Part-11

324 79 12
                                    

Unicode

အနောက်ဘက် ကောင်းကင်ကြီးဟာ ရွှေဝါရောင်ပေါ်  နီညိုရောင်ရောယှက်တဲ့ တိမ်မျှင်စများနှင့် မျက်လှည့်ဆန်ဆန် လှချင်တိုင်းလှလို့နေ၏။ အနောက်အရပ်ဆီမျက်နှာမူထားတဲ့ ကျယ်ဟန့်ရဲ့တိုက်ခန်းငယ်လေးဟာလဲ နေဝင်ဆည်းဆာအရောင်ကြောင့် တစ်မျိုးတစ်ဖုံ အမြင်တင့်တယ်နေခဲ့သည်။

သိပ်မကြာခင်မှာ ကားတစ်စီးက တိုက်ခန်းငယ်ရှေ့ ထိုးကာရပ်လာ၏။ ကားပေါ်မှာက အသက်ရွယ်တူရှိကြမည့် လူငယ်သုံးဦး။ အတိအကျဆိုရပါလျှင် သက်တူရွယ်တူ ယောက်ျားလေးနှစ်ဦးနှင့် မိန်းကလေးတစ်ဦး။ မောင်းသူနေရာမှာရှိနေတဲ့ အသားခပ်ညိုညိုကောင်လေးက တိုက်ခန်းငယ်လေးဆီ လှမ်းကာကြည့်ရင်း တခြားသူတွေဆီ စကားဆိုလိုက်သည်။

"ဒီနေရာလား?"

လေးကိုင်းမျက်မှန်လေးတပ်ထားတဲ့
အနောက်ခုံက ကောင်လေးကလဲ သူငယ်ချင်းကြီးကုန်းကျွင့်နဲ့ ​အပြန်အလှန် စကားပြောဆိုထားကြတဲ့ သူတို့ရဲ့group chat roomကို ဖွင့်ကာကြည့်ရင်းဖြင့် မတိုင်မီက ကောင်လေးရဲ့မေးခွန်းကို အတည်ပြုပါ၏။

"အင်း ဟုတ်တယ်...ပို့ထားတဲ့လိပ်စာအရတော့ ဒီနေရာပဲ"

အဖြေဆိုလာတဲ့ကောင်လေးရဲ့ဘေးမှာကထိုကောင်လေးနဲ့ မျက်နှာပေါက်ဆင်တဲ့ ကောင်မလေး။ သူမသည်လဲ မောင်းသူနေရာက ကောင်လေးလိုပဲ မယုံသက် ာလေသံနဲ့ ဤသို့ရေရွတ်မိပြန်သည်။

"ငါလေ တစ်ခါတစ်ခါကျရင် သူ့ကိုငါတို့သူငယ်ချင်းရော ဟုတ်သေးရဲ့လားလို့ ပြန်ပြီးတွေးယူနေရတယ်...နားကိုမလည်နိုင်တော့ဘူး"

မောင်းသူ​နေရာက ကောင်လေးက သူမစကားကြောင့် သက်ပြင်းတစ်ချက်ချ၏။ ဘေးဘက်မှာရှိနေတဲ့ကောင်လေးက သူမဆီလှည့်လိုက်ပြီး.....

"ငါကတော့လေ အဲဒီ့ခံစားချက်ကို ဒီကောင်ကိုယ်တိုင် ငါတို့ဆီလာပြီး သူ ဟင်းချက်ပြိုင်ပွဲ ဝင်ပြိုင်မယ်လို့ ထုတ်ပြောခဲ့တဲ့နေ့ကတည်းက ခံစားဖူးပြီးပြီ"

"အဲဒါခဏထားဦး...အရှေ့မှာ ကားကြီးရှိနေတော့ ငါက ငါ့ကားကိုဘယ်နားသွားရပ်ထားရမှာလဲ...အဲ့ကားက သူ့ကားရောဟုတ်ရဲ့လားကွာ...
ဘယ်တုန်းကများ အဲ့လိုအဘိုးကြီးဒီဇိုင်းတွေကို မျက်စိကျတတ်သွားတာပါလိမ့်"

302 (Completed)Where stories live. Discover now