Chapter - 47

8.1K 1.7K 131
                                    

Class 1 ကျောင်းသားလေးတွေခမျာ တစ်နေ့တာလုံး အေးအေးချမ်းချမ်းအနားမရလိုက်ပေ။

ပထမတော့ စောစောစီးစီး တစ်တန်းလုံးက အလန့်တကြားထအော်တာမို့ စာသင်ဆောင်တစ်လျှောက်ကင်းစောင့်နေတဲ့ ကျန်းကျောင့်ကျူးရဲ့ အာရုံက သူတို့ဆီရောက်လာပြီး ရှည်လျားထွေပြားတဲ့ လက်ချာနဲ့တိုးတယ်။ နောက်တော့ ဘာသာရပ်ပေါင်းစုံကဆရာတွေက တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ အံ့သြလန့်ဖြန့်နေရတာနဲ့။ နောက်တော့ တခြားအခန်းတွေက ကျောင်းသားတွေက နားချိန်တိုင်း လာလာကြည့်နေတာများ တိရစ္ဆာန်ရုံကိုလာကြည့်နေတဲ့အတိုင်း။ ညနေပိုင်း self-studyချိန်မှာတောင် Class 1 ကော်ရစ်တာတစ်လျှောက် လတ်လျားလတ်လျားလုပ်နေတဲ့ ကျောင်းသားတွေအများကြီးရှိနေသေးတယ်။

“အဲ့တစ်ယောက် အဲ့တစ်ယောက်၊ နောက်ဆုံးတန်းကလေ၊ ချောတယ်မလား?”

“F*ck သူတို့အတန်းကို ကျောင်းသားသစ်တစ်ယောက်ပြောင်းလာတာလား?”

“မဟုတ်ဘူး၊ မနှစ်ကတုန်းက ပြောင်းလာတဲ့ တစ်ယောက်လေ၊ မနှစ်က အားကစားပွဲမှာအပြေးအရမ်းမြန်တဲ့ တစ်ယောက်လေ မှတ်မိလား?”

‘’နည်းနည်းတော့ မှတ်မိသလိုပဲ...နာမည်က ဘာတဲ့?”

“ကျန့်ယောင်”

...

တချို့ကတော့ အဲ့လောက်မဆိုးပေမယ့် လူတွေအအုပ်လိုက်ကြီးပြောနေကြတာမို့ ဘယ်လောက်တိုးအောင် ကြိုးစားပြောနေပါစေ ဆူနေတာက ဆူနေတာပဲ။

ချန်ရင်းရင်းကတော့ အပြင်ကိုထွက်သွားပြီး မောင်းထုတ်လေသည်။
“ကြည့်မနေကြနဲ့ ငါတို့အတန်းဖော်က ဆံပင်ကေလေးချိန်းလိုက်ရုံတင်၊ ပလတ်စတစ်ဆာဂျရီလုပ်လာတာမဟုတ်ဘူး၊ ကောလဟာလတွေကိုလျှောက်မယုံကြစမ်းပါနဲ့”

ကျန့်ယောင်ကလည်း ခေါင်းလှည့်ပြီး လှမ်းကြည့်သည်။

“အဲ့လိုကောလဟာလမျိုးလည်း ရှိသေးတာပဲလား? ရူးလိုက်တာ...ငါတော့ အဲ့လောက်ကြီးကွာခြားသွားတယ်လို့ မထင်ပါဘူး၊ အရင်ကအတိုင်း ချောတုန်းပဲမလား ?”

ရင်းချဲယ်ကတော့ နှာခေါင်းရှုံ့လေသည်။
“မူးနေတာလား?”

ကျိုးဟောက်လျန်က လှည့်လာသည်။
“ယောင်ကောရေ ဘယ်ဆိုင်မှာဆံပင်ညှပ်လာတာလဲဟင်? ငါ့ကို လိပ်စာလေးပေးစမ်းပါ”

Pay Attention To Me [Myanmar Translation]Where stories live. Discover now