Chapter - 46

7.6K 1.7K 148
                                    

ကျန့်ယောင်လေသံမှာတင့်စီးလွန်းတယ်၊ တင့်စီးလွန်းလို့ ဘယ်နားကစပြီး ဘ၀င်မကျဖြစ်ရမှန်းကို မသိတော့ပေ။

“ဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲ?”

“မင်းရဲ့တုံ့ပြန်ပုံကြီးကလည်းကွာ ငါ့လုပ်‌ဆောင်ချက်တွေကို သတ်ပစ်လိုက်သလိုပဲ”
ကျန့်ယောင်က helmetကို အောက်ချလိုက်သည်။
“Dong Cheng ကနေ Xi Chengထိ ကီလိုမီတာသုံးဆယ်လုံးလုံးကို တစ်နာရီအတွင်း လေအလျင်နဲ့ လာခဲ့ရတာလေ၊ နှစ်သစ်ကူးကို မင်းနဲ့အတူတူဆင်နွှဲဖို့အတွက်လေးနဲ့၊ မင်းအနေနဲ့က ‘Wow!အချစ်ရယ်! ငါတော့ အရမ်းရင်ခုန်သွားတာပဲ! လွမ်းတယ်ဆိုတာလေးနဲ့ ချက်ချင်းကြီး ပေါ်လာတော့တာပဲ! ငါတော့ မင်းကို သေလောက်အောင်ချစ်သွားပြီ!’ အဲ့လိုမျိုးဖြစ်သင့်တာမဟုတ်ဘူးလား?”

ရင်းချဲယ် : “အဲ့လိုမျိုးက ဖြစ်နိုင်မယ်လို့ ထင်လို့လား?”

ကျန့်ယောင် : “ငါလည်း ဖြစ်နိုင်မယ်လို့လုံးဝမထင်ထားပါဘူး”

ရင်းချဲယ် : “ဒါဖြင့် ဘာသောက်ကိစ္စကြောင့် ပြောနေသေးလဲ”

ကျန့်ယောင်က ရယ်တယ်။
“မင်းကို စကြည့်ချင်လို့....”

သူ့စကားမဆုံးခင်မှာပဲ ဘေးမှာချထားတဲ့ သူ့လက်ဖမိုးလေးတစ်ဖက်မှာ ပွတ်တိုက်ခံလိုက်ရတယ်။

ငြင်ငြင်သာသာ‌လေး၊ သူ့နှလုံးသားလေးဟာလည်း လက်သည်းလေးနဲ့ အကုပ်ခံလိုက်ရသလို။

ကျန့်ယောင်ဟာ အလန့်တကြားနဲ့ တောင့်ခဲနေမိတယ်။

“ငါရင်ခုန်ပါတယ်”
ရင်းချဲယ်ရဲ့ မျက်ဝန်းနက်နက်တွေက အလင်းရောင်‌လေးတွေထွက်နေသလိုကို တောက်ပနေတယ်။
“အရမ်းလည်းလွမ်းနေခဲ့တာ”

ကျန့်ယောင်တစ်ယောက် ဘယ်လိုမှမထိန်းချုပ်နိုင်တော့တဲ့အဆုံး သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တယ်။

လမ်းမဟာတော့ ပုံမှန်အတိုင်းပဲ ပိတ်ဆို့မြဲ၊ လမ်းရဲ့တစ်နေရာက လမ်းဖြတ်ကူးသူ‌တွေနဲ့ ပိတ်နေတာမို့ ကားတွေဟာ ရဲသားရဲ့လမ်းရှင်းပေးတာကို စောင့်ရင်း တရွှေ့ရွှေ့နဲ့သာသွားနေရတယ်။ တစ်ချက်တစ်ချက်‌တွင်တော့ စောင့်ရတာပျင်းနေတဲ့ကားသမားတွေအနေနဲ့ လမ်းကိုဝေ့ဝဲ ကြည့်လိုက်ရင် လမ်းတစ်ဖက်မှာ ပွေ့ဖက်နေကြတဲ့ စုံတွဲလေးတစ်တွဲကိုမြင်ကြရမှာပါ၊ သူတို့ သက်ပြင်းချမိကြတယ် : အော်..ငယ်ရွယ်ရတာဘယ်လောက်ကောင်းလိုက်လဲ....

Pay Attention To Me [Myanmar Translation]Where stories live. Discover now