part(64)

8.1K 777 28
                                    

အလုပ်တွေကြားမှာ...

ဗန်းမောက်ကိုမသွားခင် ရွာကိုခဏပြန်ရသေးတယ်။
အမေ့ကို သေချာပြောပြ ရှင်းပြရတယ်။
အမေကစိတ်မချဘူး။ သူ့နားပဲ​ပြန်နေစေချင်တယ်။
ပြောလို့သာပြောရတာ...မဖြစ်နိုင်တာကို အမေသိတယ်။
အမေက သူစုထားတဲ့ပိုက်ဆံတွေ ထုတ်ပေးရုံပဲမဟုတ်ဘူး။ အာမခံပြီး ချေးငှားပေးလိုက်တဲ့ပိုက်ဆံတွေရှိနေသေးတာ။ ဘယ်လောက်လဲလို့ထုတ်မပြောဘူး..ဘဂျမ်းလဲ မမေးဘူး။ အမေ့ကိုအပြစ်မတင်ချင်တာကြောင့် ကိုယ်လုပ်ရမဲ့ကိစ္စကိုပဲကြိုးစားအာရုံစိုက်ပြီးလုပ်ရတော့မယ်။

ငယ်ထွေးကိုသတိရတဲ့စိတ်တွေဆိုတာလဲ အမျိုးမျိုးနဲ့လူကိုဖိစီးတယ်။
မမေ့နိုင်တော့တာသိတယ်။
တစ်သက်လုံးရင်နဲ့အမျှ ထည့်သိမ်းထားရတော့မဲ့ခံစားချက်ဆိုတာသိတယ်။
သက်သာလေမလားလို့တော့မျှော်လင့်မိတယ်။
အချိန်ကြာရင် လွမ်းတာတွေသက်သာလာမလားလို့ မျှော်လင့်မိတယ်။
အချည်းနှီးပါပဲ။
တစ်နေ့ထက်တစ်နေ့ပိုဆိုးလာတဲ့ သတိရခြင်းတွေ အလွမ်းတွေကြောင့် သံပတ်ပေးထားတဲ့အရုပ်လိုပဲ။
လုပ်စရာရှိတာ လုပ်နေရင်းနဲ့ပဲ နင့်သည်းနေတဲ့အလွမ်းတွေကပိုတိုးလာတယ်။
.
.
.
ဗန်းမောက်ကိုရောက်တော့...မြို့ပေါ်အထိ ကိုဝင်းအောင်ကလာကြိုတယ်။ သူဌေးနဲ့လဲမိတ်ဆက်ပေးပြီး ဘဂျမ်းအတွက်လဲ အာမခံတယ်။
သူဌေးက သဘောကောင်းပုံပါပဲ။ ငယ်လဲငယ်တယ်။
မြို့ပေါ်မှာက သူဌေးကအိမ်ငှားပြီးနေတယ်။ ရုံးခန်းလဲရှိတယ်။
လုပ်ကွက်တွေအကုန်လုံးက ရွာတွေဆီထပ်သွားမှရောက်မှာ။
လုပ်ကွက်တွေမှာ လက်ရှိကိုဝင်းအောင်ကပဲဦးစီးတယ်။ သူဌေးကအမြဲမလာဘူး။
မြို့ပေါ်ကနေပဲ လုပ်စရာရှိတာလုပ်ပေးတယ်။

သူဌေးရဲ့လုပ်ကွက်တွေက များလာတော့ လူလဲတကယ်ကိုမနိုင်ဘူး။
ပင်ပန်းတယ်...အလုပ်ကပင်ပန်းတယ်။
တောထဲ​ဖြစ်တော့ အနေအစားလဲ ဆင်းရဲတယ်။
ဘဂျမ်းရောက်လာတော့ ကိုဝင်းအောင်ကအတော်လေး ပျော်နေတာ။
ဘဂျမ်းအကြောင်းကိုလဲသိပြီး သူအုပ်ချုပ်ရတဲ့လူတွေကလဲ လူပေါင်းစုံဆိုတော့ ဘဂျမ်းကိုအားကိုးတယ်။
ဘဂျမ်းကအနေအေးပေမဲ့ ဇ မသေးဘူးလေ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now