Arc.2.14
5.5K 775 56
ဖြန်း!!!!
ကွေ့လန်အာ က သူမ ပါးကိုကိုင်လိုက်ကာ ယူမီ အား ဆွံ့အစွာ ကြည့်လိုက်သည် ။ သူမ အရင် ရိုက်လက်စ ကားများမှ လွဲလို့ နောက်ဇာတ်ကား များသည် အများအားဖြင့် ယူမီ နဲ့သာ အတူတွဲရိုက်ရ‌လေသည် ။
" Rose အခုတလော ဘယ်လို ဖြစ်နေတာလဲ .. " ဒါရိုက်တာသည် ကွေ့လန်အာ အား ဒေါသတကြီး ဆူပူတော့သည် ။ ဒီ scene တစ်ခုတည်းတင် ရိုက်နေရသည်မှာ နှစ်ရက် သုံးရက် ရှိနေခဲ့ပြီ ဖြစ်သည် ။
" ခန .. နားမယ် .." ဒါရိုက်တာသည် အချိန်တချို့ ပြောဆိုပြီးနောက် ချက်ချင်း ထွက်သွားတော့သည် ။
" အစ်မမီ ... " ယူမီက မိတ်ကပ်ပြင်သည့် အခန်းတွင်း ထိုင်နေစဉ် ဝင်လာသည့် ကွေ့လန်အာ အား အပြစ်ကင်းစင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။
" အို.. Rose ပါလား .. လာ.. လာ.. အစ်မ မင်းကို ဒီ scene အတွက် သင်ပေးချင်လို့ " ဇာတ်ညွှန်းစာအုပ်အား ကိုင်လျက် ကွေ့လန်အာ အနားသို့ လျှောက်သွားလိုက်သည် ။
ကွေ့လန်အာ က အပြစ်မလုပ်ထားသည့် အမှုအရာဖြင့် လုပ်နေသည့် ယူမီ အား ကြည့်ရင်း ဒေါသကို မထိန်းနိုင်တော့ပေ ။ သူမက စာအုပ်အား ရိုက်ချလိုက်ကာ အော်ဟစ်လိုက်တော့သည် ။ " အစ်မ ကို လုဖုန်း ပြဿနာ ရှာခိုင်းတာမလား ..!!"
ယူမီ က ထိတ်လန့်သွားသည့် အမှုအရာဖြင့် ရင်ဘတ်အား ဖိလိုက်ပြီး ခေါင်းယမ်းလိုက်သည် ။ " Rose ဘာတွေ ပြောနေတာလဲ .. အစ်မနားမလည်ဘူး .. တို့က မင်းကို စီနီယာ တစ်ယောက်အနေနဲ့ အကောင်းဆုံးဖြစ်စေချင်လို့ပါ " သူမက ကွေ့လန်အာ အား စိတ်ပျက်သည့် အကြည့်ဖြင့် ကြည့်လိုက်ကာ " ကြည့်ရတာ .. တို့ စေတနာ ခွေးစားသွားတယ် ထင်ပါရဲ့ "
" နင်!!! " ကွေ့လန်အာ သည် လက်ညိုးထိုးကာ တစ်ခုခုပြောချင်သေးသော်လည်း ဒါရိုက်တာ ၏ ဆက်ရိုက်မည် ဆိုသည့် အသံကြောင့် ဒေါသထွက်ရုံသာ ထွက်နိုင်တော့သည် ။ နဂိုက အဆင်မပြေရသည့် အထဲ ဒေါသထွက်နေသဖြင့် ပိုဆိုးသွားကာ ‌ဒါရိုက်တာ မှာ သူမအား စိမ်းစိမ်းဝါးဝါးကြည့်ကာ မနည်း အဆင်ပြေအောင် ရိုက်ခဲ့ရသည် ။
နောက်တစ်ရက်တွင် ကွေ့လန်အာ ၏ ဇာတ်ညွှန်းစာအုပ်အား ရိုက်ချသည့် video သည် လိုင်းပေါ်တွင် တက်လာခဲ့ကာ နာမည်ကြီးသွား‌သော်လည်း အချိန်မီပင် video သည် ပြန်ပျက်သွားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ကွေ့လန်အာ တွင် နောက်ခံကောင်းကောင်း ရှိသည့် ပုံပင် ။