Chapter 1.2

12.9K 1.7K 94
                                    

" After break up I got married ''

[Unicode]

" ငါ ...ကျန်းရှု..... အသက်က ၂၁နှစ် ဆင်းရဲတယ်၊ ပညာမတက်ဘူး....ဒါပေမယ့် ငါမှာ ချစ်စိတ် ပြင်းပြ တဲ့ နှလုံးသား တစ်ခု ရှိတယ်။ အသက် ၂၀ ကနေ ၂၅ နှစ်ကြား ချစ်သူ ကောင်လေး လိုက် ရှာနေတယ်။ အိုး.....မဟုတ်သေးဘူး။ ယောကျာ်း! မနက်ဖြန် မြို့တော် တရားရုံး ကို သွား ပြီး ငါနဲ့ အတူ လက် ထပ် မှတ်ပုံတင် ရဲတဲ့ ဘယ်သူကို မဆို! ဘယ်သူ ထွက်လာရဲလဲ!''

ဒီစကားတွေ ကို ပြောပြီးတဲ့ နောက်မှာ ဘားတစ်ခု လုံးက ထပ်ပြီး ဆူညံသွား ပြန်တယ်။ ရွှီကနဲ လုပ်တဲ့ အသံတွေ လက်ခုပ် သြဘာပေးတဲ့ သံတွေ ကျယ်လောင်စွာ ပေါ် လာခဲ့ တယ်။

" ညီမငယ်လေးရေ..မင်းက အရမ်း ကြီးတဲ့ဟာကို ကစားချင် နေတာလား.....''

" မင်းက အရမ်း ကို ကြည့်လို့ကောင်းတာပဲ! ဘယ်သူကများ မင်းကို လက်ထပ်ရဲလဲ!''

  ကျန်းရှုကတော့ စားပွဲ ခုံ ကိုမှီ လိုက်ပြီးတော့ သူ့ကို ' ညီမငယ်လေး 'လို့ခေါ်တဲ့ တစ်ယောက် ကို လိုက်ရှာ လိုက်တယ်။ နောက်ဆုံးတော့ သူ့ကို 'ညီမငယ်လေး ' လို့ ခေါ်တဲ့ မြန်မြန် သုတ်လွှတ် ချင်စရာ မျက်ခွက်နဲ့ အကောင်ကို တွေ့ လိုက်တဲ့ အခါ မှ တော့ စပြီး ပြန်ပတ်တော့တယ်။

" ညီမလေး ဟုတ်လား။ အမေ လို့ခေါ်စမ်း.. မင်းရဲ့ အဖေ ကို ဒီက အမေ ဆီ ပို့ပေး လိုက်စမ်းပါ။ ကောင်းကင်ထိ ရောက်အောင် ခေါ်သွား ပေး လိုက်မယ်''

ပြောနေရင်း နဲ့ ရှည်လျား ဖြူဖွေး တဲ့ ခပ်သွယ်သွယ် အရာတစ်ခု ကို ပါ ထုပ်ပြ လိုက်တယ်။ ဟုတ်ပါတယ် ။ အဲ့တာကတော့ လက်ခလယ် ပါပဲ။

" ဟားဟားဟားဟား............''

" ငါလိုး!  ဒီစကား က အရမ်း ကို အရိုင်း ဆန်ပြီး တက်ကြွ လွန်း လို့ စိတ်မကျေမနပ် ဖြစ်လို့တောင် မရတော့ ဘူးကွာ...''

  ယုစု ယန်ရဲ့ မျက်နှာ ကြီး ကတော့ တဖြည်းဖြည်း နဲ့ အရုပ်ဆိုး လို့လာပါပြီ။ သူက ကျန်းရှု ရှိတဲ့ နေရာဘက် ကို လျောက်လာပြီးတော့ အော်လိုက်တယ်။

" မင်း ကိုယ်မင်း အခု ဘာနဲ့ တူနေ လဲ ဆိုတာ ကို မင်းသိရဲ့လား.?။ ပြဿနာ ရှာတာ တော်တော့ ဟုတ်ပီလား?''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now