၁၄

14.5K 1.8K 46
                                    

Unicode

သန္ဓေတားဆေး

လုထောင်က တစ်ဖန်ပြန်၍ ရေချိုးနေချိန်တွင် ချန်းကျင်းသည် မိမိ၏ light screen ကို တွေဝေစွာ ကြည့်နေခဲ့မိ၏။

အိပ်ရာခင်းတစ်ခုလုံးကို အသစ်ပြန်လဲထားပြီးပြီဖြစ်ကာ သန့်ရှင်းဖို့လိုအပ်သည်များကိုလည်း အကုန်ရှင်းပြီးထားခဲ့ပြီပင်။ သို့သည့်တိုင် သူ၏ကျောအောက်ပိုင်းကမူ ယခုထိ အနည်းငယ် နာကျင်နေဆဲဖြစ်၏။ ချန်းကျင်းသည် ဆေးပညာဆိုင်ရာ နယ်ပယ်ကို ကြည့်နေခဲ့ခြင်းဖြစ်၍ သူနှိပ်လိုက်သည့် တစ်ခုမှာ ဆေးဝယ်ယူသော ဝက်ဘ်ဆိုက်ဖြစ်လေသည်။ နောက်ဆုံး Screen ၏အလယ်တွင် နေရာယူလာသည်က "သန္ဓေတားဆေး" ဟူသည်ပင်။

၎င်းဆေးဘူးတစ်ခုတွင် အရေအတွက် ငါးခုပါဝင်၍ ဈေးနှုန်းက 15,000 ဖြစ်၏။

ဆေးတစ်လုံး၏အာနိသင် သက်တမ်းက တစ်လဖြစ်ကာ ၎င်းမှာ သုံးစွဲသူ၏ ရုပ်ပိုင်းဆိုင်ရာအရ အနည်းငယ်ပြောင်းလဲမှု ရှိနိုင်သည်။ အချို့လူများတွင် အကျိုးသက်ရောက်မှုက ကြာရှည်ခံ၍ တချို့တွင်မူ တိုတောင်းနေတတ်၏။ မည်သို့ပင်ဆိုစေကာမူ ပုံမှန်အားဖြင့် ဆေးတစ်လုံး၏အာနိသင်သည် တစ်လအတွင်း ရာနှုန်းပြည့်နီးပါး (အတိအကျ ၉၀ %) ထိရောက်လေသည်။

အမှန်ကမူ စမ်းသပ်မှုက ရာနှုန်းပြည့်အောင်မြင်ထားပြီး ဖြစ်၏။ ကျန်သော ၁၀ ရာခိုင်နှုန်းကို ထိန်းသိန်းထားရခြင်းမှာ လူသားမျိုးပွားနှုန်း အခြေအနေကြောင့်ပင်။ လူဦးရေနည်းပါးသော အင်ပါယာကမ္ဘာတွင် ကိုယ်ဝန်ဆောင်ခြင်းကိစ္စသည်ကား အဓိကကျလေရာ ၎င်းကိုဖျက်ချခြင်းကို တရားဝင် ခွင့်မပြုထားပါပေ။ ကိုယ်ဝန်ဖျက်ချကြောင်းကိုသာ အထက်ဆီတင်ပြခံရလျှင် ကျူးလွန်သူကိုယ်တိုင် အဆင့်နိမ့်ကမ္ဘာဆီ နှင်ထုတ်ခံရရုံမက ထိုလူ့ကို ဆေးညွှန်းပေးသည့် ဆရာဝန်သည်ပင် ပြင်းထန်စွာ ပြစ်ဒဏ်ချမှတ်ခံရလိမ့်မည် ဖြစ်၏။

ထို့အပြင် အင်ပါယာကမ္ဘာရှိ ကိုယ်ဝန်တားဆေးများက တခြားနေရာများထက်ပင် အဆပေါင်းထောင်ချီ ပို၍ဈေးကြီးသေးသည်။

၎င်းဆေး၏တန်ဖိုးပမာဏသည် အတိတ်မှချန်းကျင်းအတွက် ပြောပလောက်စရာမဟုတ်သည့်တိုင် ယခုလက်ရှိတွင်မူ သူသည် ဆေးတန်ဖိုးနှင့်ပတ်သက်၍ အတော်လေး ခေါင်းကိုက်နေမိ၏။ အကယ်၍ မိမိ၏စုငွေကို ဤနေရာ၌ သုံးစွဲလိုက်လျှင် အဖေဖြစ်သူ၏ဆေးဖိုးကို ကာမိတော့မည်မဟုတ်ပါပေ။ ဝယ်ပြီးကျန်ရှိနေမည့် ငွေကလည်း သူ့အတွက် ဖြည့်စွက်စာ တစ်ပတ်စာ ဝယ်ဖို့သာ လောက်ငှပေလိမ့်မည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now