part(61)

7.6K 771 65
                                    

မောင်....

အခန်းထဲမှာ ထိုင်နေတာကြာပြီ။
ဒီနေရာလေးကြည့်လိုက် မောင်နဲ့အတူထိုင်ခဲ့တဲ့နေရာဆိုပြီး အဲ့နေရာလေးကိုတစိမ့်စိမ့်ကြည့်ပြီ ငိုလိုက်။
ဟိုနေရာလေးကြည့်လိုက် မောင် နမ်းခဲ့တဲ့နေရာ...မောင် ပွေ့ချီလိုက်တဲ့နေရာ...မောင်က ထိုင်ပြီး ငယ့်ကိုငေးခဲ့တဲ့နေရာ...
မောင်...မောင်...မောင်ရေ...ဘယ်လိုများလုပ်ရက်ခဲ့တာလဲ။ ဘယ်လိုများဆုံးဖြတ်ခဲ့တာလဲ။
ငယ့်ကိုများ ဒီအတိုင်း မောင်တစ်ခွန်းမှ မပြောမဆိုနဲ့ထားခဲ့ရင် အဆင်ပြေမှာတဲ့လား။
မောင် ရက်ရက်စက်စက်ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်နောက်မှာ ငယ်ဘယ်လိုများ ကျန်နေခဲ့ရမလဲ မောင် မတွေးဘူးလား။
မောင်ထားခဲ့တာနဲ့ပဲ ငယ်က မောင်နဲ့ဘာမှမဆိုင်တာဖြစ်နိုင်ပါ့မလား။

မောင် ငယ်ကြောင့်တွေဝေရတာတွေများလွန်းလို့ ငယ်က မောင့်အပိုင်ပါလို့ သက်သေပြခဲ့ပြီးပဲလေ။
မောင် ထားခဲ့ရက်တဲ့ငယ်က အမြဲမောင့်အပိုင်ပါပဲ။

အ​​ပြင်မှာမှောင်ရိပ်ကျလာပြီ။
လင်းသန့်ကြည် ထိုင်နေဆဲပါပဲ။
ငိုရလွန်းတာကြောင့်ရော တစ်နေကုန်ပင်ပန်းတာကြောင့်ရောပေါင်းပြီးလူက ထကိုမထနိုင်တော့။
မောင် သာရှိခဲ့ရင်....လို့တွေးပြီး ငိုရပြန်သည်။
ငယ် ပင်ပန်းလာရင်ဘယ်သူ့ကိုချွဲရမှာလဲ မောင်။
ငယ် မှီခိုချင်လွန်းတဲ့ မောင့်ရင်ခွင်ကိုလွမ်းတယ်။
တစ်ရက်လေးမှ ခွဲမနေနိုင်တော့ဘူး မောင်ရဲ့။
မနေ့ညကလဲ မောင့်ကိုလွမ်းလို့အိပ်မပျော်ခဲ့ဘူး။
မောင်မရှိရင် တကယ်မဖြစ်ဘူး။
မောင်မရှိရင် ငယ်သေမှာ...သေသွားလိမ့်မယ် မောင်ရဲ့...

အချိန်အတော်ကြာလာတော့မှ...အောက်ထပ်ကိုပြန်ဆင်းရတော့မယ်ဆိုတဲ့ အသိဝင်သည်။
အခန်းထဲမှာ မှောင်မဲနေပြီ။
ဖြေးဖြေးချင်းထပြီး ပြန်ဖို့အလုပ်...လှေကားနားက နံရံကိုလက်ကစမ်းမိရင်း...ဘောင်တန်းလေးပေါ်မှာ တစ်ခုခုတင်ထားတာကို လက်ကထိမိသည်။
ဘာလေးပါလိမ့်ရယ်လို့...ယူကြည့်လိုက်တော့...ထုံးဗူးဖြူဖြူလေး...ထုံးဗူးလေးကိုကိုင်ပြီး ငိုပြန်ပါတော့သည်။
မောင်...

အိမ်ထဲကို တရွေ့ရွေ့နဲ့ဝင်လာတာမြင်တော့...အန်တီထားက မီးခိုခန်းထဲကနေ လှမ်းအော်သည်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now