Chapter(18)

26K 3.7K 159
                                    

စေ့စပ်ပွဲမစခင် ယွီကျွင်းချန် ဧည့်ခန်းထဲမှာ သူငယ်ချင်းတွေနဲ့စကားပြောနေတယ်။

"လော်ဆန်း က လော် မိသားစုရဲ့သခင်လေးဆိုတဲ့အတိုင်းချမ်းသာချက်ပဲ၊မင်းမှာပိုက်ဆံရှိရင်တောင် ဒီ Hotel မှာ Party လုပ်ဖို့မလွယ်ဘူးကွ"

"ဒါမင်းပိုင်တဲ့ Hotel ဆို ငွေတစ်ကျပ်တောင်ကုန်စရာမလိုဘဲ၊ကြိုက်တဲ့အချိန် Party ပေးလို့ရတယ်ကွာ။အမိန့်တစ်ချက်ပေးလိုက်တာနဲ့ အကုန်အဆင်သင့်ဖြစ်နေမှာပဲလေ၊ဟုတ်တယ်မလား ကျွင်းချန် "

"ငါလည်းမသိပါဘူးကွာ၊အကုန် လော်ဆန်း  ပဲစီစဉ်သွားတာ"

အပြုံးလေးနဲ့သာဖြေနေရပေမယ့်၊ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို သူသေချာသိတယ်။လော်ဆန်း  တစ်ယောက် Hotel ရဲ့ General manager ကိုအကြိမ်ကြိမ်သွားတွေ့ပြီး အစော်ကားခံ၊အငြင်းခံရပြီးမှ ဒီလို ပွဲဖြစ်မြောက်အောင်စီစဉ်နိူင်တာ။အဲ့အပြင် ပိုက်ဆံပါပေးရသေးတယ်။

လော်ဆန်း သုံးသမျှကို အဖိုးကြီးချန်း က ဒိုင်ခံထုတ်ပေးနေတာဖြစ်တယ်။အဖိုးကြီးချန်း က လော်ဆန်း  ကို တခြားမြေးတွေထက်ပိုချစ်တယ်။ဒါပေါ့ လော်ဆန်း  တစ်ယောက် လော် မိသားစုကအမွေတွေရလာရင် ချန်း မိသားစုပဲအကျိုးအမြတ်ရမှာလေ.....

"ကျွင်းချန်ရေ...ဒီနေ့ လော်ဆန်း  ရဲ့မိဘတွေရောလာမှာလား?"

"ပေါက်ကရတွေမေးပြန်ပြီ၊ သေချာပေါက် လာမှာပေါ့ကွ၊သားဖြစ်သူရဲ့စေ့စပ်ပွဲကိုဘယ်မိဘက မလာဘဲနေမလဲ။ဟုတ်တယ်မလားကျွင်းချန်"

ယွီကျွင်းချန် ပြုံးရုံပဲပြုံးပြလိုက်ပြီး ပြန်မဖြေခဲ့ဘူး။လော်ဆန်း အဖေ လာ၊မလာတော့ သူမသိပေမယ့်။လော်ဆန်း  အမေကတော့ မလာတာသေချာတယ်။

"မုန့်ရန် ရောလာမှာလား၊သူ လော်ဆန်း  အဖေနဲ့လက်ထပ်လိုက်တာကို ငါအခုထိ အံ့သြနေတုန်းပဲကွ"

"လော်ဆန်း  ကသူ့အဖေနဲ့ ရုပ်ချင်းဆင်တာပဲဖြစ်ရမယ်။မုန့်ရန် က လော်ဆန်း  ကိုမရလို့ လော်ဆန်း  အဖေကို ယူလိုက်တာပဲဖြစ်ရမယ်"

"မုန့်ရန် လိုလူမျိုးကသာ ဒီလိုမျိုးလုပ်ရဲတာ။ဒါပေမယ့် ကျွင်းချန်ရေ မုန့်ရန် ကလော်ဆန်း  အဖေနဲ့လက်ထပ်လိုက်တာက မင်းနဲ့ လော်ဆန်း  ကိုတော့ မထိခိုက်ဘူးမလား?မုန့်ရန် သာ လော်ဆန်း  အဖေကို အိပ်ယာပေါ်မှာစည်းရုံးရေးဆင်းပြီး တစ်ခုခုပြော..."

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now