Unicode
🍀24 July Birthday Girlလေးရေ
Happy late birthdayပါနော်😁.. အခက်အခဲများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါစေ❤❤❤
အခန်း(၅၇) ဒီရေအပြောင်းအလဲ
နောက်မိနစ်ဝက်လောက်အထိ ယန်ကျွင်ရိ၏ မျက်လုံး များသည် စခရင်ပေါ်ကို အာရုံစိုက်နေဆဲ။ အေးဂျင့်အစ်မဝူ ၏မျက်နှာပေါ်မှာ စိုးရိပ်မှု၊တုန်လှုပ်ခြောက်ခြားမှုတွေနှင့် နားနေခန်းထဲသို့ ပြေးဝင်လာခဲ့ပုံကို ပြန်တွေးကြည့်နေမိ သည်။ သူမက သူ့လက်မောင်းကို ဆွဲပြီး ခုချက်ချင်း Weibo ပေါ်က အခြေအနေကိုရှင်းလင်းဖို့ ပြောလာခဲ့သည်။ တစ်စုံ တစ်ယောက်က သူမ၏လည်ပင်းကို ဓားနှင့် ထောက်ထား သည်အလား။ တစ်စက္ကန့်လေး နောက်ကျသွားခဲ့လျှင် သူမနဲ့ သူ နှစ်ယောက်လုံး အဆုံးသတ်သွားတော့မည်ကို စိုးရိမ်နေ ဟန်။
တစ်စုံတစ်ယောက်က အစ်မဝူအား သူ့ကို Weiboပေါ် က အခြေအနေကို ဖြေရှင်းဖို့ရာ ခိုင်းစေခဲ့တယ်ဆိုတာကို ချက်ချင်း သဘောပေါက်လိုက်၏။
အစ်မဝူသည် မလှုပ်မယှက်ရှိနေဆဲ ယန်ကျွင်ရိကို မြင် တော့
"မင်း ရှင်းလင်းချက် ကြေညာစာကို တင်ပြီးပြီလား?"
ယန်ကျွင်ရိက ခေါင်းငြိမ့်ကာ ပြောသည်။
"ပို့စ်တင်လိုက်ပြီ"
"ကောင်းတယ်"
အစ်မဝူသည် သိသိသာသာ စိတ်သက်သာရာ ရသွား ဟန်တူသည်။နောက်ပြီး သူမ၏မျက်နှာပေါ်ရှိ အမူအရာ သည် အရင်ကလောက် စိုးရိမ်ခြင်းသို့တည်းမဟုတ် တုန်လှုပ် ခြောက်ခြားခြင်း မရှိတော့ချေ။
ယန်ကျွင်ရီသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ
"အစ်မဝူ, ဘာတွေ ဖြစ်နေတာလဲ?"
အစ်မဝူက အင်တင်တင်ဖြင့် ပြုံးပြီး သူ့ကို ပြောပြသည်။
"စုယာယာနောက်က လူတွေက ငါ့ကို လာတွေ့ပြီး ရှင်း လင်းချက် ကြေညာစာတစ်စောင် မင်းကို တင်ခိုင်းစေတယ်.. သူမရဲ့ နောက်က လူတွေက ငါတို့ အာခံနိုင်စွမ်းရှိတဲ့သူတွေ မဟုတ်ဘူး... ဖြစ်နိုင်ရင် သူမနဲ့မင်းရဲ့ ဆက်ဆံရေးကို အမြန် အဆုံးသတ်တာက ပိုကောင်းတယ်"
VOCÊ ESTÁ LENDO
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာ
Romanceဇာတ်လမ်းအညွှန်း စုယာယာ သတိပြုမိချိန်မှာ သူမက ဝတ္ထုကမ္ဘာတစ်ခုထဲ ရောက်ရှိနေခဲ့ကာ CEOရဲ့ အစားထိုးခံ ဇနီးသည်-အမြှောက်စာသာသာဇာတ်ကောင်လေးထဲ ရောက်နေတယ်ဆိုတာကို သိလိုက်ရတယ်။သူမနဲ့အတော်လေးကိုဆင်တူတဲ့ CEOရဲ့ အချစ်ဦး ပြန်လာတဲ့အချိန်မှာ ကွာရှင်းခြင်းနဲ့ ဝမ်းန...
