Part13(uni+zawgyi)

2.7K 113 13
                                    

Uni
ဦီးဂုဏ်ပြန်ရောက်ရောက်ချင်း မမမြပြောတဲ့စကားတွေက သူ့ရင်ကို ဓားနဲ့မွှန်းနေသလိုပဲ

အိမ်ကို မရောက်ခင် ဆေးရုံမှာ chat in ဝင်တည်းက သက်ဦးက ဖုန်းဆက်လို့ နက်လေးသူတို့အိမ်မှာ ရိုက်ခံလိုက်ရတဲ့ အကြောင်းကြားထားပြီးသားပေမို့ အိမ်ပြန်လမ်းမှာ အစီအစဉ်တသ်ခုဆွဲထားပြီးသား

သမီးလေးကို နိုင်ငံခြားမှာကျောင်းသွားတတ်ခိုင်လိုက်ရင် တော့ အဆင်ပြေမယ်ပေါ့

အိမ်ရောက်တော့

"မောင်လေးရယ် နက်လေးကိုလေ သက်ထားတို့ သားအမိနှစ်ယောက် အိမ်လာပြီး ခြိမ်းခြောက်သွားတယ်
သတ္တိကို မယူရင် မောင်လေးကို အသည်းမလှူဘူးဆိုပြီးတော့ ကလေးခဗျာ ကြောက်ပြီး အဲ့နေ့က သတိတောင်လစ်တယ် "

"ဟင် ဒါဆို သက်ဦး ကျွန်တော့်ကို အသည်းလှူမှာ နက်သိပြီးပြီပေါ့"

"အင်းဟုတ်တယ် နောက်နေ့တွေလည်း နက်လေးဆီကို သားအမိနှစ်ယောက်လာလာပြီး သော်တာ့ အတွင်းပစ္စည်းတွေကို လာလာတောင်းနေတာ "

"ဟင်သော်တာရဲ့ အတွင်းပစ္စည်းတွေ ဟုတ်လား ဟာ သော်တာ့လက်ဝတ်ရတနာတွေက သူဆုံးပြီးတည်းက ရောင်းပြီး သူ့အတွက်ကုသိုလ်လုပ်ပေးလိုက်ပြီလေ"

"အေး အဲ့ဒါတော့ မမြလဲမသိဘူးလေ
သက်ထားကတော့ နက်ကမပေးလို့ဆိုပြီး နေ့ရှိသရွေ့ နက်လေးကို မာန်မဲနေတာပဲ"

"နေပါဦး မမြရဲ့ သတ္တိနဲ့ နက်နဲ့က ဘာလဲ"

"အဲ့တာပဲ မမမြလဲပြောမလို့ သတ္တိက နက်လေးကို သဘောကျနေတယ်ထင်တယ် နက်ကတော့မကြိုက်ဘူး ဒီပုံအတိုင်းဆို သက်ထားကတော့ သတ္တိနဲ့ နက်ကို အတင်းအကျပ်ပေးစားနိုင်တယ်"

"ဒါဆို ကျွန်တော်တို့ ဘာလိုလုပ်ကြမလဲ မမမြ နက်ကို နိုင်ငံခြားမှာ ကျောင်းတက်ခိုင်းလိုက်ရမလား"

"မဖြစ်သေးဘူးလေ သူတို့ သားအမိ နက်ဆီလိုက်သွားမှ နက်အတွက် မမမြတို့ မကာကွယ်နိုင်ပိုဖြစ်မယ် "

"မမမြမှာ အကြံရှိလို့လား"

"နက်ကိုယောက်ျားပေးစားလိုက်ရင် သူတို့သားအမိရန်က လွတ်သွားမှာပေါ့"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now