Chapter - 130

7.3K 1K 95
                                    

Unicode
~~~~~~~~

ညနေစောင်းတော့ နောက်ဆုံးတိုက်ပွဲအချိန်သို့ ရောက်ရှိလာခဲ့ပြီ …

" မင်းယွီ … ဒီညပြီးရင် အားလုံးပြီးသွားပြီမို့ မင်းပြန်နှင့်ပါလား "

" ကျွန်တော်အဆုံးထိကူညီချင်တယ် … မဒန်ကိုတစ်ယောက်ထည်းမထားခဲ့နိုင်ဘူး … ပြီးတော့ အဲ့လက်လ်တို့က မဒန်ရှိနေမှန်သိနေတော့ အလွတ်ပေးမှာမဟုတ်ဘူး … ကျွန်တော်ကူညီပေးချင်တယ် "

" မင်းနေကောင်းတာ သေချာရဲ့လား "

အဝေးကနေ ဖန်းဂူရဲ့ဟော်မုန်းတွေကို ခိုးကာရှူရှိုက်ခဲ့ပြီးတဲ့နောက်မှာ မင်းယွီသိသိသာသာအဆင်ပြေသွားတယ် … သူတို့ ၂ ယောက်လုံးက ဆက်နွယ်နေ၍ မင်းယွီအနားမှာရှိနေယုံနဲ့ မသိစိတ်က လုံခြုံသည်ဟုခံစားရကာ အမြဲသတိကြီးကြီးထားတတ်တဲ့ဖန်းဂူ နေ့ခင်းဘက်မှာ နှစ်ခြိုက်စွာအိပ်မောကျနေခဲ့တယ် …  မင်းယွီက ဖန်းဂူမောပန်းကာအနားယူနေပုံကိုပြန်တွေးကာ ပြုံးလိုက်မိတယ် … ပြီးနောက် သူမအမေအား ပြန်ဖြေလိုက်တယ် …

" ကျွန်တော် ခုနေကောင်းသွားပြီ … အဆင်ပြေတယ် "

မင်းယွီက ခေါင်းမာသူမို့ ပြန်ဖို့ကို သူမ မတိုက်တွန်းနိုင်၍ ခွင့်ပြုလိုက်ရတယ် … ဒီညတိုက်ပွဲက ပိုပြီးပြင်းထန်လာခဲ့တယ် … အဲလက်လ်တို့ကအကြောင်းသိသွား၍ အင်အားပိုသုံးလာပြီး သူမပင်ခြေရာခံမရအောင် အဖွဲ့တွေကိုအမြောက်အများ ခွဲထားတယ် … ဒါကြောင့် မင်းယွီတို့သေနတ်ကိုင်ပြီး ပြန်ကာကွယ်နေရတဲ့ထိ အန္တရာယ်ကြီးမားလာခဲ့တယ် …

တစ်ဖတ်တွင်တော့ ရှုယွမ်နဲ့ဖန်းဂူ တစ်ဖွဲ့ထည်းသွားနေရင်းမှ အဖွဲ့များလာမှန် သတိထားမိသွားတယ် …

" ဖန်းဂူ ငါတို့အတူတိုက်နေရင် တစ်နေရာပဲရှင်းနိုင်လိမ့်မယ် … လူခွဲပြီးတိုက်ရအောင် "

" ကောင်းပြီ … မနက်မိုးလင်းတာနဲ့အရင်နေရာမှာ ပြန်တွေ့ကြမယ် "

ဖန်ူဂူနဲ့ရှုယွမ်တို့ အဖွဲ့ခွဲပြီး တိုက်ခိုက်နေကြတယ် … ကျန်တဲ့အဖွဲ့တွေလဲ လူစုခွဲပြီး တိုက်ခိုက်ကြရတယ် … ဒုတိယနေ့ညမှာ ကျန်းမိသားစုဘက်က အကူတွေရောက်လာကြပေမဲ့ ကျန်းရှားမေ့နဲ့ပတ်ဒိုမင်းတော့ပါမလာခဲ့ဘူး … အမဲလိုက်ပွဲကိုအာရုံစိုက်နေတာနဲ့ သူတို့မေ့နေခဲ့တာက နိုင်ငံရဲ့လုံခြုံရေးစည်းကိုပင် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now