Part9(uni+zawgyi)

2.7K 111 28
                                    

Uni
ခန့်ထယ်ဝါမှာ မိသားစုဆိုလို့ ဖေဖေရယ် ကြီးမြရယ် ပုလဲနက်ရယ်ပဲရှိတယ်

မိသားစုဝင်နည်းတာတောင်မှ တိုင်ပင်ဖော်ဆိုရင် ခန့်ထယ်ဝါမပါတာများတယ် ကိစ္စတော်တော်များများမှာ ခန့်ထယ်ဝါ မသိလိုက်ဘဲ လုပ်ဆောင်လိုက်တာက တော်တော်ကြီးများတယ်

ခုလည်း ခန့်သေချာသိနေတယ် ကြီးမြနဲ့ ပုလဲနက် တစ်ခုခု ဖြစ်နေပြီ

နေ့လယ်ထမင်းပြန်စားချိန် ရောက်နေတဲ့ အန်တီမေ့ကို မသက်ာတာထက် ခု ညနေအိမ်ပြန်ရောက်တော့လည်း တူဝရီးနှစ်ယောက်လုံး ငြိမ်ချက်သားကောင်းနေတယ် ထမင်းစားတော့လည်း ကြီးမြက
"သားကြီးပဲစားလိုက်တော့နော် ကြီးမြ မစာသေးလို့"ဆိုပြီး ထမင်းမစားဘူး

ပုလဲနက်ဆိုတာလဲ
ညနေပြန်လာတည်းက မတွေ့တာ ညဘက်လည်း အခန်းထဲက ထွက်လာတာမတွေ့ဘူး

နောက်ဆုံးမနေနိုင်တဲ့ ကိုယ်ကပဲ
"ကြီးမြ ပုလဲနက်ညနေထဲက အိပ်နေတာလား ထမင်းထမစားဘူးလား ခေါ်နှိုးကြည့်ပါဦး"

"အိပ်ပါစေကွယ် နက်လေးက မနက်ကျောင်းတက်ရမှာမို့ အားရှိအောင်အိပ်နေတာထင်တယ်" ကြီးမြအဖြေကို ခန့်သိပ်သဘောမကျတာနဲ့

"ဟာ မဟုတ်တာ အိပ်နေတာ ကြာလှပြီကို ခေါ်ထလာခဲ့ပါ ကြီးမြရယ် တစ်နေကုန် မစားမသောက်ဘဲ ဘယ်လိုတွေတောင်အိပ်နေတာလဲမသိဘူး"

ကြီးမြလည်း ဘာမှမပြောပဲ နက်အခန်းထဲဝင်သွားတယ် ခဏကြာတော့
"သားကြီး နက်လေးကလေ "
"ဘာလဲ မနိုးဘူးလားကြီးမြ ဒီကောင်မလေးကတော့ တောက်"
ခန့်ပြောလည်းပြော ထသွားပြီး နက်အခန်းထဲ ဝင်သွားလိုက်တယ်
ခုတင်ပေါ်မှာ ပုလဲနက်တစ်ယောက် ခွေခွေလေးအိပ်နေတာတွေ့တော့ အားရပါးရအော်လိုက်တယ်

"ပုလဲနက် ထစမ်း ပုလဲနက် ဟေ့ ပုလဲနက်"

ကြီးမြက ခန့်နောက်ကနေပြီး
"သားကြီးရယ် ညီမလေးက ပင်ပန်းနေလို့နေမှာပါ မနှိုးပါနဲ့တော့နော်"
ဒီလောက်အော်နေတာတောင် တုပ်တုပ်မလှုပ်တဲ့ နက်ကြောင့် ခန့်ထယ်ဝါ စိတ်တိုလာတယ်

"ပုလဲနက် ဟေ့ ပုလဲနက် ထစမ်းဆို ပုလဲနက် ထ ခုထစမ်း"
ခန့်ထယ်ဝါ နက်ရဲ့ လက်မောင်းကို ကိုင်ပြီးလှုပ်နိုးတယ် မနိုးလာဘူး
လုံးဝကို မလှုပ်တာ ပုံမှန်အိပ်နေတာဆို ဒီလောက်ထိနှိုးနေတာ နဲနဲပါးပါးတော့ နိုးလာရမှာပေါ့
သူနဲနဲ စိတ်ပူလာတယ်
"နက် န နက် ကလေး နက် ထဦး နက် ကိုကိုခေါ်နေတယ်လေ နက် ကြီးမြ နက် နက်ဘာဖြစ်နေတာလဲ"
ကြီးမြကို လှည့်ကြည့်လိုက်တော့ မျက်ရည်တွေနဲ့ ငိုနေတာ

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now