အပိုင်း ၅

5.3K 271 2
                                    

(unicode)

ကန်ရေပြင်အလယ်တည့်တည့်တွင် လှေငယ်လေးတစ်စင်း ခေတ္တရပ်နားနေ​လေ၏။

" ဘာလို့ရပ်လိုက်တာလဲ၊ ဆက်လှော်လေ "

" အားပျက်သွားလို့ "

" ဒါဆိုလည်း ခဏနားလိုက်အုန်း၊ ပြီးမှဆက်လှော် "

" နားဖို့ မလိုဘူး။ ကလေးလေးက အဖြေပြန်ပေးလိုက်တာနဲ့ ခုချက်ချင်းအားတွေ ပြန်ပြည့်သွားမှာ "

".........."

" ကလေးလေး "

" ဘယ်လို့ယုံကြည်ရမှာလဲ "

တိုးတိုးဆိုသော ကလေးလေး၏စကားသံတို့ကို ဒေါင်းမာန် မနည်းနားစိုက်ထောင်လိုက်ရသည်။

" ကလေးလေး "

" ကလေးမဟုတ်ပါဘူးဆို "

နှုတ်ခမ်းဖူးလေးကိုမဲ့လျက် အသံကျယ်ကျယ်ဖြင့် ကလေး​လေးသည် သူ့ကိုယ်သူ ကလေးမဟုတ်ကြောင်း ဆိုလာသည်။ ငိုမဲ့မဲ့မျက်နှာလေးကြောင့်

" ဟုတ်ပြီး ဟုတ်ပြီး။ ကလေးလို့ မခေါ်တော့ဘူးနော် "

" လူကြီးက ချစ်တယ်ပြောပြီးတာနဲ့ ရက်အကြာကြီးပျောက်သွားတယ်၊ ကျွန်တော် လူကြီးကို ဘယ်လို့လုပ်ပြီး ယုံကြည်ရမှာလဲ၊ စဥ်းစားအုန်းလေ "

" ဟုတ်တယ် ဟုတ်တယ်၊ ကိုယ်အမှားပါ။ ကိုယ့်ဘဝမှာ ပထမဆုံး နှင့် နောက်ဆုံးအကြိမ် ချစ်ဖူးတာမို့ အတွေ့အကြုံ့မရှိဖြစ်သွားတာပါ "

" အတွေ့ကြုံ့က ရှာချင်သေးတယ်ပေါ့ "

" အဲ အဲသဘောမဟုတ်ဘူးလေ "

" မရှာနဲ့တော့ "

" ကလေးလေး "

ကလေးလေးအပြောကြောင့် ပြန်ပြောစရာများပျောက်ရှရ၏။ ကလေးလေးမျက်နှာအား ကြည့်နေရုံသာ တတ်နိုင်တော့သည်။

" လူကြီးကို ကျွန်တော်သင်ပေးမယ် "

ကလေးလေးထံမှ မထင်မှတ်ထားသော အဖြေစကားလေးကြောင့် ဒေါင်းမာန်ရင်ထဲကြည်နူးစိတ်များ ပြည့်သွားရသည်။ "ချစ်တယ်" ဟု တိုက်ရိုက်မပြောသော်လည်း အဖြေပေးခြင်းမည်သော ထိုစကားလေးကြောင့် အတိုင်းမသိပျော်ရွှင်မိသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now