Part(29)

3.5K 111 1
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (29)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

(၃)လကြာပြီးနောက်...
အမျိုးသမီးထောင်အတွင်း၌...

"ဟေ့..."

"ဒုန်း..."

‌ထောင်ထဲမှာ အားလုံးကကြောက်ရသည့်အမျိုးသမီးတစ်ဦးရှိသည်။ ပြောရမည်ဆို လူမိုက်ခေါင်းဆောင်သဘောပင်။ ထိုမိန်းမကိုဆို ကျန်တဲ့မိန်းမတွေအကုန်ကြောက်ကြ‌သည်။ မကြောက်တာဆိုလို့ သစ်သစ်လွင်တစ်ယောက်သာရှိသည်။ သစ်သစ်လွင် ထောင်ကိုစရောက်ကတည်းက သူ့ကို အလေးမထားသည့်သစ်သစ်လွင်ကို ပညာပေးချင်၍ ထမင်းစားပြီးချိန် အစောင့်တွေမရှိသည့် အချိန် ခေါင်းဆောင်က သစ်သစ်လွင်ကို အသံမာမာဖြင့်အော်ခေါ်သည်။

ခေါင်းဆောင်အော်သံကြောင့် ကျန်တဲ့မိန်းမတွေအကုန်လုံး ကြောက်သွားကြပေမဲ့ သစ်သစ်လွင်ကတော့ ဂရုပင်မစိုက်ဘဲ ပန်းကန်သာဆေးနေသည်။

"ဟေ့ ခေါ်နေတာကို တောက်စ်..."

ခေါင်းဆောင်စိတ်တိုသွားပြီး သစ်သစ်လွင်ရဲ့ဆံပင်ကိုစောင့်ဆွဲသည်။

"အား...ဘာလုပ်တာလဲ အေးဆေးနေစမ်း"

"အံမာ နင်ကလေသံမာတယ်ပေါ့ "

ခေါင်း‌ဆောင်စိတ်တိုပြီး ဆံပင်စောင့်ဆွဲထားတာကို မလွှတ်ပေးဘဲ အားနဲ့ထပ်ဆွဲသည်။

"မာတော့ဘာဖြစ်လဲ ကိုယ့်ဘာသာအေးဆေးနေနေတာ လွှတ်...အားး...နာတယ် ဘွားတော်မရဲ့"

"မလွှတ်တော့ဘာဖြစ်လဲ ငါက ဒီမှာခေါင်းဆောင်ပဲ "

"ခေါင်းဆောင်ဆိုတိုင်းကြောက်ရမှာလား လွှတ်...စခန်းမှူးနဲ့တိုင်လိုက်လို့..."

"တိုင်လေ နင့်ဘက်မှာ သက်သေရှိလို့လား "

"လွှတ်လို့ ဘွားတော်မ..."

"တောက်စ် စကားများလိုက်တာ..."

ခေါင်းဆောင်က ဆောင့်တွန်းလိုက်၍ သစ်သစ်လွင် ကြမ်းပြင်ပေါ်ကို လဲကျသွားသည်။ အရှိန်နဲ့ကျတာကြောင့် လက်တွေပွန်းပဲ့ကုန်ပြီး ဒူးပါနာသည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now