Part 19

3K 135 6
                                    

Uni

လမ်းမထက်က ခြေလှမ်းများသည် နဂိုထက် မြန်နေမည်မှာ အသေချာ။

တစ်စုံတစ်ယောက်က တွေ့ခွင့်တောင်းသည်။
တွေ့ခွင့်တောင်းသည် ဆိုသည်ထက် အသိပေးတယ်ဆိုရင် ပိုမှန်မည်။

ငြင်းခွင့်မပေး။
ငြင်းလိုက်တော့ လမ်းထိပ်ရောက်နေပြီတဲ့လေ။
ရှင့်ကို လိုတာထက် ပိုပြီး ငြင်းဆန်နိုင်တဲ့ အားလည်း ကျွန်မမှာ မရှိပါ။

"ခန့်ညားထည်ဝါ နင်ဘယ်လိုလုပ်ပြီး"

"ရောက်ပြီလား ကိုယ့်ကို အချိန်ခဏပေး"

"ဟင် အင်း ပြောလေ ဘာလဲ"

"ဒီမှာ မပြောချင်ဘူး"

"ဟင်"

"ခဏ လိုက်ခဲ့ပေး"

"ကျွန်မ....

"ခဏပါပဲ
တကယ်ကို ခဏလေးပါ.... ကျေးဇူးပြုပြီးတော့"

"အင်း"

ကျွန်မ ရှင့်ကို ငြင်းဆန်နိုင်စွမ်း တကယ်ကို မရှိတော့ဘူးနဲ့ တူတယ်

"အဲ့ဒါဆို တက်လေ ဒီမှာ ဆိုင်ကယ်ဦးထုပ် ကိုယ်....

"ကျွန်မကို ပေးပါ"

ဆိုင်ကယ်လေးက ပုံမှန်အရှိန်နှုန်းလေးနှင့်ပင်။
ညနေခင်းရဲ့ လေတဖြူးဖြူးအောက်မှာ တစ်စုံတစ်ယောက်နှင့် အတူတကွ ဆိုင်ကယ်စီးရတာဟာ ဘာနဲ့မှ မလဲနိုင်။

"ရောက်ပြီ"

"ဒီနေရာလား"

"အင်း မင်းနဲ့ တစ်ခါလောက်တော့ တကယ်ကို လာချင်ခဲ့တာ"

ကျွန်မရောပဲ

"နေဝင်တော့မှာပဲ"

"ဟုတ်တယ် ဒီအချိန်က အလှဆုံး အချိန်ပဲ"

"ဟုတ်တယ်နော် အရမ်းလှတယ်

ဒါနဲ့ ရှင်ကျွန်မကို ဘာပြောစရာရှိလို့လည်း
ကျွန်မနဲ့အတူ နဝဒေးတံတားပေါ်မှာ နေဝင်ချိန်ကို ကြည့်ချင်ရုံ သက်သက်ပဲတော့ မဟုတ်ဘူးမလား"

"ကိုယ်မင်းကို ပြောစရာ ရှိတယ်
အဲ့ဒါကိုပြောဖို့ ကိုယ် အကြိမ်ကြိမ် စဥ်းစားခဲ့ရတယ်
ဒါပေမယ့် အခုတော့ ကိုယ် ပြောမှ ဖြစ်မယ်"

You had me at helloWhere stories live. Discover now