part(57)

9K 732 62
                                    

စတော်ဘယ်ရီ ချယ်ရီ warning ပါ။
အသက်မပြည့်သေးတဲ့သူတွေကို တကယ်ပဲမဖတ်စေချင်ပါဘူး။
အရေးအသား အသုံးအနှုန်းများအတွက် နားလည်ပေးပါ။
🍎🍎🍓🍓🍒🍒


.
.

ချောင်းသာရဲ့ New Year ညကအသက်ဝင်ပြီး လှပတယ်။
လူတွေက နှစ်သစ်ကူးညကိုပုံစံအမျိုးမျိုးနဲ့ဖြတ်သန်းဖို့ပြင်ဆင်နေကြတယ်။
ကမ်းခြေမှာ မီးပုံပွဲလုပ်နေကြတဲ့အဖွဲလေးတွေက ဟိုတစ်စု ဒီတစ်စု။ သီချင်းဆိုသံတွေ ဂိမ်းဆော့သံတွေ ဝိုင်းဖွဲ့ပြီးသောက်စားသံတွေ ဆူညံနေတာ။

ပင်လယ်ကလာတဲ့ လေကအေးစက်နေတယ်။
လက်ကလေးတင်းတင်းပိုက်ရင်း ကမ်းခြေမှာလမ်းလျှောက်နေတဲ့ ဘဂျမ်းနဲ့လင်းသန့်ကြည်...တစ်ယောက်လက်ကိုတစ်ယောက်တွဲလို့။

ငယ်ထွေးက ညနေပိုင်းလဲ ရေဆော့တာလက်ကုန်။
သူ့နောက်ကို ဘဂျမ်းမှာ ကလေးထိန်းသလို လိုက်ထိန်းပေးရတယ်။
ရေကိုတော့ကြိုက်တယ် ရေမကူးတတ်ဘူးလေ။
ဘဂျမ်းက မြစ်နားကမ်းနားနေခဲ့ရသူမို့ ရေကူးကျွမ်းကျင်တယ်။
မောင်ရင်ငယ်ထွေးကရေမကူးတတ်ပေမဲ့ ကမ်းစပ်မှာဆော့ချင်တာမဟုတ်ဘူး...ရေနက်တဲ့နေရာထိသွားပြီးလှိုင်းစီးမှ ပျော်စရာကောင်းတာတဲ့။

"ငယ်ထွေး...အေးလာပြီ...ပြန်ကြမလား"

"အင်း...ပြန်မယ်"

ငယ်ထွေးလည်ပင်းက ပဝါထူထူကိုသေချာပြန်စည်းပေးရင်း ဘဂျမ်းမေးတော့ ပြန်မယ်တဲ့။
ဟုတ်တယ်လေ...ပြန်ရမယ်...အချိန်ရှိခိုက် လုံ့လစိုက်ပေါ့။

အခန်းပြန်ရောက်တော့ နှစ်ကူး count လုပ်ဖို့အချိန်နီးနေပြီ။
အခန်းရှေ့ကိုထွက်ပြီး ကောင်းကင်ကိုမော့ကြည့်တော့ လက မပြည့်တပြည့်...အရမ်းကိုလှနေတယ်။
မကြာဘူး...အော်သံတွေ အကျယ်ကြီးကြားရပြီး မီးရှူးမီးပန်းတွေ ကောင်းကင်မှာ ဖွေးဖွေးလှုပ်သွားတယ်။ ငယ်ထွေးလေး သဘောကျလို့ ခုန်ဆွဆွနဲ့
ပျော်နေတာ။

"မောင်....နှစ်ကူးပြီနော်...မောင်နဲ့တူတူ ဒီလိုညကိုဖြတ်ရတယ်....ပျော်လိုက်တာ....မောင် ပျော်လား...ပျော်လား..ဟင်"

"ငယ်ထွေး ပျော်ရင် မောင်ကအလိုလိုပျော်ပြီးသား"

ရင်ခွင်ထဲ ဝင်လာတဲ့ကိုယ်လုံးလေးကိုဖက်ထားရင်း တဖွဖွနမ်းမိတယ်။ ငယ်ထွေးပုခုံးပေါ်တင်ပြီးဖက်ထားတဲ့လက်တစ်ဖက်က နားရွက်လေးကို ပွတ်ပေးတော့ ရင်ခွင်ထဲပိုတိုးလာပြီး ဘဂျမ်းခါးကို တင်းနေအောင်ဖက်တယ်။
အိစက်နေတဲ့ နားသန်ဖျားလေး...ငယ်ထွေးတစ်ကိုယ်လုံး ပျော်ဝင်ချင်စရာ...ထိတွေ့လိုက်တိုင်း...ရှေ့ဆက်တိုးမိချင်စရာ...အိစက်နေ ေတာ့တယ်။
.
.

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now