part(70)

10.7K 800 35
                                    

လက်ထက်ကြမယ်.....

ငယ်ထွေးအမေဆီမှာ တစ်ရက်ပဲနေပြီး မောင်တို့ရွာကိုသွားကြရတယ်။ တကယ်က ရန်ကုန်ကိုအလုပ်ကိစ္စနဲ့လာရင်း ဆက်ပြီးခရီးထွက်ခဲ့ရတာ...အချိန်ကသိပ်တော့မရဘူး။
ဒီတော့ လူကြီးတွေကိုအသိလဲပေးချင် ခွင့်လဲတောင်းချင်တာကြောင့်သာ လာခဲ့ကြရတာ။ ခပ်သုတ်သုတ်ခပ်မြန်မြန်ပဲ...သွားကြရတယ်။

"မောင်...ရွာကိုပြန်မရောက်တာ ကြာပြီပေါ့လေ..."

"ဟုတ်တယ်...ကြာပြီ...မောင် ဗန်းမောက်ကိုရောက်ပြီး လေးငါးလကြာတော့ သူဌေးနဲ့ရန်ကုန်လိုက်လာရင်း အမေ့ဆီဆက်သွားဖြစ်သေးတယ်...ပိုက်ဆံလဲပေးရင်း အမေ့ကိုလဲတွေ့ချင်လို့"

"ဟိုရောက်တော့ သူ့သမီးကအိမ်မှာလေ...မောင်လဲ အမေစိတ်ဆင်းရဲမှာစိုးလို့သာမပြောတော့တာ...မပတ်သက်ချင်ဘူး...နောက်ပိုင်းတော့ အမေ့ကိုဖုန်းပြောတယ်...အ​မေ့ကို လိုတာပို့ပေးတယ်..သုံးဖို့ပို့ပေးတယ်..ကလေးတွေအတွက်ပေးတယ်...မောင်ပြန်လဲမပြန်ဘူး...ပိုက်ဆံလဲအကုန်မပေးတော့ဘူး"

"စိတ်ကြီးလိုက်တာ"

"မကြီးပါဘူး...အစ်မတို့လင်မယားနဲ့နေရင် မောင် လူသတ်ပြီး ထောင်ထဲ ပြန်ရောက်မှာသေချာတယ်"

"ဟယ်... မောင်ကလဲ..."

"ဟုတ်တယ်လေ...သူ့ယောကျားထောင်ကျတော့ ဘယ်သူပိုက်ဆံကုန်လဲ အမေနဲ့မောင်ပဲလေ...ကလးတွေမျက်နှာရှိသေးလို့သာ...မောင် အိမ်ပေါ်ကမောင်းချချင်တာ တကယ်က"

" ငယ်ကလေ...မောင်နှစ်မ မရှိဘူး တစ်ယောက်ထဲနေခဲ့ရလို့လားမသိဘူး...မောင်နှစ်မရှိတဲ့သူတွေကို အားကျတယ်...ဝတ်ရည်နဲ့ငယ် တွဲမိတာလဲ ဒါကြောင့်ပဲလေ...နှစ်ယောက်လုံးဥတစ်လုံးလေးတွေ"

"ပြောပြန်ပြီ...ဥတစ်လုံးတဲ့"

"ပေါက်ကရမတွေးနဲ့...ငယ်ပြောတာရိုးရိုးပဲ"

.
.
.
မောင့်အမေက ဝမ်းသာအားရကြိုရှာတယ်။
မောင့်ကိုလဲ အရမ်းသတိရပြီးတွေ့ချင်နေရှာတာပါ။
သူ့သားမျက်နှာ တစိမ့်စိမ့်ကြည့်ပြီး အနားကမခွာနိုင်ဘူး။ ထမင်းစားတော့လဲ ခွံမကျွေးရုံတမယ်ပါပဲ။
လင်းသန့်ကြည်ကိုလဲ ထားစရာနေရာမရှိဘူး။
ဆရာဝန်လေး ဖြူဖြူနုနုလေးဆိုတော့လေ။
ပြီးတော့ မောင်ကိုယ်တိုင်က အရိပ်တကြည့်ကြည့်နဲ့ဆိုတော့...မောင့်အမေခမျာ လင်းသန့်ကြည်ကို ထားစရာနေရာမရှိရှာဘူး။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now