Chapter-5 (Part 2)

2.8K 538 10
                                    

UNICODE 


အူးယမ် စာအုပ်ကိုမြန်မြန်သိမ်းလိုက်တယ်။

ကျောင်းသားတွေဆီမှ ညစာအတွက် ငွေလက်ခံခြင်းကမသင့်တော်ပေဘူး။ ရှောင်ရွှမ်းမိသားစုဆိုဆင်းရဲလို့တောင်းလို့တောင်ပိုအဆင်မပြေသေးတယ်။

"ohh... "

ရှောင်ရွှမ်းရဲ့မျက်လုံးတွေက ဟိုရွှေ့ဒီရွေ့ကြည့်နေပြီး စကားဆက်မပြောဘဲ စာပွဲပေါ်က posterကိုကောက်ကြည့်လိုက်တယ်။

"ဆရာကဒီဖျော်ဖြေပွဲကြည့်ချင်လို့လား? "

"ကျောင်းလီ ကြည့်ချင်တာ, ဒါပေမယ့်လက်မှတ်တွေကဝယ်ရခက်တယ်"

"သူတို့လား?"

"အလယ်ကကောင်တွေကအရမ်းဈေးကြီးတယ် သူတို့ပြန်လာရင်တော့ပိုစျေးသက်သာပေမယ့်အသံကမကောင်းဘူး ugh !"

"တကယ်လို့ ဆရာ မန်နေဂျာကိုသိရင်လက်မှတ်တွေရဖို့လွယ်တယ် မဟုတ်လား"

အူးယမ် ကခေါင်းကိုညင်ညင်သာသာညိတ်လိုက်ပြီး

"အဲ့ဒီ့လူကိုဘယ်သူသိမှာလဲ"

"အိုး ... "

ရှောင်ရွှမ်း ကချစ်စရာကောင်းအောင်နှုတ်ခမ်းဆူလိုက်တယ်။

"ဟုတ်သားပဲ "

"အင်း"

အူးယမ် ကသူ့တို့နီးကပ်နေတာမှဝေးသွားစေရန်ခေါင်းကိုအမြန်ငုံ့လိုက်တယ်။

"မင်းရဲ့ အိမ်စာတွေဆက်လုပ်လေ"

ရှောင်ရွှမ်းရဲ့ နှုတ်ခမ်းတွေက အလွန်ပါးလွှာသော်လည်း သူ့ပုံနှင့်သူပြည့်စုံပြီးလှပလွန်းတယ်။ နှုတ်ခမ်းစူလိုက်တဲ့ အခါသူကနမ်းလိမ့်မည်ဟုထင်စေတယ်။

အပြစ်တင်ခံရတာကြောင့် ရှောင်ရွှမ်း စားပွဲခုံဆီပြန်လာပြီးသူ့စာအုပ်များကိုလှန်ကြည့်နေတော့တယ်။ ဒါပေမယ့်သူကအာရုံမစိုက်ဘူး၊ သူ့ဖုန်းကိုခဏခဏဖွင့်တယ်၊ သူလုပ်ချင်တာလုပ်ဆိုပြီးအူးယမ်လဲလွှတ်ထားလိုက်တယ်။

"ဆရာ"

"ဟမ်?"

"ကျွန်တော်ဗိုက်ဆာလို့ ကျွန်တော် ရုတ်တရက် ကြက်အကြွပ်ကြော်စားချင်တယ်"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now