Ep-28

18.3K 1.1K 65
                                    

Uni....

အချိန်အားဖြင့် ည 9 နာရီလောက်ရှိမည်... မိုးကောင်းကင်တစ်ခုလုံးအုပ်မှိုင်းပြီး မြေပြင်ပေါ် အညိုးအတေးကြီးစွာ ရွာသွန်းနေတဲ့မိုးဟာ Yan မျက်ရည်တွေနဲ့ အပြိုင်.... လျှပ်စစ်မီး မရှိတဲ့ ရွာလေးမို့ အိမ်တိုင်း လိုလိုဟာ ဖယောင်းတိုင်း မီးလေးတွေနဲ့ ကိုယ့်ဆီကိုယ်ဆီ.....။

Yan လဲ မျက်ရည် တွေ အိပ်ပျော် သွားတာ အခုမှနိုးတော့တယ်.... ဒီချိန်လောက်ဆို သူလဲ ပြန်လောက်ရောပေါ့.... Yan အတွေးတွေရပ်ကာ..အလင်းရောင်ရရှိရန်... မီးစာခွက်အား လိုက်လို့ရှာနေသည်။

>>>>>>>>>>>>>>>>>>>>

" ကိုယ့်  အမှားကို ပြန်ပြင်ဆင်ဖို့ အခွင့်ရေး မရှိတော့ဘူးလား  Yan "

" ဟင့်အင်း ဦးမှိုင်းလိမ်တယ် "

" ကိုယ် မင်းကို ချစ်တယ်... "

" နာကျင်ရတယ် "

"  ကိုယ်...."

"ထွက်သွား ! "

Yan နှုတ်ဖျားမှ စကားလုံးတွေကို အရမ်းကို အေးစက်လွန်းသည်။

" ကိုယ် ဒီတိုင်းလှည့်ပြန်ဖို့ မင်းဆီလာခဲ့တာမဟုတ်ဘူး Yan... "

"..... "

" မင်း​ကျေနပ်တဲ့ အထိ ကိုယ် ဒူးထောက်တောင်းပန်ပါတယ်"

​ ဦးမှိုင်းပြောကာ  Yan တို့ တဲအိမ်ရှေ့ ဖုန်အလိတ်လိတ် ထနေတဲ့ မြေကြီးပေါ် ဒူးထောက်ကာ မလှုပ်မယှက်....

အခန်းထဲက Yan ဆိုတဲ့ကောင်လေးကတော့ ချစ်ခဲ့ရသူ အတွက် မျက်ရည်များဖြင့်သာ။

.
.
.
.
.
.
.
>>>>>>>>>>>>>>>>>>>>>>

Yan တစ်ယောက်  သည်းကြီးမည်းကြီး ရွာနေတဲ့ မိုးကြောင့် အိမ်ပြတင်းပေါက်များ လိုက်ပိတ်နေရင်း..... အိမ်ရှေ့မှာ ဒူးထောက်လျက် ဦးမဟာမှိုင်းကို တွေ့လိုက်ရသည်ကြောင့်...မိမိ မျက်လုံးပင် မယုံနိုင်.... သူ...သူ လို လူမျိုးက .... မိုးရေထဲမှာ ဒူးထောက်နေတယ်.... ဘာလို့... ဘာလို့လဲ..... မဟုတ် ဘူး....ဒါ ခများနဲ့ ပုံစံမဟုတ်ဘူးလေ....

မိုးရေတွေထဲ ချမ်းလွန်းလို့  တစ်ကိုယ်လုံးတုန်ရီနေတဲ့ ဦးမှိုင်း  မိမိကိုယ်ကို အပစ်ပေးနေသည်။

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now