Ep-31

19.2K 1.1K 113
                                    

မနက်ဖြန် ရွာမှာ အလှူရှိတာမို့... ရွာသားများအားလုံး တစ်နိုင်တစ်ပိုင် တက်ညီလက်ညီဝိုင်းဝန်းကူညီကြသည်.... လူငယ်ယောက်ကျားလေးများမှ လုပ်အားဖြင့် ကူညီကျသလို မိန်းကလေးငယ်များမှလဲ ချက်ပြုတ်ဖို့ အတွက် အားတက်သရော ပါဝင်နေကြသည်။

Yan ကတော့ ပျော်နေပေမဲ့.... ဒါမျိုး အတွေ့အကြုံ မရှိတဲ့ လူကြီးကတော့ Yan အနောက်မှာ ကြောင်တောင်တောင်လေးဖြင့်.....

ဘာလုပ်ပေးကမှန်းလဲမသိ.... ဟိုကြည့် ဒီကြည့်နဲ့ လူတွေ များတာကြောင့် Yan လေးပျောက်သွားမှာလဲ စိုးရိမ်သေး..... ဒါကြောင့် Yan အင်္ကျီစကို ကလေး တစ်ယောက်လို ဆွဲထားလျက်...။

" အတူးတို့တောင် ကူဖို့ လာပြီ....ဟယ် !!!....မြို့က ကိုလူချောလဲ ပါတယ်ဟေ့ !!တို့ရွာအလှူတော့ ပွဲစည်းတော့မယ် "

အပျိုဖြန်း တစ်သိုက်... တဟားဟား ရယ်မောရင်း Yan နောက်က.....ဦးမှိုင်း ကြီးကို စနောက်နေပေမဲ့ Yan ကတော့ သဘောမကျပါ... စိတ်ထဲ ကြိတ်ပြီး သဝန်တိုနေသလို...။

" Yan ကိုယ်ဘယ်နားသွားနေကလဲ "

" လာလာ ကိုလူချော ကျုပ်တို့နဲ့ အရွက်တွေ ခြွေပေးပါအုံး "

တကယ့် မနိုင်စိန်တွေပါ.... သူတို့ ပွင့်လင်း ချက်ကတော့ ဦးမှိုင်းလက်ဖျားခါမိသည်...။

" မသွားဘူးနော် ကိုယ့်ကို သူတို့နဲ့ မထားခဲ့နဲ့ "

ဒါမျိုးတော့ ကြောက်တက်သား.... ကြောက်ကန်ကန်ကာ ငြင်းနေတဲ့ ဦးမှိုင်းကြီးကိုတွေတော့.... Yan အတော်လေး ရယ်ချင်မိသည်။

ဟိုတစ်ခါ ဦးမှိုင်းနှင့် Yan တို့ ရွာနားက ချောင်းမှာ ရေချိုးတုန်းကလဲ သူတို့တွေ လာချောင်းကြည့်သေး....

ပြောပါသေးတယ် ဘာတဲ့ မြို့က သူတွေ ရေချိူးတာ မမြင်ဖူးလို့ ဆိုဘဲ... ဦးမှိုင်း ခမျာ ရှက်လွန်းလို့ တစ်ပတ်လောက် အိမ်ထဲ အောင်းနေသေးတယ်..။

" လာ ဟိုမှာ တိုးအောင်တို့ဆီသွားမယ် "

" omm....omm သူတို့နဲ့ ဝေးရင် ပြီးရော "

အခု ဦးမှိုင်း ပုံဟာ ကလေး တစ်ယောက်နဲ့တောင် တူသေး.... ဝတ်ထားတဲ့ အင်္ကျီက ညစ်နွမ်းနွမ်း ဟောင်းနွမ်းနွမ်းဖြင့်... ပုဆိူးကလဲ မသားနား...

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now