Part 22

3.2K 160 1
                                    

Uni

ခွန်းရဲ့ ကားနီလေးက လမ်းမပေါ်မှာ ပုံမှန်နှုန်းအတိုင်းပင်။
ph လာတာလား။

"hello

hello ဘယ်သူလဲ မသိဘူးရှင့်"

"ဟယ်လို သမီး ခွန်းလား"

ခွန်းကားကို ဘေးနားချရပ်လိုက်ပါသည်။

"ဟုတ် အခုပြောနေတာ"

"အန်တီပါ သမီးရဲ့ အမရာ့ အမေပါ"

"အော် အန်တီ့
sorry နော် အန့်တီ သမီး ရုတ်တရက် ဆိုတော့ မမှတ်မိလို့"

"ရပါ့တယ် သမီးရယ် မတွေ့တာလည်း ကြာပြီကို
သမီးပြန်ရောက်နေတယ် ကြားလို့"

"ဟုတ်တယ် အန်တီ"

"အန်တီ သမီးကို တွေ့ချင်လို့"

"အော် ဟုတ် ဘယ်မှာ တွေ့မလဲအန့်တီ"

"အန်တီ့အိမ်ကို လာခဲ့ပါလား သမီးရယ်"

"အိမ်ကျတော့ သိပ်ပြီး"

"အန်တီ ဟိုတလောက လှေကားပေါ်က ပြုတ်ကျပြီး ခြေထောက်မှာ ဒဏ်ရာ ရထားတယ်သမီး
ဆရာဝန်က အပြင်ထွက်လို့ မရသေးဘူးဆိုတော့"

"အော် ဟုတ် သမီးလာခဲ့မယ် အန်တီ အခုအားရင် သမီး အခုလာခဲ့လိုက်မယ်"

"ကျေးဇူးပါပဲ သမီးရယ် အရင်နေရာပဲနော် သမီး"

"ဟုတ်ကဲ့"

ဟွန်းတီးတော့ ခြံစောင့်က ချက်ချင်းတံခါး လာဖွင့်ပေးသည်။
အန်တီ ကြိုပြောထားသည် ဖြစ်မည်။

ခွန်း ကားပေါ်က ဆင်းလျက် အိမ်ထဲဝင်ဖို့ ပြင်လိုက်ပါသည်။

တွေ့ရပြန်ပြီ။ မတွေ့ချင်ဆုံးသူ။

"ခွန်းသံသာချို ပါလား"

"........."

"မတွေရတာတောင် တော်တော်ကြာပြီ မင်းအရမ်းလှလာတာပဲ"

"ဟုတ်ကဲ့"

"ဒီကို ဘာကိစ္စရှိလို့လဲ
အော် ငါ့ရဲ့ အမေဆိုတဲ့ အမျိုးသမီးက ခေါ်ထားတာနဲ့တူတယ်"

"ကျွန်မ အန်တီနဲ့ တွေ့ဖို့လာတာပါ ခွင့်ပြုပါဦး"

"ok.....
ဒါနဲ့ အမရာမုန်းရော အဆင်ပြေရဲ့လား"

You had me at helloWhere stories live. Discover now