစောစီးစီး သေသွားခဲ့သောကြောင့်ပင် ။