Part 20

3.4K 159 0
                                    

Uni

"ဟူးးးးးးး"

နိုးနေတာ အတော်ကြာပြီ။
အခုထိ ဘာမှမလုပ်နိုင်သေး။
ဒီလူနဲ့ ဘယ်လိုစခန်းဆက်ရပါ့မလဲ။

အေးလေ အလုပ်ကိစ္စအရပဲ ဒီအလုပ်ပြီးရင် ဒီလူနဲ့ တွေ့စရာ အကြောင်းမှမရှိတော့တာ။
အားးးး အလုပ်က ပြီးဖို့ အဝေးကြီးလိုသေးတယ်။

ဘာမှမဖြစ်ပါဘူး။
အဲ့လူကို ကြောက်စရာမလိုပါဘူး။
ဟုတ်တယ် ဘာမှ မဖြစ်ဘူး။

ခွန်း အလုပ်သွားဖို့ပြင်ဆင် လိုက်ပါတယ်။
ယုံကြည်မှုရှိစေဖို့ ဒေါက်ဖိနပ် မြင့်မြင့်လေး စီးရမယ်။

"ဒါလေး ဟိုတစ်နေ့ကမှ ဝယ်ထားတာ အကြိုက်ဆုံး အနီရောင် ရဲရင့်တယ် ပြတ်သားတယ်
ok ဒါစီးမယ်"

အင်္ကျီကရော ဘာရောင်ဝတ်ရင်ကောင်းမလဲ
အနီရောင် တောက်လွန်းတယ်
အနက်ရောင် နာရေးလည်း မဟုတ်ပဲနဲ့
မီးဖိုးရောင် နုနေမလား
အပြာရောင် မကောင်းပါဘူး

'နေပါဦး ငါဘာလို့ အဲ့လောက်ထိ အဝတ်အစားရွေးနေတာလဲ '

အဝတ်အစားကြောင့် အချိန်ကုန် မခံချင်လို့ suit တွေချည်း ရောင်စုံဝယ်ထားတာမဟုတ်ဘူးလား။

ဒီနေ့ စကပ်ဝတ်သွားရင် ကောင်းမလား

'အားးးးး ခွန်းသံသာချို တည်ငြိမ်စမ်း အခုလို့ဖြစ်နေတာ နင့် style မဟုတ်ဘူး '

အဖြူရောင်လေးပဲ ကောင်းပါတယ်

သုတ တံခါးခေါက်ပြီး အတန်ကြာတော့ ဝင်လာခဲ့သည်။

"ဉက္ကဌ လက်မှတ်ထိုးရမယ့် စာရွက်စာတမ်းတွေ
ဒါက ဒီနေ့အတွက် schedule ပါ"

"ဒီနေ့ project မြေနေရာ သွားကြည့်မယ်"

"အဲ့တာက ဒီနေ့မဟုတ်သေးပါဘူး ဥက္ကဌ
ဒီနေ့ schedule ထဲမှာ အဲ့တာမပါပါဘူး
မနက်ပိုင်းက ရင်းနှီးမြုပ်နှံသူ တစ်ချို့နဲ့ တွေ့ပြီး နေ့လည်ဘက်က မြို့ပြင်နားက မြေနေရာတွေကို သွားကြည့်ရပါမယ်"

"အဲ့တော့"

"ဒီနေ့ အချိန်တွေက ပြည့်နေပါတယ်"

"မနက်ပိုင်း အစီအစဥ်တွေဖျက်လိုက်"

"ဗျာ.....
ဥက္ကဌ တကယ်လို့ ဖျက်မယ်ဆိုရင်တောင် နေ့လည်ပိုင်းကို ဖျက်လိုက်တာက ပိုပြီး

You had me at helloWhere stories live. Discover now