Part11(uni+zawgyi)

2.7K 105 21
                                    

Uni
"ခုချက်ချင်းရပ်လိုက်စမ်း"
အခန်းထဲဝင်လာတဲ့ ယောက်ျားဖြစ်သူကိုတွေ့လိုက်တော့ ဒေါ်သက်ထားမေ အနည်းငယ်လန့်သွားတယ်
"ကို ဘယ်လိုဖြစ်လို့ ပြန်လာတာလဲ မေကလေ မေက"
"ငါသိပြီးပြီ မေ မင်းခုထိလောဘတွေအတောမသတ်သေးဘူးလားကွ ဟေ"
"ဘာလို့ လောဘတက်တယ်လို့ပြောရတာလဲ ဒါတွေအားလုံးက မေ့တစ်ယောက်တည်းအတွက်မဟုတ်ဘူးကို မေတို့မိသားစုကောင်းစားဖို့ပဲ"
"ခုကော ငါတို့ သိပ်ဆင်းရဲနေလို့လား ငါပြောမယ်မေ မင်းခုလိုလုပ်လိုက်တော့ရော ဘယ်သူတွေက စိတ်ချမ်းသာသွားလဲ မင်းရောစိတ်ချမ်းသာသွားလား"
"သာတယ် သာတယ် မေအရမ်းစိတ်ချမ်းသာတယ် တော်တော့ ကို ဒီမှာ စာရင်းရှင်းရဦးမယ်
ဟဲ့ မိနက် နင်အခုလက်မှတ်ထိုးရင်ထိုး မထိုးရင် နင့်အဖေအတွက် အသည်းတစ်ခြမ်းကို ငါ့ယောက်ျားဆီက ထုတ်လို့ရမယ် မထင်နဲ့"
ဦးဂုဏ်မာန်ထယ်ဝါရဲ့ရောဂါက ဆယ့်ငါးနှစ်ကြာပြီးတော့ နောက်တသ်ခေါက် အစားထိုးဖို့လိုလာခဲ့တယ်လေ
ဒါကြောင့် မယားညီအစ်ကိုဖြစ်တဲ့ ဦးသက်ဦးဆီက အစားထိုးဖို့ စက်ာပူကိုသွားခဲ့ကြတာ

ဦးဂုဏ်မာန်က နက်တို့ကို စိတ်ပူမှာစိုးလို့မပြောခဲ့တော့ ဦးဂုဏ်နဲ့ အတူ ဦးသက်ဦးပါသွားတာ မသိခဲ့ဘူးပေါ့

ဟိုနေ့ကမှ နက်ကို သက်ထားမေလာပြောပြီး ခြိမ်းခြောက်သွားခဲ့တာနဲ့ သိခဲ့ရတာ ခုလည်း နက်ရဲ့ အမွေအားလုံးကို သက်ထားမေကို ထိမ်းသိမ်းပိုင်ခွင့် လက်မှတ်ထိုးခိုင်းနေတာ

"အဲ့လိုတော့ မလုပ်ပါနဲ့ အန်တီရယ် နက် နက်ထိုးပေးပါ့မယ် ဖေဖေ့ကိုတော့ ကယ်ပေးပါ"

"သမီးထိုးစရာမလိုတော့ဘူး ဦးလည်း ကိုဂုဏ်မာန့်ကို အသည်းပေးလို့မရခဲ့ဘူး "
"ဘာ ကို ကိုတို့ ဒီမှာ အားလုံးသေချာလုပ်ပြီးမှ သွားတာလေ "
သက်ထားမေ သူ့အစီအစဉ် မအောင်မြင်လို့ မျက်နှာပျက်သွားတယ်
"ကဲ မေ မင်းနဲ့ ငါ နောက်မှစာရင်းရှင်းမယ် ခုချက်ချင်း ကလေးကို အိမ်ပြန်ပို့ခိုင်းလိုက် သား သတ္တိ သွား ပုလဲနက်ကို သူ့အိမ်ပြန်ပို့လိုက်"
"ဟင့်အင်း နက် ကိုယ့်ဟာကိုယ်ပြန်ပါ့မယ် ဦးလေးကိုကျေးဇူးတင်ပါတယ်နော်"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now