Part 21

3.2K 160 1
                                    

Uni

စောသေးတယ်။
ခွန်းအတွက် coffee ဝယ်သွားရမယ်။

အမရာ coffee ဝယ်ရန် ဆိုင်ထဲသို့ ဝင်လာခဲ့သည်။
များလိုက်တဲ့လူ။
ကောင်တာမှာ တကယ်ကို လူတွေအများကြီးပင်။

"ဟိတ် waiter waiter. ...."

ဘယ်လို waiter လဲ ဘာလို့လှည့်မကြည့်ရတာလဲ

"waiter ဒီမှာ ခေါ်နေတယ်လေ မကြားဖူးလား"

"ဘယ်သူ့ကို ခေါ်နေတာလဲ"

"ရှင့်ကို ခေါ်နေတာလေ"

"အော် မင်း မင်းကို"

"_ _ _ coffee ၂ ခွက် နောက်ပြီးကိတ်လည်း ယူမယ်
ဟိတ် waiter ဘာတွေကြောင်ကြည့်နေတာလဲ ​ပြောနေတာကြားလား"

"ဒီမှာ ခင်ဗျား မှာချင်ရင်ကောင်တာမှာ သွားမှာပါ"

"ဘာ
ကောင်တာမှာ လူတွေအများကြီးမလို့ ရှင့်ကို မှာနေတာလေ waiter က waiter အလုပ်မလုပ်ပဲ"

"ခင်ဗျား စကားပြောရင် waiter waiter ဆိုတာကြီး ထည့်ပြောလို့မရဘူးလား"

"waiter ကို waiter လို့ မခေါ်လို့ ကျွန်မက ဘယ်လို ခေါ်ရမှာလဲ waiter ရဲ့"

"ကျွန်တော့်နာမည် ဟန်မင်းဆက် waiter မဟုတ်တဲ့ အတွက် waiter လို့ ခေါ်စရာမလိုဘူး"

"ဘယ်လို waiter လဲ တော်တော် ကြီးကျယ်ပါလား
ကျွန်မမှာ ရှင့်နဲ့ စကားနိုင်လုနေဖို့ အချိန်မရှိဘူး မှာတာသာ မြန်မြန်လုပ်ပေး"

"ခင်ဗျားက အမြဲတမ်း အလျင်လိုနေတာပဲ"

"အမြဲတမ်း ရှင်ကျွန်မကို သိလို့လား"

"ခင်ဗျားကို နည်းနည်း အထင်ကြီး မိသွားတာပဲ
ခင်ဗျားက ထင်သလောက် ဉာဏ်မကောင်းဘူးပဲ"

"ဘာပြောတယ်
ကျွန်မက တစ်နေတစ်နေ့ကို လူပေါင်းများစွာနဲ့ ဆက်ဆံနေရတာ

ရှင့်လို ဆိုင်လေးထဲမှာ လာသမျှလူကို ပြုံးပြလိုက် ချိုချိုသာသာလေး ဆက်ဆံလိုက် ချောရင် လှရင် မှတ်ထားလိုက် အဲ့လိုမျိုး လွယ်ကူနေတာမဟုတ်လို့ တွေ့သမျှလူကိုတော့ လိုက်မှတ်မနေနိုင်ဘူး"

"တော်တော်ကြီးကျယ်တဲ့ မိန်းမပဲ"

"ရှင်လည်း တော်တော်စိတ်ပျက်ဖို့ ကောင်းတဲ့ waiter ပဲ
ရှင့်လို waiter မျိုးကို ခန့်ထားတဲ့ ရှင့်သူဌေးတော့ သိပ်ကို နစ်နာမှာပဲ"

You had me at helloWhere stories live. Discover now