Chapter 4 (U+Z)

8.1K 1.5K 42
                                    

-Unicode-

အခန်း ၄: အဲဒါ မြင်မြင်ချင်းအချစ် မဟုတ်ဘူးလား

ဝမ်ရှောင်းယွင်ဟာ ဆက်သွယ်ရေးကွန်ရက်ရှိရာကို ပြန်သွားခဲ့တယ်။ အမှိုက်ပုံကနေ သူကောက်လာခဲ့တဲ့ အစိတ်အပိုင်းတွေကို သုံးပြီးတော့ သူက တပ်ဆင်လိုက် ပြင်လိုက်နဲ့ တစ်ညလုံး ကြာသွားပြီးနောက်မှာ မူလ ဆက်သွယ်ရေးကွန်ရက်ရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေအားလုံးကို နောက်ဆုံးတော့ အစားထိုးလို့ရသွားတယ်။

အဲဒီအချိန်မှာ ကောင်းကင်က တောက်ပနေတယ်။ ဒါပေမဲ့ အမှိုက်ဂြိုလ်ကတော့ မီးခိုးရောင် မြူခိုးတွေနဲ့ အုံ့ဆိုင်းနေဆဲပဲ။

"ZzhhZZzZhzzhhz"

ဆက်သွယ်ရေးကွန်ရက်က ပြန်ပွင့်လာတယ်။ အဲဒါက လေဝင်ပေါက်ဟောင်းတစ်ခုလိုပဲ အချိန်မရွေး ဆက်သွယ်မှု ပြတ်တောက်သွားတော့မယ့် ပုံပေါက်နေတယ်။

ဝမ်ရှောင်းယွင်ရဲ့ နှာခေါင်းကနေ သွေးတစ်စက် ကျလာတယ်။ သူ့အရေပြားက ဓာတ်ရောင်ခြည်အောက်မှာ အချိန်အကြာကြီး ထိတွေ့ခံခဲ့ရပြီးတော့ အခု စတင်၍ အသားတွေလန်လာတယ်။ ကြာလာလျှင် စပြီး ပြည်တည်တော့မယ်။

ဝမ်ရှောင်းယွင်က သူ့နှာခေါင်းက သွေးစက်ကို အမူအရာကင်းမဲ့စွာနဲ့ သုတ်ပစ်လိုက်ပြီးတော့ ဆက်သွယ်ရေးကွန်ရက်ကို ဆက်လက် ချိန်ညှိနေပြီးနောက် သူ့စစ်သင်္ဘောရဲ့ ကြိမ်နှုန်းထုတ်လွှင့်ချက်ဆီကို ဝင်လိုက်တယ်။

သူ့ AI က စစ်ပွဲအတွင်းမှာ လုံးဝ ပျက်စီးသွားခဲ့တယ်။ အဲဒါကြောင့် သူကဆက်သွယ်ရေးကိရိယာကို သုံးပြီးတော့ပဲ ကြိမ်နှုန်းထဲကို ဝင်လို့ရတယ်။ (T/N AI - လူတွေထွင်ထားတဲ့ ကွန်ပျူတာလူသားဉာဏ်ရည်)

ထုတ်လွှင့်မှုဖမ်းယူရာမှာ ထွက်လာတဲ့ နှောင့်ယှက်သံတွေက အလွန် နားအူစရာကောင်းတယ်။ ဝမ်ရှောင်းယွင်က စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တယ်။ သူ့ရဲ့ချောမောတဲ့ မျက်နှာဟာ တည်ငြိမ်လေးနက်မှုကို ဆက်ထိန်းထားတယ်။

နောက်ဆုံး ဆယ်မိနစ်ခန့် ကြာပြီးနောက်မှာတော့ သူ စကားပြန်ရခဲ့တယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now