|17|

2.6K 504 7
                                    

[Unicode]

"ဒါနဲ့ ငါ မင်းအတွက်ပစ္စည်းအသစ်လေးတစ်ခုဝယ်လာတယ်"

ယန်ထန်က ဟယ်ရှင်းချွမ်ကိုကြမ်းပြင်ပေါ်ထိုင်ချခိုင်းလိုက်ပြီး၊ ပါလာတဲ့ကလစ်နဲ့ ဟယ်ရှင်းချွမ်ရှေ့ဆံပင်တွေကိုအပေါ်လှန်တင်လိုက်တယ်။

ဟယ်ရှင်းချွမ်မျက်လုံးတွေက အထိမခံနိုင်ဘူး၊ ယန်ထန့်လက်နဲ့ထိမိချိန်မှာ ထပြေးဖို့ရုန်းကန်တယ်။

"မလှုပ်စမ်းနဲ့၊ ထန်ကောရိုက်တာခံချင်လို့လား?"

ထိုင်ခုံနဲ့နဲ့ဟာဝေ့ယမ်းလို့သွားတယ်၊ ဟယ်ရှင်းချွမ်က ယန်ထန့်ခါးကိုအမြန်လှမ်းဖက်တယ်။
ယန်ထန်ပြုတ်ကျမှာကြောက်မိလို့လေ။
လူငယ်လေးဟာ မပိန်ပါဘူး၊ ခန္ဓာကိုယ်ပေါ်ရှိကြွက်သားတွေဟာ ပြီးပြည့်စုံလွန်းတယ်။
သို့သော်လည်း ခါးကတော့သေးသွယ်တယ်၊ အားထည့်ထားတဲ့လက်ဖဝါးကနေတဆင့် ခံစားသိရှိနိုင်တယ်။

ဒီလူရဲ့ကိုယ်နံ့သင်းသင်းလေးဟာ သူနဲ့နီးကပ်နေခဲ့တာ။

ဖွင့်ထားတဲ့မျက်လုံးပေါ်ကို ခပ်အေးအေးအရာတစ်ခုဝင်ရောက်လာတယ်။

ဟယ်ရှင်းချွမ်က မျက်လုံးပုတ်ခပ်ပုတ်ခပ်လုပ်လိုက်ကာ၊ မြင်ကွင်းကတော့ကြည်လင်သွားခဲ့ပြီ။

ယန်ထန့်မျက်နှာက သူနဲ့အနီးမှာ၊ ပုံမှန်သေချာမမြင်ရတဲ့အစိတ်အပိုင်းတွေကိုတောင်တွေ့မြင်နိုင်သေး။
အထူးသဖြင့် မျက်လုံးစူးစူးတွေ။

"ဘယ်လိုနေလဲ?"

"ကြည်တယ်"
ဟယ်ရှင်းချွမ်က မျက်တောင်လေးခတ်ပြရင်း
"အေးလည်းအေးတယ်"

"မလှုပ်နဲ့ဦး၊ ငါ နောက်တစ်ခုပါတပ်ပေးမယ်"

ဟယ်ရှင်းချွမ်က မချိပြုံးလေးသာပြုံးနေရင်း
"အဲ့ဘက်ကမြင်ရတာမှမဟုတ်တာ၊ တပ်လည်းဘာမှမထူးပါဘူး"

"ဟေး! ထန်ကောက မင်းကောင်းဖို့လုပ်ပေးနေတာ၊ ဘာတွေဂျီးများနေတာလဲ?"

ယန်ထန်ကပြောရင်းနဲ့ပဲ ကျန်တဲ့မျက်ကပ်မှန်တစ်ဖက်ကိုကောက်ယူနေတယ်။

ဝေဝါးနေတုန်းက မမြင်ခဲ့ရဘူး။
အခုတော့ ယန်ထန့်လှုပ်ရှားမှုတွေကိုသဲသဲကွဲကွဲမြင်နိုင်ပြီ။
လက်သီးဆုပ်ထားချိန်မှာ တစ်ဖက်လူသွားကျွတ်အောင်ထိုးတတ်တဲ့လက်တွေ၊ အခုတော့ မျက်ကပ်မှန်လေးကို တုန်တုန်ယင်ယင်နဲ့ကိုင်နေတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now