Chapter(21)

26.7K 3.9K 68
                                    

စာသင်ခန်းထဲမှာ မုန့်ရန်ကို ပြသာနာရှာခဲ့ပေမယ့် ရွှီဝမ်းယာ ကတော့ ကျောင်းသားတွေရှေ့မှာ မျက်နှာပျက်စရာတွေဖြစ်ခဲ့တယ်။ယွီကျွင်းချန် ရှုံးသွားကို ဒေါသထွက်နေတာမဟုတ်ဘဲ ဒီအသက်အရွယ်ရောက်မှ မျက်လုံးထဲမှာဘယ်လို ကြည့်ကြည့် ဘောင်မဝင်တန်းမဝင်တဲ့ ကျောင်းသားတစ်ယောက်ကြောင့် အရှက်ကွဲရတာကို ဒေါသထွက်နေတာဖြစ်တယ်။

ဒါပေမယ့် မုန့်ရန် ရဲ့အနံ့ခံအာရုံအရမ်းကောင်းတယ်ဆိုတာတော့ ဝန်ခံပါတယ်။သူ မုန့်ရန် ကိုလျှော့တွက်မိတာကြောင့် သူ့အမှားသူသိပြီး သည်းခံနေရတာဖြစ်တယ်။ဒါပေမယ့် မုန့်ရန် က ယွီကျွင်းချန် ထက် ထူးချွန်တယ်ဆိုတာကိုတော့ လက်မခံနိုင်သေးဘူး။အနံ့ခံအာရုံထူးချွန်ဖို့အရေးကြီးတယ်ဆိုပေမယ့်လည်း ရေမွှေးထုတ်လုပ်ရေးမှာ နားလည်သဘောပေါက်နိုင်စွမ်းကောင်းမွန်ဖို့က ပိုအရေးကြီးတယ်လို့ပဲ ရွှီဝမ်းယာ သတ်မှတ်ထားတယ်။ယွီကျွင်းချန် ကသူတွေ့ဖူးသမျှကျောင်းသားတွေထဲမှာ နားလည်သဘောပေါက်နိုင်စွမ်း အမြင့်ဆုံးကျောင်းသားတစ်ယောက်ဖြစ်တယ်။ယွီကျွင်းချန် တစ်ယောက် အနာဂတ်မှာ သူ့ထက်သာလွန်တဲ့အဆုံးမရှိတဲ့အောင်မြင်မှုတွေဆွတ်ခူးနိုင်မယ်ဆိုတာ သေချာယုံကြည်ထားတယ်။ဒါပေမယ့် မုန့်ရန် ကတော့ အရည်အချင်းရှိတဲ့ ယွီကျွင်းချန် ရဲ့အောင်မြင်မှုတွေကိုအမှီလိုက်နိုင်မယ်လို့ သူလုံးဝမထင်ဘူး။ဒီအသက်အရွယ်ထိ သူနေထိုင်လာတဲ့သက်တမ်းတစ်လျှောက်မှာ လူကဲခတ်မမှားဖူးသေးဘူး။

ယွီကျွင်းချန် ကလဲ မုန့်ရန် ကိုရှုံးနိမ့်ထားတာကြောင့်အတော် စိတ်ဓာတ်ကျနေတယ်။တစ်ချိန်တည်းမှာပဲ ရွှီဝမ်းယာ ဆီက အဆူခံရမှာကိုလဲ ပူပန်နေရသေးတယ်။
ရွှီဝမ်းယာ ကသူ့ကိုစိတ်မဆိုးတဲ့အပြင် အနာဂတ်မှာတောင် သူက မုန့်ရန် ထက်သာလွန်နိုင်သေးတယ်ဆိုတဲ့ ရွှီဝမ်းယာ ရဲ့သဘောထားကို စီနီယာအစ်ကို ဝန်းယွမ် ဆီကနေတဆင့် ပြန်ကြားရတော့မှ စိတ်သက်သာရာရသွားနိူင်ခဲ့တယ်။

အတန်းချိန်တွေပြီးဆုံးသွားပေမယ့်လဲ ကျောင်းသားတွေကတော့ မုန့်ရန် နဲ့ ယွီကျွင်းချန် တို့ရဲ့ စာမေးပွဲအကြောင်းကို ဆွေးနွေးနေကြဆဲဖြစ်တယ်။

"မုန့်ရန် ရဲ့ဝင်ခွင့်ရမှတ်က ယွီကျွင်းချန် ထက်မြင့်တယ်ဆိုတာအံ့သြမနေတော့ဘူးဟေ့။ရနံ့စစ်ဆေးမှုနဲ့ အမွှေးနံ့သာအမျိုးစားခွဲတဲ့ စစ်ဆေးမှုမှာပါ အမှတ်များလောက်တယ်။ဒါ့ကြောင့် Major နှစ်ခုပေါင်းလိုက်တော့ ပိုလိုတောင် အမှတ်များသွားသေးတယ်။အရင်တက်ခဲ့တဲ့ကျောင်းမှာ မုန့်ရန် ဘယ်လောက်တောင် အမှတ်ကောင်းမလဲဆိုတာ တွေးကြည့်လို့ရနေပြီ"

"မုန့်ရန် မှာ ပင်လယ်ရေတွေလိုများပြားတဲ့ အမှတ်တွေရှိနေမှတော့ လိမ်လည်နေစရာလိုသေးလို့လား?"

