Part-12

9.4K 1K 46
                                    

Screen ပေါ်မှာပေါ်နေတဲ့ ကိုကို့ ရဲ့ ပုံရိပ်လေးကိုကြည့်ကာ ပိုတိုး၍ ငိုမိတော့သည်။မပတ်သက်သင့်သူကို ပတ်သတ်လိုက်မိတဲ့ အမှားက ကိုကို့ကိုပါ ဒုက္ခရောက်စေတော့မည်။

"ညီညီ မငိုနဲ့လေ ~ ကိုကို အဆင်ပြေပါတယ်...ဂျောင်ကုကို နားလည်ပေးလိုက်ပါ။ သူက  ကိုကို့ ကို လိုလေသေးမရှိထားပေးပါတယ်..ညီညီရယ်"

"နားလည်မပေးနိုင်ဘူး ... ကိုကို ဆေးကုပီးတာနဲ့ သူ့ကိုကွာရှင်းမှာ"

"ကိုကို ဆေးသွားစစ်ရတော့မယ် ညီညီ နောက်ရက်ကျမှ တွေ့မယ်နော် ဒီမှာစိတ်မပူနဲ့ ဂျောင်ကုရဲ့ အစ်ကိုဝမ်းကွဲ က ကိုကို ကို ဂရုစိုက်ပေးတယ်"

ကိုကို ကတော့ သူ့ခြေထောက်ပြန်ကောင်းတော့မှာမို့ တက်ကြွနေပုံပဲ။ကိုကို ကသာ စိတ်ချမ်းသာနေရတာ။ထယ်ယောင်းကတော့ စိတ်ညစ်နေရတော့မှာပဲ။

ဂျီမင်းက အစထဲက ဂျောင်ကုနဲ့ထယ်ယောင်းအကြောင်းကို သိတာမို့ဂျောင်ကုအစီအစဉ်ကို လက်ခံခဲ့တာဖြစ်သည်။သူ့ညီလေးကို မချစ်မနှစ်သက်ဘဲ ကျေးဇူးတရားကြောင့်အိမ်ထောင်ပြုလိုက်ရတာမျိုး မဖြစ်စေချင်။အချစ်ပါတဲ့ အိမ်ထောင်ရေးတစ်ခုကိုသာ တည်ဆောက်စေချင်သည်။ဂျောင်ကုနဲ့ ထယ်ယောင်းရဲ့သံယောဇဉ်ကို သိတာကြောင့် ဂျီမင်းက လက်ခံခဲ့တာဖြစ်သည်။ညီညီစိတ်ဆိုးလဲ ဆိုးပါစေတော့ ဂျောင်ကုက ညီညီ့ကို တကယ်ချစ်တာမို့ ကိုကို ကစိတ်ချမိတယ်။

___________

"အစ်ကိုလေး.. ထမင်းစားဖို့ သခင်လေးက ခေါ်ခိုင်းလိုက်ပါတယ်"

ထယ်ယောင်းကို ဂျောင်ကုက အခန်းတစ်ခန်းပေးထားပီး နေစေသည်။တော်သေးတာပေါ့!!သူနဲ့ တခန်းထဲမှာပဲ နေရမယ်မပြောလို့ မဟုတ်ရင် ပိုမုန်းမိမှာ...

"မစားဘူးလို့ပြောလိုက်...မင်းတို့သခင်လေးနဲ့ အတူတူမစားနိုင်ဘူး"

‌သူ့ကိုကိုယ်တိုင်တောင်လာမခေါ်ဘဲ အိမ်အကူကိုအခေါ်လွှတ်လိုက်တဲ့ ကောင်နဲ့ အတူတူထိုင်မစားချင်ဘူး။မနေ့က အတင်းပတင်း လက်ထပ်ထားတာ သူမဟုတ်သည့်အလား ဒီနေ့ ပေါ်တောင်မလာခဲ့ပါ။မနက်ကလဲ ထယ်ယောင်းအခန်းထဲသို့ အိမ်အကူတွေကိုယ်တိုင် ထမင်း၊ဟင်းလာပို့ပေးခဲ့တာဖြစ်သည်။

Spring Flowers - Rewriting (Complete)Où les histoires vivent. Découvrez maintenant