အပိုင်း { ၁၁ }

39.6K 4.1K 821
                                    

                             [ Unicode ]

စခန်းမှာနေ့လည်စာစားပြီးတဲ့အထိ တပ်သားတွေနှင့် ခွန်စိုင်းဟာ အဆင်ပြေနေခဲ့သည်။အားလုံးဟာ ဦးဆောင်သူ အရေးပေးကာခေါ်လာတဲ့ ခွန်စိုင်းဟွမ်ကိုတပ်သားတွေအမှားမလုပ်ရဲပေ။ ဒါ့အပြင် အလွန်သဘောကောင်းတဲ့မြို့သားလေး ခွန်စိုင်း ရဲ့လူတိုင်းနဲ့သင့်မြတ်အောင်နေတတ်တဲ့စိတ်ထားလေးကြောင့် တပ်သားတွေကသဘောကျကြသည်။

နေစေး တို့လေးယောက်ကွပ်ပျစ်မှာထိုင်၍စကားပြောနေကြသည်။ နဂိုတည်းကစကားနည်းတဲ့နေစေးဟာ ခွန်စိုင်းနဲ့မော့တို့ သုံးယောက်သားစကားပြောဝိုင်းထဲမှာဝင်မပြောပေမယ့် သူ့မျက်စိအရိပ်အောက်က လူကြီးလေးကိုတော့ အရိပ်တကြည့်ကြည့်နှင့်ပင်။

မြို့အကြောင်း၊ရွာဓလေ့အကြောင်းပြောရင်း မော့ ထပြောသည်။

" နောင်ကြီးကျုပ်တို့ရွာအလှတွေထဲ အချော​လေးတစ်ယောက်လောက်အိမ်သူအနေနဲ့တွေ့သေးလားဗျ..ဟားဟား "

ရုတ်တရက်အဆက်အစပ်မရှိထမေးလိုက်တဲ့ မော့ ကြောင့် ဘွား မျက်လုံးပြူးမိသွားသည်။ နေစေးသည်လည်း မော့စကားကြောင့်မျက်မှောင်ကျုံ့ကာစိုက်ကြည့်နေတော့သည်။

" အာ မ​တွေ့ပါဘူးဗျာ.."

" ဟုတ်လို့လား..နောင်ကြီးဒီလောက်ချောတာ တစ်ယောက်လောက်တော့ရှာတွေ့မှာရော် "

" ဟားဟား..မင်း ကိုယ့်ကိုအထင်ကြီးနေပြန်ပြီ "

ပြုံးပြုံးလေးနဲ့အငြင်းစကားဆိုလိုက်တဲ့ ခွန်စိုင်းဟာ ထိုအချိန်မှာ ဘာကြောင့်မှန်းမသိအနေခက်သလိုနှင့် နေစေးကိုကြည့်မိတော့ စိတ်အလိုမကျတဲ့မျက်နှာနဲ့သူ့အားကြည့်နေတာကိုတွေ့လိုက်ရသည်။

" မော့ နောင်ကြီးကိုမနောက်နဲ့တော့လေး "

" ဘွားကလဲ ကျုပ်နောက်နေတာမှမဟုတ်ပဲရော်၊ ကျုပ်က ဒီနောင်ကြီးကိုခင်လို့ တစ်ယောက်လောက်ရှာပေးမလားတွေးနေတာ "

မော့ပြောလိုက်တဲ့စကားကြားမှ ဘွား ခေါင်းပိုကြိမ်းသွားရသည်။ သူ့ရှေ့မှာရှိနေတဲ့ နေစေးရဲ့မျက်နှာကဘယ်လောက်စိတ်တိုနေလဲဆိုတာ ရေးပြထားသလိုဖြစ်နေတာမြင်နေရတော့ အဆိုး​လေးမော့အတွက်သက်ပြင်းချမိပါ၏

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now