"ဒါဆို မုန့်ရန် ကပိုတော်တာလား?ယွီကျွင်းချန် ကပိုတော်တာလား?"

"ငါ့အထင်ပြောရရင် ယွီကျွင်းချန် ပိုတော်လောက်တယ်။အနံ့ခံအာရုံဆိုတာ ဖြည်းဖြည်းချင်းလေ့ကျင့်ယူလို့ရတယ်။ဒါပေမယ့် ပါရမီဆိုတာ မွေးရာပါအရည်အချင်းကွ။ယွီကျွင်းချန် ကပြိုင်ပွဲတော်တော်များများမှာ ဆုရဖူးတယ်။မုန့်ရန် ကတော့ ဆုတစ်ခါမှမရဖူးသေးဘူး။ယွီကျွင်းချန် မှာ Talent ပိုရှိတယ်လို့ ငါထင်တယ်"

"အခုဆို မုန့်ရန် က Materလင်စုန့်ထိုင် ရဲ့တပည့်ဖြစ်သွားပြီလေ။အနာဂတ်မှာ ယွီကျွင်းချန် ကိုကျော်တက်သွားတော့မှာ"

"ဟမ့် ယွီကျွင်းချန်ကလည်း Master ရွှီဝမ်းယာ ရဲ့တပည့်ပဲလေ။Master ရွှီ ရဲ့တပည့်တွေက Mater လင်ရဲ့တပည့်တွေထက်တော်တယ်ဆိုတာ လူတိုင်းသိတယ်။စဉ်းစားကြည့်လိုက်ရင် Master ရွှီ ကMaster လင်ထက်အသင်အပြကောင်းတယ်လို့ မထင်မိဘူးလား?"

"ဒါဆို ယွီကျွင်းချန် က  မုန့်ရန် ထက် ပိုတော်တယ်ဆိုတာ အသိသာကြီးပေါ့။Master ရွှီ ကသာ Masterလင် ထက်အသင်အပြကောင်းတာသေချာရင် အနာဂတ်မှာ မုန့်ရန်တစ်ယောက် ယွီကျွင်းချန် ကိုအမှီလိုက်နိုင်မှာမဟုတ်လောက်တော့ဘူး"

"ဘာပဲဖြစ်ဖြစ်ကွာ၊ဒီMaster နှစ်ယောက်ရဲ့တပည့်ဖြစ်လာတယ်ဆိုမှတော့လူတိုင်းမနာလို အားကျဖြစ်နေကြမှာပဲ"

မုန့်ရန် ကတော့ နံနက်ပိုင်းအတန်းချိန်နှစ်ချိန်ရယ်၊နေ့လည်ပိုင်းနှစ်ချိန်ရယ် တက်ပြီးတဲ့အခါ လုံလင်တောင်ပေါ်က စံအိမ်ကို မပြန်ဘဲ လော်ရှို့ ရှိတဲ့ companyကို သွားလိုက်တယ်။

မုန့်ရန် ရုံခန်းထဲကိုဝင်သွားတဲ့အချိန်မှာ လော်ရှို့ အလုပ်ကိစ္စအတွက်ဖုန်းပြောနေတာကို မြင်တာကြောင့် အနှောက်အယှက်မပေးတော့ဘဲ ကျောပိုးအိပ်ထဲက အမွှေးနံ့သာပုလင်းလေးကို စားပွဲပေါ်တင်ပေးလိုက်တယ်။အဲ့နောက် Sofa ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး Tablet ထဲကို ကူးထည့်ထားတဲ့ ရှေးဟောင်းစာအုပ်တွေကိုဖတ်နေလိုက်တယ်။

နာရီဝက်လောက်ကြာတော့မှ လော်ရှို့ ဖုန်းပြောလို့ပြီးတယ်။မုန့်ရန် လက်ထဲက Tablet ကို စားပွဲပေါ်တင်လိုက်ပြီး လော်ရှို့ ထိုင်နေတဲ့ခုံရဲ့လက်တန်းပေါ် တစောင်းလေးသွားထိုင်လိုက်တယ်။အဲ့နောက် လော်ရှို့ ရဲ့ ပုခုံးနှစ်ဖက်ကို နှိပ်ပေးလိုက်တယ်။

"ဒီနေ့ရော အလုပ်များနေတာပဲလား?"

"ဒီနေ့တော့ နောက်မကျလောက်ဘူး။လေးနာရီ၊ငါးနာရီလောက်ဆိုပြန်လို့ရပြီ"

လော်ရှို့ စာရွက်စာတမ်းတွေကို စစ်နေရင်းပြန်ဖြေလိုက်တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now