Part(30)

3.8K 111 1
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (30)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ဘေဘီ..."

ရာရာအိမ်ပြန်ရောက်တော့ ရေချိုးခန်းထောင့်မှာ ထိုင်နေတာ ဘယ်လောက်ထိကြာသွားသည်မသိ။ ဦးသူ့ပြန်လာမှ ရာရာ့ကိုတွေ့သွားသည်။ ရာရာလည်း ဦးသူ့ခေါ်သံကြားမှ သတိဝင်လာသည်။

"ဦးသူ့..."

"ဒီမှာဘာထိုင်လုပ်နေတာလဲ အောက်ကကြွေပြားကအေးတာနဲ့ အအေးပတ်ရင် ဘယ်လိုလုပ်မလဲ"

သူ့ကပြောလဲပြော ရာရာ့ကိုယ်လေးကိုပွေ့ချီက အပြင်ဘက်ကိုခေါ်လာပြီး ကုတင်ပေါ်မှာ အသာအယာချပေးသည်။

"ဘာလို့ မျက်နှာက ငိုမဲ့မဲ့ဖြစ်နေရတာလဲ ကလေးတွေ စကားနား‌မထောင်လို့လား "

ရာရာမျက်နှာမကောင်းတာကို တန်းပြီးသိတဲ့ဦးသူ့ကြောင့် ရာရာမျက်ရည်ကြည်တွေချက်ချင်းပင်ဝေ့တက်လာပြီး ဦးသူ့ရင်ခွင်ထဲတိုးဝင်လိုက်သည်။

"ဟင့်အင်း မဟုတ်ပါဘူး မှိုင်းနဲ့နေ့က လိမ္မာပါတယ် ရာရာစိတ်မကောင်းလို့ပါ "

"ဘာဖြစ်တာလဲ ဝိုင်တစ်ခုခုဖြစ်လို့လား "

"ဟင့်အင်း..."

သူ့ခါးကိုတင်းတင်းဖက်ထားပြီး ရင်ခွင်ထဲမှာ ငြိမ်သက်နေသည့် ရာရာ့နဖူးကို တစ်ချက်နမ်းလိုက်ရင်း ကျောပြင်လေးကို ဖွဖွပွတ်သပ်ပေးနေမိသည်။

"ကိုယ့်ကို ပြောပြလို့ရတယ် ဘေဘီဘယ်သူ့ကိုစိတ်ပူနေတာလဲ မဟုတ်မှ သူငယ်ချင်းကို သတိရနေတာလား "

"ဘာလို့ ရာရာ့ကိုမမေးတာလဲ "

"အင်းးး မင်းက အမြဲတမ်းအဲ့လိုပဲလေ တစ်စုံတစ်ယောက်အတွက် စိတ်ပူရင် ဒါမှမဟုတ် သတိရရင် ငေးငေးငိုင်ငိုင်နဲ့ တစ်ယောက်တည်း ထိုင်နေတတ်တာလေ ကိုယ်ကမင်းယောက်ျားပါကွာ အရာအားလုံးကို မသိပေမဲ့ ကိုယ်မိန်းမစိတ်မကောင်းဖြစ်နေတာကိုတော့သိတယ် "

ရာရာ့ကိုတစ်ကယ်ချစ်ပေးတဲ့ဦးသူ့ကို ပိုမိုချစ်သွားရရင်း တင်းနေအောင်ဖက်လိုက်မိပြန်သည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now