အပိုင်း ၃၅ / အပိုင္း ၃၅

7.3K 866 57
                                    

ညီ ကျွန်တော့်အခန်းထဲရောက်မလာမချင်း နေ့လည်က ညီပြောတဲ့ ကျွန်တော့်ကိုပြောစရာရှိတယ်ဆိုတဲ့အကြောင်းကို အတွေးနယ်ချဲ့ရင်း အတွေးတွေထဲမှာ အခါခါသေနေတာ ဘယ်နှကြိမ်မြောက်မှန်းကို မရေတွက်နိုင် ။ ညီ ကျွန်တော့်ဆီက ထွက်သွားတော့မယ်လို့များပြောမလားပေါ့ ။ အတွေးတွေကြောင့် နှိပ်စက်ခံရတာက ပိုခံရခက်တယ် ။ ညီရယ် ပိုင်ဆိုင်ခွင့်ကိုမတောင်းပါဘူး ငေးကြည့်နေခွင့်ကိုပဲ ပေးသနားပါ ။

ညနေစောင်းလောက်ကျတော့ ညီ က အိမ်နေရင်း ‌အညို‌ရောင်ချည်ဘောင်းဘီအကွက် ၊ အကျီအကွက်လေးနဲ့ ကျွန်တော့်အခန်းထဲရောက်လာသည် ။ ညီ က ဘယ်လိုပဲ‌နေနေ အကြည့်မလွှဲချင်လောက်အောင်ကြည့်ကောင်းနေခြင်းပင် ။

" အကို အားတယ် မလား "

" အင်း ပြောလေ ညီ ဘာများပြောစရာရှိနေတာလဲ "

" အင်း ဝရန်တာဘက်သွားထိုင်ကြမယ် "

" အင်း သွားလေ "

ကျွန်တော်တို့နှစ်ယောက်စလုံး ဝရန်တာဘက်ထွက်လာလိုက်တယ် ။ ဝရန်တာရောက်တော့ ဝရန်တာမှာထားတဲ့ စားပွဲခုံလေးပေါ်မှာ Black Coffee တစ်ခွက်နဲ့သံပုရာသီးတစ်စိတ် ။ နောက် ဆန်းကစ်သီးဖျော်ရည်တစ်ခွက် ။ ကော်ဖီကို ကျွန်တော့်အကြိုက်သေချာ ပြင်ထားပေးတာ ။ ဒါတွေမြင်ရင် ကျွန်တော်ပျော်တာထက် ကြောက်သည် ။ ညီ ပြောမယ့်စကားက ကျွန်တော့်ဆီကထွက်သွားမယ့်စကားများဖြစ်နေမလားလို့ တစ်ချိန်လုံးတွေးနေခဲ့တာ ။

" ညီ ကိုယ့်ကိုပြောမှာက အရေးကြီးတယ်ထင်တယ် "

" အင်း ဒီလိုပါပဲ "

" ပြောလေ ညီ ရဲ့ ကိုယ်တို့ကြားမှာ ဒါတွေမလိုပါဘူး "

ကော်ဖီခွက်ကို မျက်လုံးနဲ့ပြတော့ ညီ က မျက်မှောင်ကျုံ့သည်။

" ကျွန်တော်က ဒါကို သောက်စေချင်လို့ ကိုယ်တိုက်ကြိတ်ပြီး ဖျော်လာပေးတာ ပြောမယ့်စကားကြောင့်မဟုတ်ပါဘူး "

" ဟင် !!!! "

" အကိုကလဲ တကယ်ပါပဲ "

" မသိဘူးလေ ကိုယ်က ဘာများအရေးကြီးလို့လဲလို့ပါ "

အထွန်း / အထြန္း ( Completed )Where stories live. Discover now