Part7(uni+zawgyi)

2.8K 130 21
                                    

Uni
"သားကြီး ကလေးက အရမ်းတောင်ကြောက်နေတာ အပြင်ခဏထွက်သွားပေးနော် ကြီးမြချော့ကျွေးလိုက်မယ်"

ခန့်လည်း အံ့သြသွားတယ် ကြီးမြကိုဖက်ပြီးငိုနေတဲ့ နက်ကိုကြည့်ရတာ အသားတွေပါ တုန်နေတယ် ပုံမှန်တော့ မဟုတ်ဘူး ကြီးမြကလည်း ခန့်ကို ထွက်သွားစေချင်ပုံရတာနဲ့

"ဟုတ်ကဲ့ ကြီးမြ သူ့ကိုတော့ ဆန်ပြုတ်ဝင်အောင်ကျွေးလိုက်ပါ"

"စိတ်ချပါသားရယ်"

ခန့်ထယ်ဝါ ထွက်သွားပြီးတော့ ကြီးမြရင်ဝင်ထဲက နက်ကို

"သမီးလေး နက် ကိုကိုမရှိတော့ဘူးနော် လာ ဆန်ပြုတ်စားရအောင်နော်"

"ကိုကို နက်ကိုရိုက်မှာ ကြီးမြရဲ့ နက်လေ နက်နဲ့ ကိုသတ္တိက ဘာမှမဆိုင်ပါဘူး နက်သူ့ကိုလည်းမချစ်ပါဘူး ကိုသတ္တိလိမ်ပြောတာပါ ကြီးမြရယ် ယုံပါနော် ဟီးအီး နက်တကယ်ပြောတာပါ"

"အေးပါ သမီးရယ် နက်လေးကို ကြီးမြက ယုံတာပေါ့လို့ လာ ကလေး ဆန်ပြုတ်သောက်မယ်နော် "

"ဟင့်အင်းမသောက်ဘူး ကိုကိုက နက်စားရင် မုန်းမှာ ကိုကိုကမကြိုက်ဘူး"

"မဟုတ်တာပဲ ကလေးရယ် ကိုကိုက သမီးကိုစားစေချင်တာ ခုတောင် နက်လေးကို ဆန်ပြုတ်လာတိုက်တာလေ "

"ဟင် နက်ကိုလာရိုက်တာ မဟုတ်ဘူးလား ကိုကိုက နက်ကို ဘာမှမကျွေးချင်ဘူးလေ "

"မဟုတ်ပါဘူး နက်အထင်လွဲနေတာ ကြီးမြ သမီးကိုကို့ကို ခေါ်ပြီးမေးပေးရမလား"

"ဟင့်အင်း ကိိုကို့ကို နက်ကြောက်တယ် ကိုကိုကနက်ကို အထင်လွဲနေတာ နက်ကို မချစ်တော့ဘူး နက်ကို ဘာမှလည်း ဟင့် ဘာမှလည်း မကျွေးချင်ဘူး ဟီး အီး အီး"

"အေးအေးတိတ်တော့နော် ကြီးမြ ကိိုကို့ ကိုရိုက်လိုက်မယ်နော်"

"ဟင့်အင်းမရိုက်ပါနဲ့ ကြီးမြရဲ့ ကိိုကိုနာသွားမှာပေါ့ ကိုကို့ကိုမရိုက်နဲ့နော်"

"ဒါဆို ကြီးမြမရိုက်တော့ဘူး နက်လေးက ဆန်ပြုတ်လေး စားလိုက်နော် ဒါမှ နက်ကိုကိုက နက်ကို ချစ်မှာပေါ့"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now