#Unicode
"သာထူး သာထူး"
"အင် . . . ဟင် . . . "
"ထစမ်းပါ"
"ဘာလို့လဲ"
"ထ . . အရင် မျက်လုံးဖွင့်ဦး"
"အင်"
သာထူးကို လင်းရာဆွဲထူလိုက်တော့ မျက်လုံးမပွင့်ဘဲ ငုတ်တုတ်ထိုင်လျက်လေး ပါလာသည်။
"ကျောင်းသွားရအောင်"
"အမ်"
"လုပ် မျက်နှာသစ်တော့"
လင်းရာစကားကြောင့် သာထူးကြောင်အစွာနဲ့ မယုံနိုင်ဖြစ်ကာ နာရီကို ကြည့်လိုက်မိတော့ မနက်ခြောက်နာရီသာထိုးသေးသည်။
"အစောကြီးရှိသေးတယ်လေ လင်းရာ။ ခုမှ ခြောက်နာရီပဲရှိသေးတယ် ပြန်အိပ်ဦးမယ် ဝှါးးး"
အိပ်ချင်မူးတူးသံနဲ့ပြောကာ သန်းဝေပြီး ပြန်အိပ်ဖို့ပြင်နေတဲ့ သာထူးကို လင်းရာလက်နဲ့ လှမ်းဆွဲထားရသည်။
"မအိပ်နဲ့တော့ ထတော့ဟ"
"ညက သောက်တာ များလို့ အိပ်ရေးမဝသေးပါဘူးဆို ကျောင်းကို အစောကြီးသွားပြီး ဘာလုပ်မလို့လဲ လင်းရာ"
"ဒါဆို မင်း ဇေယျာတို့နဲ့ လိုက်ခဲ့လိုက်။ ငါ မင်း ဆိုင်ကယ် ယူသွားလိုက်မယ်"
"တူတူသွားမယ်လေကွာ။ ဘာလို့ တစ်ယောက်ထဲ သွားချင်နေတာလဲ"
"မင်းပဲ အိပ်ချင်သေးတယ်ဆို"
"အင်း"
"အာ့ဆို ဆက်အိပ် . . ငါဆိုင်ကယ် ယူသွားလိုက်မယ်"
"ဘာသွားလုပ်မလို့လဲ"
"လူကြီးနဲ့တွေ့ဖို့ ချိန်းထားလို့"
"အင်း . . . မင်းသွားချင်ရင် လိုက်ပို့မှာပေါ့။ တစ်ယောက်ထဲမသွားနဲ့ စိတ်မချဘူး"
"မင်းစိတ်မချရအောင် ငါက ကလေးလား"
"အင်း . . . မင်းကို ကလေးပိစိလို့ပဲ မျက်လုံးထဲမှာ မြင်နေတုန်း"
"ထ မျက်နှာ သစ်တော့"
"အင်း . . . အတွဲတွေ ပိုကိုပိုတယ်။ အိပ်ကောင်းခြင်း မအိပ်ရဘူး။ မင်းတို့နှစ်ယောက် ယူဖြစ်တဲ့အခါ ငါ့ကိုကျေးဇူးဆပ်ပါ"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။