အပိုင်း (၇၈) U/Z

3.7K 516 31
                                    

Unicode

နောက်ဆုံးသော အလှည့် ဆိုးဟီဂျူ အလှည့်ပင်။ သူမရဲ့ စိတ်ကို ကြောက်စိတ်တို့ လွှမ်းမိုးနေတယ် အရာအားလုံးဟာ မဖြစ်ပျက်သေးပင်မယ့် ထိုအရာတွေဟာ မကြာခင်မှာ ဖြစ်ပျက်တော့မယ်လို့ သူမခံစားနေရတယ်။ ထိုအရာတွေအတွက် သူမကြိုတင်ပြင်ဆင်ရပေအုံးမယ်။ သူမရဲ့ဆုန်ဂါမှရတဲ့ ဝင်ငွေဟာ တစ်ခြားတိုင်းပြည်တွင် အဆင့်မြင့် အိမ်တော်တစ်လုံးဝယ်နိုင်သည့် ငွေကြေးပမာဏသာဖြစ်သည်။ သူမအတွက် နေ့စဉ်လည်ပတ်ဖို့ရာ အင်္ကျီဆိုင် တစ်ဆိုင် ဖွင့်ချင်သေးတယ်။ ထို့အတွက် သူမ ထပ်မံရှာဖွေရပေအုံးမယ်။

"သက္ကရာဇ် ၁၆၈၄ မတ် ၁၁ ရက် မျိုးရိုးအမည်ဆိုး ဆိုးဟီဂျူ မြှားပစ်၊ ချည်ထိုး၊ ပန်းချီ ပြိုင်ပွဲတွေမှာ ပထမရရှိခဲ့သည်။ မယ်မင်းရဲ့ ထူးချွန်မှုကို မြင့်မြတ်တဲ့တော်ဝင်ဘုရင်မင်းမြတ်က အသိအမှတ်ပြုခဲ့သည်..မယ်မင်းရဲ့အရည်အချင်းအတွက် အရှင်မင်းမြတ်ဟာ "တော်ဝင်နန်းတံဆိပ်တော်အင်" အကောင်းဆုံးပိုးထည်သေတ္တာ ၃ခု ကိုရရှိမည်။ ထို့ကြောင့် တိုင်းပြည်ရဲ့မိခင် မယ်မယ် မိဖုရားခေါင်ကြီး ထံမှ ဆုတော်လက်ခံရန် အမိန့်နာခံပါ.." အမူထမ်းဟာ အမိန့်စာ ကြော်ညာချိန်တွင် ဘုရင်မင်းမြတ်၏ မျက်နှာထက်တွင် နူးညံ့နေပြီး သူမရဲ့အရည်အချင်းတွေကို သဘောကျလို့နေတယ်။

တော်ဝင်နန်းတံဆိပ်တော်အင် ဆိုသည် တော်ဝင်စာကြည့်တိုက်၊ အနုပညာဌာန၊ စစ်ရေးလေ့ကျင့်ဌာန၊ ပန်းချီဌာနစသည့် ဌာနပေါင်းစုံသို့ ဝင်ခွင့်ရှိသည့် တံဆိပ်တော်ပင်။

"ကြီးမြတ်လှသောအရှင်မင်းကြီးနှင့် မိဖုရားခေါင်ကြီးရဲ့ အသိအမှတ်ပြုမှုကို ဆိုးမျိုးနွယ်မှ ကျွန်တော်မျိုးမ မခံယူဝံ့ပါဘူး .." ဆိုးဟီဂျူ စက္ကန့်ပိုင်းလောက် ငြိမ်သက်သွားသည်။ သူမဘာဆက်ပြောရမလဲ မသိတော့ဘူး။ သူမရဲ့အသံတွေဟာလဲ တုန်ခါနေပြီး အက်ကွဲစပြုနေပြီ။ သူမရဲ့လက်ချောင်းထိပ်တွေဟာလဲ အေးခဲနေပြီ။ သူမရဲ့ မျက်ဝန်းအိမ်ဟာလဲ လှုပ်ခက်နေသည်။ ဒါဟာ သူမ ကြောက်ရွှံ့နေတာပင်။ သူမရဲ့လက်တွေဟာ သူမရဲ့ ဂါဝန်စလေးတွေကို လုံးချေနေပြီး ဉီးခေါင်းကိုငုံထားကာ ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးကို မော်ပင်မကြည့်ရဲပေ။ သူမ၏ စိတ်တွင်း၌ ဘုရင်နှင့်မိဖုရားဟူသည့် အသိကြောင့် ကြောက်ရွှံနေခြင်းမဟုတ်။ မူလဇာတ်ကြောင်းမှာ မိဖုရားခေါင်ကြီးရဲ့ မျက်နှာသာမပေးမှု အမြင်မကြည်မှု စောယွန်းဆူနှင့် ပေါင်းပြီး သူမကိုနိုပ်ကွက်ခဲ့ဖူးသည်ကို ဖတ်ခဲ့ရသည်။ ထို့အတူ သူမဟာလဲ ထိုအမျိုးသမီးနှစ်ယောက် နည်းတူပြန်လည် တိုက်ခိုက်ခဲ့သည်။ ယခုမှာရော ထိုသို့ နှိပ်ကွက်နေအုံးမှာလား?

ငါကယုတ်မာတဲ့ဗီလိန်မိဖုရားရဲ့ကိုယ်ထဲရောက်သွားတယ် [Zawgyi &Unicode ]Where stories live. Discover now