တိုက်ခန်းလေးထဲမှာ အပ်ကျသံကအစကြားနိုင်တဲ့ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တာက ဂျစ်တူး ရဲ့ အေးစက်စက် အသံ
" ကျွန်တော် ပြန်တော့မယ် "
" ဟင် ချက်ချင်းကြီးလား "
" အင်း အိမ်က စောင့်နေမှာမို့လို့ "
" အခုဘယ်သူနဲ့နေတာလဲ ဂျစ်တူး "
" ကျွန်တော် ပြောပြပါ့မယ် အခုတော့မဟုတ်သေးဘူး ပြန်လိုက်ဦးမယ် "
ထိုင်ခုံက ထ ပြီး မဟာ့ခုံဘေးကဖြတ်သွားတဲ့ ဂျစ်တူး လက်ကောက်ဝတ်ကို လှမ်းဆွဲထားလိုက်မိတယ် ။
" ကိုယ့်ကို ချစ်သေးတယ်မလား "
" ကျွန်တော် ဘယ်တုန်းကမှ ကိုကိုးကို မမုန်းခဲ့တာတော့ သေချာပါတယ် "
မဟာ လက်ကိုလွှတ်ပေးလိုက်တော့ တံခါးဖွင့်သံ ၊ တံခါးပြန်ပိတ်သံ အတိုင်းသားကြားလိုက်ရပြီး ဂျစ်တူး လဲ ပျောက်ကွယ်သွားလေပြီပေါ့ ။ သူ နောက်တခါ ပြန်လာမှာပါနော် ။
မရေရာတဲ့ခံစားချက်တွေနဲ့ ကျွန်တော်အိမ်ပြန်လာလိုက်တယ် ။ အိမ်ပြန်လမ်းတစ်လျှောက်လုံးစဉ်းစားလာတာက တစ်ခုထဲ ။ ကျွန်တော့်ကို ဘယ်သူရောင်းတာလဲ ။
ခြံဝင်းထဲကားဝင်လိုက်တာနဲ့ ခြံထဲကပန်းခြံလေးမှာ အကိုက စာအုပ်ထိုင်ဖတ်နေသည် ။ ကားပေါ်ကဆင်းဆင်းချင်းပဲ အကို့ဆီ ေလျှာက်သွားလိုက်တယ် ။
" ဪ ညီ ပြန်လာပြီလား ညနေမှ ပြန်လာမယ်ဆို "
" ဟုတ် "
" တစ်ခုခုဖြစ်လာတာလား ညီ "
ညီ က မတ်တပ်ရပ် အနေအထားကနေ ကိုယ်ကိုကိုင်းလိုက်ပြီး မင်းထင်ကိုဖက်ကာ ငိုတော့သည် ။ ကလေးတစ်ယောက်လိုရှိုက်ကြီးတငင်နဲ့ သည်းသည်းထန်ထန်ငိုကြွေးခြင်းပင် ။
မငိုပါနဲ့ ညီ ။ ညီ ငိုရင် ကိုယ် ပြို ရတယ် ။
" ညီ .... ကိုယ့်ကိုပြောပါဦး ညီ ဘာဖြစ်တာလဲ "
ညီ က တော်တော်ကြာကြာ ငိုနေရာကနေ ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး မင်းထင် မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး