Part 42 (U+Z)

5.4K 419 93
                                    

#Unicode

စာမေးပွဲ ‌ဖြေရတော့မှာမို့ ကျောင်းကိုမသွားတော့ဘဲ အဆောင်မှာပင် သူငယ်ချင်းများစုကာ စာတွေလုပ်ကြတော့ လူကြီးကို လွမ်းမိသည်။ မနှစ်က လူကြီးနှင့်အတူတူ စာတူတူလုပ်ခဲ့ကြသည် မဟုတ်ပါ့လား။ ဒီနှစ်တော့ လူကြီးနှင့် စာအတူတူ လုပ်ခွင့်လည်းမရသလို တစ်ခါတလေမှပင် အလွမ်းပြေ ဖုန်းပြောခွင့်ရခဲ့သည်။ နောက်ဆို လွမ်းတိုင်း တွေ့ခွင့်ရတော့မှာမို့ ဒီခဏတာလေးကို အောင့်အီးသည်းခံနေရတာပါ။ တကယ်တော့ လူကြီးကို ပိုးစိုးပက်စက် လွမ်းမိပါသည်။

"သာထူးရာ ဒီနေရာကို ရှင်းပြရတာ အခေါက်ပေါင်း မနည်းတော့ဘူး။ နားလည်သင့်နေပြီ"

"မင်းမရှင်း‌နဲ့တော့။ ရှင်းတာက နည်းနည်း ဆူငေါက်တာက များများ။ မင်းမရှင်းပြနဲ့ . .သွား"

လူကြီးကို လွမ်းတာတောင် ဘေးကနှစ်ကောင်ကြောင့် ကောင်းကောင်းမလွမ်းရပေ။ ဘဝက အနှောက်အယှက် များစွာဖြင့် ပြည့်နှက်လို့နေပါသည်။

"လင်းရာ ငါ့ကို ဒီနေရာလေးရှင်းပြ"

"အင်း"

သာထူးကို ပထမတစ်ခေါက်‌ သေသေချာချာလေး ရှင်းပြလိုက်တော့ သူ့ကိုကြည့်ရတာ နားလည် သယောင်ယောင်ပင်။ ရုပ်ကိုကြည့်ရတာတော့ နားလည်ချင်ယောင် ဆောင်နေသည့် ရုပ်ပါ။

"သာထူး နားလည်ချင်ယောင် ဆောင်နေတာလား"

"ငါ sin cos cos sinတွေ ရှင်းတာကို မေ့နေပြီ။ differentiate လုပ်တာလည်း မေ့နေလို့"

"sin cos cos sin ရှင်းတာက အလွတ်ကျက်ထားရမှာ"

"အင်း ကျက်တော့ ကျက်တယ် ရောကုန်လို့"

"sec2θ (sec square theta(θ)) ကိုရှင်းရင် ဘာရလဲ။ ပုံသေနည်းရှိတယ်လေ သိလား"

"1 + tan2θ  ရတယ်လေ။ 1 + tan2θ  =  sec2θ"

"အင်း ပုံသေနည်း အကုန်လုံးရလား"

"အင်း"

"အဲ့ဒါဆို sin2θ ဆိုရင်ရော"

"sin2θ = 1 − cos2θ"

"အင်း"

"sin (x + y) ဆိုရင်ရော"

"sin (x + y) = sin x cos y + cos x sin y"

"tan (x+y) ဆိုရင်ရော"

"tan(x+y) = (tan x + tan y) / . . . ."

"ဆက်ပြောလေ"

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now