Ep-29

19.2K 1.2K 109
                                    

Uni.....

" Babe ဘယ်မှာလဲ!! "

စံအိမ်ထဲ ကို ကားအနက် တစ်စီးဖြင့် ဝုန်းဒိုင်းကြဲကာ ရောက်ချလာတဲ့ Z !!! အလုပ်သမားတွေ အကုန် အသက်ပြင်းပြင်းတောင် မရှုရဲ့...... စံအိမ်တော်ထဲ ဒေါ်ချိုနဲ့ အိမ်တော်ထိန်းက လွဲရင် ကျန်တာ အကုန် ဒူးထောက်လျက်....။

" အပေါ် အပေါ်ထပ်မှာပါ "

ဒေါ်ချို တုန်တုန် ရီရီဖြင့် Z ကို သူလဲ ကြောက်သည်.... Z အပေါ်ထက် ကလေးငယ်ရှိရာ အခန်းဆီ...တက်သွားတော့..

ဆေးသွင်းထားတဲ့ အရှိန်နဲ့ အိပ်ပျော်သွားသော  မိမိ၏ ချစ်ရသူလေး.... ကလေးငယ်ရဲ့ လက်သေးသေးသွယ်သွယ်လေးထက် ဆေးထိုးအပ် တန်းလန်းဖြင့်.... Z ရင်တွေ နာရသည်။နှလုံးသား တစ်ခုလုံးမီးရှို့ခံထားရသလို.....

** ကိုယ့်အမှားပါ ကိုယ်သာ Baby လေးကို မထားခဲ့ရင် ဟာကွာ.... အခုတော့ Daddy ကလေးလေး...ပိန်သွားလိုက်တာ ကလေးလေးရယ် အရင်က ပေါင်းဖောင်းဖောင်းလေးတွေ ဘယ်ရောက်ကုန်တာလဲ..... အချစ်ကလေးရေ...... Daddy လေး အချစ်ကလေးကို နောက်ခါမထားခဲ့တော့ပါဘူးကွာ ... **

ကုတင် ခြေရင်းထက် ထိုင်ကာ.... ကလေးငယ်ရဲ့ ခြေဖဝါးဖြူဖြူ ဥဥလေးတွေကို တရှုံရှုံ နမ်းရင်း ယူကြုံး မရဖြစ်နေသည်...။

Babe လေးကလဲ အခုထိ မထ သေးဘူး Daddy ကို စိတ်ကောက်နေတာလားဟင်...Daddy ပြန်လာပြီလေ အချစ်ကလေးရေ.....

ခနနေတော့ Z အောက်ထပ်ဆင်းကာ ဒူးထောက်နေတဲ့ အလုပ်သမားတွေရှေ့ ကြောက်မက်ဖွယ်ကောင်းသော ဒေါသနဲ့အတူ....

" ငါ ဘာမှာထားခဲ့လဲ !!! "

" သခင်လေးကို စောင့်ရှောက်ဖို့ပါ "

" မင်းတို့ တစ်ကောင်မှ စောက်သုံးမကျဘူးလား !! "

" ...... "

" ဒီ ကလေးငယ် တစ်ယောက်ကိုတောင် မင်းတို့ မထိန်းနိုင်ဘူးလား !!! ကျစ်! ငါလုပ်ရင် အားလုံးသေကုန်တော့မယ် !! "

Z သူ့ကလေးနဲ့ ပက်သက်လာရင် စွဲလမ်းမှုရှိသည်.. အတ္တရှိသည်.. ဒေါသနဲ့သူ့ရဲ့ မာနကို ကလေးရှေ့မှာသာ မချပြတာ ဒါသူ့ပင်ကိုယ် ပုံစံပင်..။

" ကျွန်တော်တို့ သခင်ကြီးပေးတဲ့ အပစ်ကို ခံယူပါ့မယ် "

အားလုံး တစ်ပြိုင်တည်း Z ရှေ့ဒူးထောက်ရင်းဆိုလာသည်....။

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now