အပိုင်း ၃၈ / အပိုင္း ၃၈

7.5K 903 145
                                    

" အဲ့တိုင်း ရပ်နေကြမလို့လား "

ညီ သတိပေးမှပဲ မဟာအာကာ့ရဲ့လက်ကိုလွှတ်ပြီး ထိုင်ခုံမှာပြန်ထိုင်မိတယ် ။ တစ်ယောက်နဲ့တစ်ယောက် ရီပြနေပေမယ့် သူလဲ ကိုယ့်လိုစိတ်ထဲ ခု နေတာမျိုးဖြစ်နေမှာ အသေအချာပါပဲ ။

" မဟာအာကာ က ဘာအလုပ်လုပ်လဲ "

" ကျွန်တော် လက်ရှိ xxx ဆေးရုံမှာ တာဝန်ကျတဲ့ဆရာဝန်ပါ ပြီးတော့ မဟာ လို့ပဲခေါ်လို့ရပါတယ် "

" ဟုတ်ပါပြီ ကိုယ် ညီ ပြောပြလို့ တစ်ခါပဲကြားဖူးပေမယ့် အမြဲတမ်းတွေ့ချင်ခဲ့တာပါ "

" ကျွန်တော်ကတော့ ခုနမှ ကြားဖူးပေမယ့် တကယ်ကို ကျေးဇူးတင်ပါတယ် ကျွန်တော့်အမျိုးသားကို စောင့်ရှောက်ပေးထားလို့ "

" မလိုပါဘူး ကိုယ် ညီ့ကိုမွေးစားခဲ့ကတည်းက ဒုက္ခရောက်နေတဲ့သူ့ကို ကူညီချင်ရုံပါပဲ ကျေးဇူးတင်ခံချင်လို့ မဟုတ်ဘူး ပြီးတော့ အဲ့တုန်းက အခြေအနေအရက .... "

" အကို "

ညီ လှမ်းခေါ်လိုက်တာကြောင့် ဘာအဓိပ္ပာယ်လဲ မင်းထင် သိပါသည် ။

" ဟုတ်ပါပြီ အဲ့တာဆို အခု ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ မဟာ "

" ကျွန်တော့်အမျိုးသားကို ကျွန်တော် ပြန်ခေါ်သွားမှာပါ "

" ခေါ်သွားတာက ရပါတယ် ဒါပေမယ့် ညီ လိုက်ဖို့အဆင်သင့်ဖြစ်ပြီလားဆိုတာရယ် ပြီးတော့ ကိုယ့်အိမ်မှာနေသလို လုံခြုံစိတ်ချရပါ့မလားဆိုတာရယ် ကို အရင် စဉ်းစားကြည့်ပါ "

" ကိုကိုး ကျွန်တော်အခုတော့ ကိုကိုးနဲ့လိုက်မနေနိုင်သေးဘူး ကျွန်တော်လုပ်စရာတွေရှိသေးလို့ "

" မောင့်သဘောပါပဲ "

မင်းထင် မျက်ခုံးတွေ တွန့်ချိုးသွားသလို ညီ လဲ မျက်လုံးဝိုင်းလေးနဲ့ မဟာကို ကြည့်နေသည်လေ ။ သေချာပါတယ် ညီ လဲ သူ့ကိုမောင်လို့ခေါ်တာကို အံ့ဩနေပုံပင် ။ စိတ်ချပါ မဟာအာကာ ညီ က မင်းအပိုင်ပါ ။

" ကဲ နေ့လည်စာစားကြတော့မလား "

" ဟုတ် စားမယ်လေ အကို ကိုကိုးရော "

အထွန်း / အထြန္း ( Completed )Where stories live. Discover now