part (65)

8.8K 811 63
                                    

အချိန်တွေကြာလေ...ပိုလွမ်းလေ

လင်းသန့်ကြည် အရင်ဦးဆုံး မောင်ရှိနိုင်မဲ့နေရာလို့ယူဆတဲ့ မောင်တို့ရွာတွေဘက်ကိုစပြီးသွားတယ်။
ရွာနာမည်လဲ မသိရတော့...ပတ်ဝန်းကျင်ရွာစဥ်လှည့်ပတ်ပြီးသွားတယ်။
ဒါပေမဲ့ မောင်နေတဲ့ရွာနဲ့မနီးစပ်ပြန်ဘူးထင်ပါရဲ့..ရှာမတွေ့ခဲ့ဘူး။
ခက်တာက အဖွဲ့အစည်းနဲ့အလုပ်လုပ်ရတာဆိုတော့ ကိုယ်က ကိုယ့်ကိစ္စရှိလို့နေခဲ့ချင်တယ်တွေ ဘာတွေလုပ်လို့မရဘူး။
တာဝန်ကရှိသေးတာ...အတတ်နိုင်ဆုံးနီးစပ်ရာမြို့တွေ ရွာတွေလျှောက်သွားခဲ့ပေမဲ့ အချိန်အတိုင်းအတာရှိတော့ စုံအောင်တော့မရှာခဲ့ရဘူး။
မမောသေးဘူး...ဘယ်နေရာရောက်ရောက်...
မောင့်ကိုရှာတာ မမောသေးဘူး။
အလုပ်တစ်ဖက် မောင့်ကိုရှာတာတစ်ဖက်ပေါ့။

ရန်ကုန်အိမ်ကိုလဲပြန်မရောက်တာ ကြာပြီ။
ကိစ္စရှိလို့ အစည်းအဝေးရှိလို့ ရန်ကုန်တက်လာမှတွေ့ကြရတော့တယ်။ များသောအားဖြင့် နယ်မှာပဲ လင်းသန့်ကြည်လျှောက်သွားပြီး နေတယ်။
မောင် ရန်ကုန်မြို့ပေါ်မှာမရှိနိုင်ဘူးရယ်လို့တော့ စိတ်ကအလိုလိုသိတယ်။

တစ်နှစ်...တစ်နှစ်ကြာခဲ့ပြီ။
မောင် ထားခဲ့တာ တစ်နှစ်ကြာခဲ့ပြီ။
တစ်ရက်မှမေ့မရဘူး ...ပိုတိုးလာတဲ့ အလွမ်းတွေပဲရှိတယ်။
.
.
.
.
လင်းသန့်ကအနားမှာမရှိတဲ့အတွက် ဆေးခန်းကိစ္စလေးတွေမှာ ဝတ်ရည်အတွက်အခက်အခဲလေးတွေရှိတယ်။ အာကာကလဲ နီးနီးနားနားဆေးရုံမှာတာဝန်ကျတာမဟုတ်တော့ ဝတ်ရည်ကိုတစ်ပတ်နှစ်ရက် သုံးရက်ထက်ပိုမကူနိုင်ဘူး။
အကူဆရာဝန်ခေါ်လို့ရတာပေမဲ့ လင်းသန့်နေရာကို ဘယ်သူမှ အစားမထိုးချင်ဘူး။ လင်းသန့်ပြန်ရောက်လာရင် ပြန်ထိုင်လိမ့်မယ်ပဲတွေးတယ်။
ဆေးခန်းလေးကရတဲ့ဝင်ငွေကိုလဲ လင်းသန့်ဝေစု လတိုင်းဖယ်တယ်။

တကယ်တော့...ဝတ်ရည်နဲ့အာကာလဲ ဘဂျမ်းကိုကြိတ်ပြီးရှာနေကြပါပြီ။
အချိန်ကြာရင် မေ့သွားလောက်မှာပါ။
မိဘစီစဥ်တာ လက်ခံလိုက်မှာပါလို့ ထင်မိခဲ့ပေမဲ့ လင်းသန့်အရမ်းကို အစွဲအလန်းကြီးတယ်။
ဘဂျမ်းအပေါ် ထင်ထားတာထက်ပိုတယ်။
ဒါကြောင့် သွေးအေးသွားမလားကယ်လို့ အချိန်အတိုင်းအတာတစ်ခုထိ စောင့်ခဲ့ကြပေမဲ့ ထင်သလိုမဖြစ်ခဲ့ဘူး။
ဒါကြောင့် ဝတ်ရည်နဲ့အာကာနဲ့လဲ ရှာနိုင်သလောက်ရှာကြရတော့တယ်။
လင်းသန့်တစ်ဘဝလုံး ဒီလိုမျောသွားမှာထက်စာရင် ဘဂျမ်းကိုရှာပြီး ဘဂျမ်းလက်ထဲထည့်လိုက်တာက ပိုကောင်းမယ်။
.
.
.
.

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now