|13|

2.7K 554 7
                                    

[Unicode]

နွေဦးလေ့လာရေးခရီးနေ့မှာ ရာသီဥတုကအတော်သာယာတယ်။
အန်တီယွမ်က ယန်ထန်အတွက်ဆိုပြီး အစားအသောက်တွေအများကြီး ထည့်ပေးခဲ့တာ။
အဆာပြေမုန့်ဆိုဒ်မျိုးစုံကိုလည်း ယန်ထန်ကယူလာခဲ့သေးတယ်။
ဘတ်စ်ကားပေါ်တက်တက်ချင်း နောက်ဆုံးတန်းဆီမှာသာ နေရာယူလိုက်တယ်၊ ဟယ်ရှင်းချွမ်အတွက်ပါကြိုတင်ဦးထားလိုက်သေး။

ဟယ်ရှင်းချွမ်က ဆရာမကိုကိစ္စတွေကူညီပေးနေရသေးတာ၊ နောက်ဆုံးမှရောက်လာခဲ့တယ်။

အတန်းခေါင်းဆောင်အနေနဲ့၊ လူအရေအတွက်ပါရေတွက်ရဦးမယ်။

"ကားမူးတတ်လား?"

"နည်းနည်း"

"ဒါဆို ပြတင်းပေါက်ဘက်ထိုင်လိုက်"

ယန်ထန်က လမ်းဖယ်ပေးလိုက်တော့၊ ဟယ်ရှင်းချွမ်ဟာလည်း အတွင်းဘက်မှာဝင်ထိုင်လိုက်တယ်။
သူ့အိတ်ကပေါ့ပေါ့လေးရယ်၊ ဘာတွေထည့်လာလဲတော့မသိရဘူး။

ကားမောင်းသမားက ဆရာမနဲ့စကားစမြည်ပြောဆိုနေတယ်။
ကျောင်းသားတွေဟာလည်း ဆူညံလို့။

ပန်းခြံရောက်ဖို့က နှစ်နာရီလောက်မောင်းရတယ်။
သူတို့ရှေ့ရှိကောင်လေးက အမဲသားပေါင်မုန့်စားနေတာ၊ အနောက်လှည့်လာပြီး
"ထန်ကော၊ အမဲသားပေါင်မုန့်စားဦးမလား?"

အရင်တစ်ခေါက်ရန်ပွဲပြီးကတည်းက၊ ယန်ထန့်ကို ဒီလိုပဲခေါ်နေကျတော့တာ။

ယန်ထန်ကခေါင်းခါပြလိုက်ကာ
"ကိုယ့်ဟာကိုယ်စား"

ဟယ်ရှင်းချွမ်က တကယ်ကြီးကားမူးတတ်တယ်၊ တောင်တက်လမ်းဟာ သူ့မျက်ခုံးတွေကိုတွန့်ချိုးနေစေတယ်။

ရုတ်တရက်ပဲ နားထဲမှာအသံတစ်ခုကြားလိုက်ရတယ်။
နူးညံ့တဲ့အမျိုးသမီးအသံဟာ အင်္ဂလိပ်သီချင်းကိုသီဆိုနေခဲ့တာ။

ဟယ်ရှင်းချွမ်ဘေးလှည့်ကြည့်လိုက်တော့၊ နားကြပ်တစ်ဖက်တည်းတပ်ထားတဲ့ယန်ထန်က သူ့ပုခုံးကိုပုတ်ပြတယ်။

လူငယ်လေးမှာ အနည်းငယ်အောက်စိုက်နေတဲ့မျက်လုံးတွေရှိတယ်၊ မပြုံးမရယ်အချိန်မျိုးဆို တစ်ဖက်လူကိုမသက်မသာဖြစ်စေတယ်။
ရယ်မောပျော်ရွှင်နေတဲ့ပတ်ဝန်းကျင်ကြီးကြားထဲ၊ သူတစ်ယောက်တည်းကသာ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲရောက်ရှိနေသလိုပဲ။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now