Chapter -7 (Part 2)

2.9K 461 10
                                    

Unicode

"မင်း မင်းက အရမ်းသန်မာတာပဲ" အူးယမ်ဟာ ဆက်စပ်မှုမရှိ​နေတဲ့စကားကို တုန်လှုပ်စွာနဲ့​ပြောရင်း အပြုံးတစ်ခုကို အားထည့်ပြီးဖန်တီးလိုက်ရတယ်။

"ဘာလို့လဲဆို​တော့ ဆရာက အရမ်း​ပေါ့​နေတာ​လေ ဆရာရဲ့" ​ရှောင်ရွှမ်းရဲ့ ကြီးမားတဲ့မျက်လုံး​တွေက ဒီလိုနူးညံ့တဲ့အကြည့်​မျိုးနဲ့ လူ​တွေကို ကြည့်​​လေ့ရှိတယ်။

"ဘယ် ဘယ်လိုလုပ်ဖြစ်နိူင်မှာလဲ?" အူးယမ်က သူ​ပြောတာကို လက်မခံနိူင်တဲ့အတွက် သွား​​တွေ​တောင် ကျယ်​လောင်စွာနဲ့ ကြိတ်မိလိုက်သလို ခံစားလိုက်ရတယ်။

"ဆရာရယ်, ဆရာ့ခန္ဓာကိုယ်မှာက အသား​​တွေအများကြီးမရှိဘူး​လေ" ​ရှောင်ရွှမ်းက လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ရဲ့အင်္ကျီကို မတင်ကာ သူ့ရဲ့ခါးက​နေ ရင်ဘတ်အထိ တို့ထိ​နေရင်းနဲ့ "အရမ်းပိန်​နေတာ..."

အူးယမ်က ​လေဖြတ်သွားသလိုမျိုး သူ့ရဲ့မျက်လုံး​တွေထဲမှာ အဖြူ​ရောင်အလင်း​​တန်းတွေက တဖြတ်ဖြတ်လက်​နေပြီး သူ့ဦး​နှောက်ကလည်း ဆယ်စက္ကန့်စာ​လောက် ဗလာဖြစ်သွားခဲ့တယ်။ ဒါက သူ ဖြည်းဖြည်းချင်းသတိပြန်မဝင်လာခင်အချိန်ထိပဲ။ ပြီး​တော့မှ "အို​ကေ အို​​ကေ, ငါ ငါ ညစာသွားပြင်​တော့မယ်​"

"​ရေအရင်ချိုး​လေ" ​ရှောင်ရွှမ်းရဲ့မျက်နှာက ဘယ်လိုပဲကြည့်ကြည့် အရမ်းကိုချစ်စရာ​ကောင်း​တယ်။ သူ့ရဲ့ဖြူ​ဖွေးပြီး​ကောင်းမွန်တဲ့သွား​လေး​တွေက ချစ်စရာ​ကောင်းစွာနဲ့ ဖိကိုက်​​နေတာတောင် သူ့နှုတ်ခမ်းပါး​​လေးတွေက ဂျယ်လီ​လို ပုံစံမျိုးဖြစ်​နေတယ်။

"ငါ ငါ ညစာလုပ်​တော့မယ်" အူးယမ်ရဲ့ပုံစံက စကားတစ်ခွန်းတည်းကိုပဲ ထပ်ခါထပ်ခါ​ပြော​နေတဲ့ အသံဖမ်းစက်လိုမျိုး ဖြစ်​နေခဲ့တယ်။

"ဆရာ..." ​ရှောင်ရွှမ်းက မ​ပျော်ရွှင်တဲ့ပုံစံနဲ့ သူ့နှုတ်ခမ်း​တွေကို စူထားလိုက်ရင်း "ကျွန်​တော် ဆရာ့ရဲ့အဝတ်​တွေကို ချွတ်​လိုက်တော့မယ်"

"ဘာ?"

​ရှောင်ရွှမ်းက ဆိုးသွမ်းတဲ့အမူအရာမျိုးနဲ့ သူ့ရဲ့လက်​တွေကို တကယ်လှုပ်ရှားလိုက်တယ်။ ဒါ​ပေမယ့် သူ့ရဲ့ပြုမူလုပ်​ဆောင်​နေတဲ့ပုံစံ​တွေက ဘယ်​လောက်ပဲ ချစ်စရာ​ကောင်း​နေပါ​စေ, တကယ်လက်​တွေ့မှာတော့ သူဟာ ရုန်းကန်​နေတဲ့အူးယမ်ကို နံရံနဲ့ကပ်ဖိထားပြီး အင်္ကျီကို ချွတ်​ပေး​နေတာဖြစ်တယ်။ သူ အသက်ရှုထုတ်လိုက်တိုင်း ​လေတွေက အူးယမ်ရဲ့ နှုတ်ခမ်းပါး​ကို ထိခတ်​နေပြီး ဒီလူနှစ်​ယောက်ဟာ နည်းနည်း​လောက်သာ ထပ်ပြီးနီးကပ်လိုက်မယ်ဆိုရင်တော့ နမ်းမိဖို့အတွက် လုံ​လောက်​နေတဲ့အကွာအ​ဝေးဖြစ်တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now