၁၇

14.1K 1.8K 31
                                    


Warning : Sexual content alert!

Unicode

ချိုမြန်ယစ်မူးဖွယ် အခြေအနေတစ်ရပ်

ချန်းကျင်းသည် ရေချိုးရင်း တစ်ကိုယ်လုံးအနှံ့ကို သေချာသန့်ရှင်းကာ အတွင်းလမ်းကြောင်းတစ်လျှောက်ကိုလည်း ချောဆီအနည်းငယ် သုတ်လိမ်းလိုက်လေ၏။ ထို့နောက် ဆံပင်အခြောက်ခံပြီး ညအိပ်အကျႌကို ဝတ်လျက် အပြင်သို့ထွက်လာခဲ့သည်။ ဆောင်းဦးရာသီဖြစ်သောကြောင့် သူ၏ညအိပ်အကျႌက အရှည်ဖြစ်ကာ နူးညံ့နွေးထွေး၏။ ထို့အပြင် ၎င်းအပေါ်၌ ချစ်စရာကောင်းသော မျက်လုံးပြူးပြူးနှင့် ယုန်ရုပ်လေးတစ်ရုပ်ကလည်း တည်ရှိနေသေးလေသည်။

သူ့ထက်အရင် ရေချိုးပြီးပြီဖြစ်သော လုထောင်ကမူ အိပ်ရာပေါ်တွင် ထိုင်လျက် light screen မှ တစ်ခုခုကို ကြည့်ရှုနေပေ၏။ သို့ရာတွင် အသံက တိုးညှင်းလွန်းသည့်အတွက် ချန်းကျင်းသည် တစ်ဖက်လူက မည်သည့်အကြောင်းအရာများကို ကြည့်ရှုနေမှန်း မခန့်မှန်းနိုင်ပါပေ။ သူသည် အိပ်ရာပေါ်သို့ အသာအယာတက်လာ၍ လုထောင်အား မေးခွန်းမေးမည်အပြုတွင် မသိလိုက်ဘာသာ မိမိ၏အကြည့်တို့က ၎င်း light screen ပေါ်သို့ စကားလုံးများထက် ဦးစွာ နေရာယူသွားမိလေ၏။ မိမိမြင်လိုက်သော မြင်ကွင်းကြောင့် ချန်းကျင်းသည် တမဟုတ်ချင်းပင် အံ့ဩသွားရ၍ တံတွေးများသီးမတတ် ချောင်းဆိုးမိတော့သည်။

ကိုယ်လုံးတီးဖြစ်နေသော သရုပ်ဆောင်များက ရှေ့တိုးနောက်ငင် လှုပ်ရှားမှုပေါင်းစုံကို ပြုလုပ်နေသောကြောင့်ပင်။ ယခုခေတ်အခါတွင် ရုပ်သံတည်းဖြတ်ရေးလုပ်ငန်းများကလည်း အဆင့်မြင့်နေပြီဖြစ်သောကြောင့် လှုပ်ရှားမှု သေးသေးလေးမှအစ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရပေ၏။ ၎င်းမှာ light screen မှတစ်ဆင့်မဟုတ်ဘဲ မိမိအရှေ့တွင် တိုက်ရိုက်ကြည့် နေရသလိုမျိုး ခံစားရလေသည်။

ချန်းကျင်းကမူ အရင်က တစ်ခါမျှ ထိုကဲ့သို့သော ဇာတ်လမ်းတွဲမျိုးကို မကြည့်ခဲ့ဖူးပါပေ။ သူ၏အဖေနှင့်အစ်ကိုဖြစ်သူက သူ့ကို ဖူးဖူးမှုတ်အလိုလိုက်ထားခြင်း ဖြစ်သည့်တိုင် ၎င်းကိစ္စများနှင့် ပတ်သက်လျှင်တော့ အနည်းငယ် တင်းကြပ်လေ၏။ ထို့အပြင် သူ့အသက် ၁၈ နှစ်မတိုင်ခင်ကတည်းက သူ၏ light screen အတွင်း၌ သီးသန့်ဆော့ဖ်ဝဲတစ်ခု ထည့်ထားပေးခဲ့ဖူးသည်။ ၎င်းဆော့ဖ်ဝဲ၏အလုပ်မှာ အမည်မသိ အသုံးပြုသူများထံမှ ညစ်ညမ်းသော မက်ဆေ့ချ်များ ဝင်ရောက်လာခြင်းကို ကာကွယ်ပေးရန်အတွက်ပင်။ ထို့ကြောင့် သခင်လေးချန်း၏ နေ့ရက်များသည် စားသောက် ပျော်ပါးရင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရပြီး သူသည် တစ်ခါမျှ လိင်အသားပေးဇာတ်လမ်းမျိုးကို မကြည့်ခဲ့ရပါပေ။

Application For Divorce  [ 离婚申请 ] Where stories live. Discover now