Ep-30

20K 1.1K 52
                                    

Uni..

" မင်းဉာဏ်အခြေအနေ? "

"  ခွဲစိတ်ရင်းနှလုံးခုန်ရပ်သွားပေမဲ့ ဒီက ဆရာတွေကျေးဇူးနဲ့ အဆင်ပြေသွားပါပြီ"

" .... "

" ခွဲစိတ်မှု အောင်မြင်ပေမဲ့ အခုချိန်ထိတော့ သတိမလည်လာသေးပါဘူး သခင်ကြီး "

ခွဲစိတ်မှုအကြီးစားဖြစ်တာကြောင့် ညနေ 6 နာရီမှ ခွဲတာ မနက် 8 နာရီမှပြီးသည်။

" မင်းဉာဏ်ကိုသေချာဂရုစိုက်ပေး သူက ငါ့အတွက်အလုပ်သမားမဟုတ်ဘူး  Z အဖွဲ့အစည်းကလူတွေအားလုံးငါမိသားစုဝင်ဘဲ  အထူးသဖြင့် မင်းတို့ရဲ့ Boss မင်းဉာဏ်က ငါ့အတွက်ညီကိုယ်လိုဘဲ"

"ဟုတ်ကဲ့ နားလည်ပါပြီသခင်ကြီး "

" မင်းဉာဏ်အဆင်ပြေရင် ဆေးရုံအုပ်နဲ့ညှိပြီး Body ကိုဒီပြန်သယ်လာခဲ့SDX ဂိုဏ်းကခွေးတွေအနံရလိမ့်မယ် ဒီမှာ အကုန်စီစဥ်ပြီးသား"

" ဟုတ်ကဲ့နားလည်ပါပြီသခင်ကြီး"

Z မှာစရာရှိတာတွေမှာပြီးနောက် ဖုန်းချလိုက်တော့သည်.. အခုမှဘဲ မင်းဉာဏ်အဖို့ စိတ်အေးရတော့သည် မင်းဉာဏ်သာတစ်ခုခုဖြစ်ရင် SDX ကလူတွေ Z လက်ချက်ဖြင့်သေမှာ ဦးလှမြိုင်ကလဲ သူတို့ဘက် ပါသွားပြီဆိုတာကြောင့် Z အေးအေးဆေးဆေးရှင်းလို့ရပြီ

Z ထင်သည့်အတိုင်း ဦးလှမြိုင်ကို ထောက်ခံမှာSDX အဖွဲ့အစည်းတစ်ခုသာရှိတော့သည် အခြားအဖွဲ့အစည်းများဟာဦးလှမြိုင်အကြောင်းကောင်းကောင်းသိတဲ့အပြင်  Z နှင့်လဲ ငြိဖူးသည် ဆိုတာကြောင့် ဘယ်သူမှ မထောက်ခံ။

>>>>>>>>>>

" အချစ်လေးရေ ....Daddy အချစ်ရေ ထပါအုံး  "

ဖြဲကားပြီး အိပ်နေတာ တစ်ကုတင်လုံးသူ့အပိုင်ကျလို့ ....Z သူ့ဖင်လေးကို အသာပုတ်ကာနိုးတော့ အင်းအဲလုပ်ကာ ရင်ခွင်ထဲ အတင်းတိုးဝင်လာတဲ့ ခွေးပေါက်လေး။

" ဒီကလေးလေးကို ချစ်လိုက်တာကွာ လာပါအုံးနမ်းချင်လို့ "
ပါးအိအိလေးတွေကို တရွှတ်ရွှတ်နမ်းတော့ သူလေးအိပ်မရတော့ဘဲ  လူကိုပြူးကြောင်ကြောင်လေးကြည့်လာပါလေရော....

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now